Episode - 17(Unicode)

Start from the beginning
                                    

"လူလည်"

နှင်းစကားမဆုံးခင် သူမပြေးထွက်သွားရာ ဆယ်ကျော်သက်မိန်းကလေးများကဲ့သို့ ရှက်သွေးဖြာ၍နီသွားသောပါးလေးများကသက်သေခံနေလေသည်။အချစ်သည်မည်သည့်အသက်အရွယ်မဆို နှလုံးသားကိုနူးညံ့စေသည့်သဘောရှိသည်။ခံစားချက်တို့ကို ပြန်လည်နုပျိုသစ်လွင်စေနိုင်သည်။အခက်အခဲအတားအဆီးများစွာကိုဖြတ်ကျော်စေနိုင်သည်။စိတ်ကူးယဉ်ဆန်စွာပြောရလျှင် အချစ်သည် အရာရာ..........ဤသို့ဖြင့်တီချယ်ငုံနှင့်ညိုမီတို့အချစ်ခရီးလေးလျှောက်လှမ်းစေရန် တောင်းဆုပြုပေးရင်း အချိန်တို့ကုန်လွန်စေခဲ့သည်။

ကျုရှင်သွားတိုင်း ဦးမျိုးနောင်၏ ညိုမီနှင့်နှင်းအပေါ်အပြစ်မရှိအပြစ်ရှာတတ်သည့်ဖိအားများကလည်းများလာခဲ့သည်။နှစ်ယောက်လုံးမှာဘောင်ထဲကဖိအားများအတွက်ဘောင်ထဲကပင်ပြန်တွန်းလှန်နိုင်နေတုန်းပင်ဖြစ်သည်။ထိုစဉ်တီချယ်နှင့် နှင်းတို့အချစ်ခရီးဟာလည်းအတော်လေးခရီးရောက်လာခဲ့ပြီ။နှုတ်ကဖွင့်မပြောသော်လည်း စိတ်ချင်းနားလည်နေကြသည့်အခြေအနေတစ်ခုသို့ရောက်နေလေပြီ။

ဆောင်းတွင်းကအေးလာ၍ အနွေးထည်ထူထူထဲထဲဖြင့် စာလုပ်ရသည်။နှင်းသည်ဆောင်းရာသီကြိုက်သော်လည်း အအေးဒဏ်ကိုတော့မခံနိုင်ပေ။အနည်းငယ်အအေးပတ်သွားလျှင်ကို အအေးမိနှာချေတော့သည်။ဒီနေ့လည်းအအေးမိနေ၍ လက်ကတစ်ရှုးမချရပဲရှိနေသည်။နှာရည်ညှစ်ရလွန်း၍ နှာခေါင်းလေးမှာလည်းနီတွတ်နေလေသည်။Guideချိန်တွင်နှင်းအခြေအနေက တခွီးခွီးနှင့်နှာချေနေလေတော့သည်။

အတန်းဆင်း၍ အဆောင်ပြန်ကြသောအခါလမ်းတွင်သူမနှင့်ဆုံ၍ အတူတူယင်းမာဆောင်ကိုပြန်ခဲ့သည်။လမ်းတွင် သူမကနှင်းနဖူးကိုစမ်းကြည့်ကာ -

"သမီး ကိုယ်လည်းပူနေပါလား"

"ဘာဆေးသောက်ထားလဲ"

"သူကဆေးသောက်ပျင်းတယ် ဆရာမ သမီးကတီချယ်ငုံကိုပြောပြပြီးဆေးတောင်းပေးမယ် သောက်လိုက်ပြောတာကို ခေါင်းမာနေတာ"


"ငါကအလုပ်ရှုပ်မှာစိုးလို့ပါ သာမန်နှာချေတာလေအရမ်းဖြစ်နေတာမှ မဟုတ်တာ"

မေတ္တာရေချမ်း ဘယ်မှာခန်း(Completed)Where stories live. Discover now