အပိုင်း ၁၄၉ (မိသားစုဖြစ်လာခြင်း)

Start from the beginning
                                    

ယွီရှောင်ချောင်းက သူ့ကြောင့် ရွှင်မြူးသွားရတယ်။ သူမက ရယ်မောလိုက်ပြီး
လက်ဖက်အချိုခြောက်က ကျွန်မသောက်ဖို့မဟုတ်ပါဘူး၊ ဆေးဘဲဥလုပ်ရင် သုံးဖို့ လက်ဖက် အချိုခြောက်နဲ့ဆိုရင် ဆေးဘဲဥက ပိုပြီးအရသာရှိသွားမှာ!

အဲ့ဒါနဲ့ ဆေးဘဲဥလုပ်မလို့ ဟုတ်ပြီ, ဟုတ်ပြီ! ဦးလေး မင်းအတွက် သေချာပေါက်ရအောင် လုပ်ပေးမယ်!! အားလီ, ကျန်းလေးကို လက်ဖက်ခြောက်တချို့ ရအောင်လုပ်ပေးနိုင်မလားလို့ သွားမေးချည်၊ မြန်လေ ကောင်းလေပဲလို့!!

ဖန်းဇီကျန်းက ရှောင်ချောင်းထက်ပင် ဂနာမငြိမ်ဖြစ်နေပုံရသည်။ သူက အမိန့်ပေးပြီးတဲ့နောက် ရှောင်ချောင်းကို မေးလိုက်တယ်။
ဆေးဘဲဥလုပ်ဖို့က ဘယ်နှရက်ကြာမှာလဲ... ဒီညတန်းစားလို့ရမှာလား

ယွီရှောင်ချောင်းက သူ့ကို ရွှန်းစိုနေတဲ့ အပြုံးလေးနဲ့ကြည့်ပြီး ခေါင်းခါပြလိုက်တယ်။

ဦးလေးဖန်း, ဒီညဆေးဘဲဥ စားနိုင်ဖို့ဆိုရင် မေ့လိုက်တော့! ဆေးဘဲဥလုပ်တဲ့ အဆင့်တွေ အကုန်လုံးပြီးဖို့ အနည်းဆုံး ရက်နှစ်ဆယ်လောက်ကြာတယ်၊ တကယ်လို့ ရာသီဥတုသာအေးရင် ဒီထက်တောင် ကြာအုံးမှာ!

ဖန်းဇီကျန်းက အနည်းငယ် စိတ်ပျက်သွားပြီး သက်ပြင်းဖျော့ဖျော့ ချလိုက်တယ်။

ရက်နှစ်ဆယ်ကျော်ကြာမယ် ဟုတ်လား! ရပါတယ် မင်းရဲ့ဦးလေးက ဆိပ်ကမ်း တည်ဆောက်ရေးမှာ ကြီးကြပ်ဖို့ တာဝန်ကျနေတာဆိုတော့ နောက်ထပ်၂နှစ်၃နှစ်အတွင်း ထွက်မသွားရသေးပါဘူး! ရှေ့လျောက် အခွင့်အရေးတွေ အများကြီးရှိပါသေးတယ်! လိုအပ်တဲ့ပစ္စည်းတွေ အကုန်ရပြီမလား လာ တုန်ရှန်းရွာကို ပြန်ကြစို့!

ဦးလေးဖန်း, ဦးလေးက ဆောက်လုပ်ရေးမှာကြီးကြပ်ဖို့ ဒီကိုလာခဲ့တာ မဟုတ်ဘူးလား အခုက ဘယ်အချိန်ရှိသေးလို့လဲ ပြန်ဖို့ မစောလွန်းဘူးလား!

ယွီရှောင်ချောင်းက ပါဝင်ပစ္စည်းအားလုံး ဝယ်ယူပြီးတဲ့နောက်မှာ စိတ်ထဲပေါ့ပါးနေတာကြောင့် ဖန်းဇီကျန်းကို စနောက်လိုက်တယ်။

ဖန်းဇီကျန်းက မြူးထူးစွာ အော်ရီလိုက်ပြီး
ငါက နေ့တိုင်းဆိပ်ကမ်းမှာ တနေကုန် ထိုင်စောင့်ပြီး ကြီးကြပ်နေမယ့်သူ မဟုတ်ဘူး၊ ပြီးတော့ လီလီနဲ့ ဝူယွင်လည်းရှိတာပဲ၊ တပည့်တွေက အလုပ်အားလုံးကို ကိုင်တွယ်လိမ့်မယ်! အဲ့ဒီ ကောင်စုတ်လေး နှစ်ယောက်က ငါ့တပည့်တွေတော့ မဟုတ်ပေမယ့် ငါ့မျက်စိအောက်တင် ကြီးပြင်းလာရတာ၊ အသေးအမွှား ကိစ္စလေးအချို့ကိုတော့ ငါ့အစား လုပ်ပေးသင့်ပါတယ်!

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now