Episode[ 3 ]🧡

Začít od začátku
                                    

"မြင်ဖူးသမျှထဲ အဆိုးဆုံးပဲ"

"ဟမ်!!"

"မင်းလူတွေက နွားပလာတာကျွေးနေသလိုပဲ
လူကြီးတွေက ပျော့လွန်းတယ်
ကလေးတွေက ဘာမှနားမလည်ဘူး
မင်းဒီလူတွေနဲ့ စစ်ဆင်ရေးဘယ်လိုလုပ်မလဲ"

"-----"

"မင်းလူတွေနဲ့ တစ်ဖက်လူကို အလစ်ဝင်တိုက်မယ်ဆိုရင် ငါ့အမြင်မင်းလူတွေအရင် အလစ်တိုက်ခံရလိမ့်မယ်"

"ဗိုလ်မှူးအဲ့တာကျ ကျတော့်တပ်ခွဲကိုအထင်မသေးလွန်းနေဘူးလား..
ဒီကလေးတွေ ဦးမဆောင်နိုင်ရင်တောင် ကျတော့်ရဲ့အရင်လူတွေရှိပါသေးတယ်"

"ဒါဆို မင်းက General ပြောသလို ထိုးကျွေးမလို့လား"

"မဟုတ်ပါဘူး"

"မဟုတ်ရင် မင်းသေချာ လေ့ကျင့်ရမှာနော် ဗိုလ်မှူးချည်နှောင်"

"နားလည်ပါတယ်"

အဂ္ဂ အလိုက်တသိရှောင်ပေးလိုက်သည်။
တကယ်ပဲ ဒီကလေးတွေကို တိုက်ပွဲမှာဦးဆောင်ရမည့်လူက ချည်နှောင်လေ..။

"ကလေးတွေ တဝက် လူကြီးလဲ တစ်ဝပ်ခွဲလိုက်!!
လူကြီးတွေက တပ်တစ်ပတ်ပြေး
ကလေးတွေက မတ်တပ်ရပ်လိုက်"

"ဟမ်!!"

"ဘယ််လို"

"တပ် တစ်ပတ်!!"

တပ်ဝန်းတစ်ပတ်မဆို ပင်မဆောင်နဲ့ သုံ့ပန်းတွေထားရာအဆောင်ပင် မီတာ(၄၀၀)ကျော်ကွာသည်။တစ်ပတ်လျှင်...ဧက(၂၀)လောက်ရှိမည်။

"ဟင် တွေ ဟမ် တွေမလိုချင်ဘူး
ငါက မင်းတို့ရဲ့ ဗိုလ်မှူး
ငါ့စကားဟာအမိန့်ပဲ
နားလည်လား ငါကမင်းတို့ကိုသေတွင်းကိုပို့မဲ့လူ မဟုတ်ဘူး
နားလည်လား!!"

"""ဟုတ်"""

"နားလည်လား!!!!"

"ဟုတ်"

"တပ်ကြပ်ကြီး လိုက်စောင့်ပေးလိုက်ပါ"

"ဟုတ်"

တပ်ကြပ်ကပါ ဘေးကနေလိုက်ပြေးရှာသည်။မနေ့ကပဲ စစ်ဆင်ရေးကပြန်လာလို့
ပျော်မယ်ရှိသေး သူပါမဆီမဆိုင်တပ်တစ်ပတ်ခံစားရပြီ။ပြန်လည် ဆင်ခြေပေးချင်ပေမဲ့ ဗိုလ်မှုးကို ပြန်ဟလျှင် သူ့ကိုအရိုးကျွတ်ကျွတ်ကျိုးအောင် ချိုးလိုက်လေမည်။

မြတ်နိုးရပါသော သုံ့ပန်း[ Beloved Captive ]Kde žijí příběhy. Začni objevovat