စုန့်အန်းရန်က နောက်ကို ခေါင်းပြန်လှည့်လာပြီး ထိုအခိုက်အတန့်လေးအတွင်းမှာ သူမနောက်က လူကို အနည်းငယ်ပြုံးပြလိုက်တယ်။

ထိုအပြုံးရိပ်လေးက အဓိကဇာတ်လိုက်မင်းသားရဲ့ စိတ်ထဲမှာ စွဲထင်ကျန်ရစ်သွားမဲ့ အပြုံးလေးတစ်ခုပင်။

ထိုအပြုံးက ချောင်ရိကျင်ကိုပါ အလွန်နှုတ်ဆိတ်သွားစေတဲ့ အပြုံးတစ်ခုလည်း ဖြစ်လေတယ်။

"ထန်းရှောင်, ငါသာ မူချောင်ဆိုရင် မင်းအခုပြုံးနေတဲ့ အချစ်နာကျနေသလို ငခူပြုံးကြီးကို မြင်ပြီး ငါ မင်းကို ကောင်းကင်ဘုံကို ပို့ပေးလိုက်မှာ"

ထန်းရှောင်:....

မူချောင်:....

"ထန်းရှောင်, အရမ်းကြီး အမူအရာမဲ့မနေနဲ့လေ။ မင်းကိုယ်မင်း လေဖြတ်နေတဲ့သူလို သရုပ်ဆောင်ရမယ်လို့များ ထင်နေတာလား? လေဖြတ်နေတဲ့သူတွေတောင် အနည်းဆုံး ဦးနှောက်တော့ ရှိသေးတယ်။ ဘယ်မလဲ မင်းရဲ့ဦးနှောက်က?"

ထန်းရှောင်:.....

"ထန်းရှောင်, မင်းတကယ်ကို တော်တာပဲ။ မင်းကို မြင်နေရုံနဲ့တင် ငါ့ကို ဘဝမှာ မျှော်လင့်ချက်ဆိုတာ မရှိအောင် လုပ်သွားနိုင်တာပဲ။ ငါကို အမှန်တိုင်း ရိုးရိုးသားသားနဲ့ ပြောနိုင်မလား, အဖွဲ့မှူးနင်က ငါ့ကိုနှောင့်ယှက်ဖို့ မင်းကို ဒီပို့လိုက်တာမလား?!"

ထန်းရှောင်:....

ချောင်ရိကျင်က ဒါရိုက်တာလား ဟာသပြဇာတ်သရုပ်ဆောင်များလားလို့တောင် သူမ မေးခွန်းထုတ်ချင်သွားတယ်။

အကြိမ်ရေတော်တော် ပြီးတဲ့နောက်မှာတော့ ချောင်ရိကျင် လက်မြောက်လိုက်ရတယ်။

"မူချောင်, သူမကို နောက်ပြန်လှည့်ကြည့်ပြီး အပြုံးရိပ်လေး ဘယ်လိုပေးရမလဲဆိုတာ ဉပမာပြပေးလို့ရမလား?"

မူချောင်က လက်တွေကို ဆန့်ထုတ်လိုက်ပြီး ထန်းရှောင်ကိုကျော်ကာ ရှေ့တည့်တည့်ကို လျှောက်သွားလိုက်တယ်။

သူမရဲ့စိတ်ပိုင်းဆိုင်ရာကိုတောင် မပြင်ဆင်လိုက်ရသေးခင် သူက သူမရှိရာဆီ နောက်ပြန်လှည့်ကြည့်လာပြီး အပြုံးနုနုလေးတစ်ချက်ကို ဖော်ပြလိုက်တယ်။

အရှင်​မင်းကြီး ​ကောင်းကင်​ဘုံကို မကြွ​သေးဘူးလားWhere stories live. Discover now