အဖွဲ့မှူးနင်ရဲ့မျက်လုံးတွေက သူမကို သတ်မဲ့အရိပ်အယောင်တွေ ထပ်ဖြစ်လာပြန်တယ်။

ထို့နောက်မှာတော့ ရှောင်လင်သိလိုက်ရတာ အဖွဲ့မှူးနင်က အလွန်အမင်းကို စိတ်သဘောထားကျဉ်းမြောင်းတဲ့ လူအမျိုးအစားထဲ ပါနေတယ်ဆိုတာပဲ။

သူမက သူ့ကို မမေ့နိုင်တဲ့ညတစ်ညကို ပေးခဲ့ပြီးနောက်မှာ သူကလည်း သူမကို ထိုနည်းတူစွာ ပေးအပ်လာလေတယ်။

ဒုတိယမြောက်ရက်မှာ သူက သူမကို ရေကူးကန်ထဲ ပစ်ချဖို့ တစ်စုံတစ်ယောက်ကို ညွှန်ကြားခဲ့ကာ သူမကို ရေထဲမှာ နှစ်နာရီစိမ်ခိုင်းစေပြီး ပြန်ထွက်လာခွင့်မပြုပေ။

အောက်တိုဘာလနှောင်းပိုင်း ဖြစ်တာကြောင့် ရာသီဉတုက အေးစပြုနေကာ ရှောင်လင်တစ်ယောက် ရေထဲမှာ မေးချင်းရိုက်နေတော့တယ်။

ရေကူးကန်ရဲ့ ဘောင်အစပ်နားရောက်တဲ့အချိန် အဖွဲ့မှူးနင်ရဲ့အလွန်တရာ အေးစက်နေတဲ့ အသံကြီးကို သူမ ကြားလိုက်ရတယ်။
"ရှောင်လင်, မင်းဘာလုပ်ချင်နေတာလဲဆိုတာ ငါဂရုမစိုက်ဘူး။ ဒါပေမဲ့ မင်း ကစားပွဲတစ်ခု လုပ်ချင်နေတယ်ဆိုရင်တော့ ကစားဖို့သေချာပြင်ဆင်ထား"

ရှောင်လင် ရေထဲကနေ အသံတိတ် လက်ခလယ်ထောင်ပြလိုက်တယ်။

သူမ ဒီလိုလူမျိုးကို ကြွေသွားရတာ သူမမျက်လုံးတွေ ကန်းသွားလို့ ဖြစ်မယ်။

ထိုညမှာတော့ မျှော်လင့်ထားတဲ့အတိုင်း သူမအအေးမိသွားတယ်။
နည်းနည်းလေး ပြန်မသက်သာခင်အထိ သူမမှာ တစ်နေ့လုံးအိပ်ရာထဲမှာပဲ လူသေကောင်လို လှဲနေခဲ့ရတယ်။

အဖွဲ့မှူးနင်အပေါ် ထားတဲ့ သူမရဲ့ချစ်ခြင်းမေတ္တာတွေကလည်း ချက်ချင်းဆိုသလို ရွံရှာစက်ဆုပ်ခြင်းအဖြစ်ကို ရောက်သွားလေတယ်။

မမျှော်လင့်ထားပဲ ထိုအချိန်တွေအတွင်းမှာ ထန်းရှောင်ကို Wanyu Mediaက အများကြီး ရင်းနှီးမြုပ်​နှံဖို့ဆန္ဒရှိတဲ့ လူသစ်လေးအဖြစ်နဲ့ ပွဲဦးထွက်မိတ်ဆက်လိုက်တယ်။
ချက်ချင်းပဲ သတင်းမီဒီယာတွေက သူမက အဖွဲ့မှူးနင်ရဲ့အချစ်သစ်လေး ဖြစ်မယ်လို့ ရူးသွပ်စွာကို ပြောဆိုဖော်ပြကြတော့တယ်။

အရှင်​မင်းကြီး ​ကောင်းကင်​ဘုံကို မကြွ​သေးဘူးလားWhere stories live. Discover now