Episode - 19(Unicode)

Start from the beginning
                                    

ဆုံးဖြတ်ချက်ချပြီးသောအခါ နှင်းမိဘများအလုပ်သွားနေပြီးအိမ်၌ဘကြီးမှုန်နှင့်အခြားသူများသာကျန်နေချိန်မနက်ခင်းပိုင်းတွင် အခန်းပြတင်းပေါက်မှဆင်းရန်ဆုံးဖြတ်လိုက်လေသည်။ဂျင်းဘောင်းဘီ၊တီရှပ်အပြာရောင်လေး၀တ်ကာ လျှာထိုးဦးထုပ်အရှည်ကိုဆောင်းလိုက်သည်။နှင်းကပြတင်းပေါက်မှအောက်ထိရောက်အောင်ခန်းဆီးလိုက်ကာကိုချွတ်လိုက်ပြီး ထုံးသည်။ဖြေးဖြေးချင်းအောက်ကိုချသည်။မြေသို့ထိပြီဆိုမှ နှင်းအခန်းထဲမှကုတင်တိုင်တွင်ကြိုးကိုစထုံးပြီးပြတင်းပေါက်မှ အောက်သို့တွယ်ဆင်းလာခဲ့သည်။

ကံကောင်းထောက်မစွာအိမ်ရှေ့တွင်လူတစ်ယောက်မှမရှိသော်လည်း ခြံတံခါးကပိတ်ထား၍ အုတ်တံတိုင်းကိုတွယ်တက်ကာခုန်ချရလေသည်။အပြင်သို့ရောက်သွားသောအခါ လမ်းမကြီးပေါ်ရောက်ရန်နှင်းအသားကုန်ပြေးရာ ကားတစ်စီးနှင့်၀င်တိုက်မိမလိုဖြစ်လေသည်။

"အ‌မယ်လေး"

နှင်းရုတ်တရတ်လန့်သွား၍အော်မိလိုက်သည်။ထိုအခါကားပေါ်ကဆင်းလာသူမှာပိုပိုနှင့်၀တီ။နှင်းသူငယ်ချင်းနှစ်ယောက်ကိုမြင်ရသောအခါ၀မ်းသာအားရနှင့်ဆွဲဖက်လိုက်ရာ -

"နှင်းရယ် ပြာယီးပြာယာနဲ့ဟယ်"
(၀တီ)

"ငါဘရိတ်အုပ်လိုက်လို့ပေါ့"
(ပိုပို)

"‌နင်တို့နဲ့တွေ့တာ သိကြားမတာပဲ ငါ့ကိုညိုမီအိမ်လိုက်ပို့ပေးပါ"

"ပြီးမှ ငါအကုန်ရှင်းပြမယ်"

"တက် ငါလိုက်ပို့မယ်"
(ပိုပို)

နှင်းလည်းပိုပိုတို့ကားပေါ်တက်ကာညိုမီအိမ်သို့တန်းသွားရာ ညိုမီကနှင်းကိုမြင်လျှင် ရေးကြီးသုတ်ပြာနှင့် -

"ဟဲ့ ဟဲ့ ကားပေါ်ပြန်တက်"

"ဘာဖြစ်လို့လဲညိုမီရ "

(ပိုပို)

"ငါပြောတာနားထောင်စမ်းပါ"

၀တီ၊ပိုပို၊နှင်းတို့ဘုမသိဘမသိကားပေါ်ပြန်တက်ကာညိုမီအိမ်တွင် ဖင်ပင်ချမထိုင်ရပဲမောင်းထွက်ခဲ့ရလေသည်။ညိုမီကလမ်းရောက်သောအခါ -

မေတ္တာရေချမ်း ဘယ်မှာခန်း(Completed)Where stories live. Discover now