မတွေ့တာကြာပြီမို့ သူမရဲ့ ချိုမြိန်သော ကိုယ်သင်းနံ့လေးကို တမ်းတမ်းတတ ဖြစ်နေခဲ့သည်။

တစ်ခါမှ မထိတွေ့ဖူးလျှင် ကောင်းသော်လည်း သူ ဖက်နမ်းထားတာ ရက်ပိုင်းလောက်ပဲ ရှိသေးတာမို့ ချိုမြမြ နှုတ်ခမ်းတစ်စုံရဲ့အရသာကို မှတ်မိနေခဲ့တာ အိပ်မက်တွေထဲထိပါ အဖန်ဖန် ထည့်မက်မိသည်အထိ။ 

ခု လူတစ်ယောက်လုံး ရှေ့မှာရောက်နေတဲ့ဥစ္စာ သူက ဘယ်လိုလုပ် ထိန်းသိမ်းနိုင်မှာလဲ ..

ရင်ထဲက တိရစ္ဆာန်ကြီးကလည်း ဆူညံသံတွေပေးနေတာ ပေါက်ထွက်တော့မလား မသိ..

ထိုအခိုက်မှာ လူကြီးလူကောင်းဖြစ်ခြင်းတွေ ဣန္ဒြေသမ္ပတ္တိရှိခြင်းတွေ အားလုံးကို ဦးနှောက်ထဲကနေ ထုတ်ပစ်လိုက်မိသည်။

လုမန် ခေါင်းလေး ငုံ့စင်းထားတုန်း အနားကို ကပ်တိုးချင်သလို ဟန်ကျိုးလီ ခြေထောက်တွေ ရှေ့လှမ်းလာတာကို မြင်လိုက်ရကာ..

ရင်ထဲမှာ ထိတ်ခနဲ ဖြစ်ပြီး အသက်ပါ အောင့်ထားလိုက်မိသည်။ နောက်ကို ​ဆုတ်လို့ရပေမယ့် ခြေထောက်တွေက ဂျယ်လီလို ပျော့ခွေချင်နေကာ လှုပ်လို့ကို မရ။

ဂျိမ်း...

ရုတ်တရက် ထွက်ပေါ်လာသော ဓာတ်လှေကားရဲ့အသံက မကျယ်ပေမယ့် ခုလိုအခြေအနေမျိုးမှာတော့ အနားမှာ ဗုံးထပေါက်သလိုပင်..။

အသံနောက်မှာ တံခါးတွေ ပွင့်သွားကာ ပထမထပ်သို့ ရောက်လေ၏။

ကြွလျက်ရှိသော ခြေလှမ်းသည် ဦးတည်ရာပြောင်း၍ ဓာတ်လှေကားအပြင်သို့ ထွက်သည်။

ဟန်ကျိုးလီ အပြင်သို့ လှမ်းလိုက်တော့မှ လုမန် အသက်ပြန်ရှူနိုင်၏။ အမောတကောနဲ့ လေကို တစ်ဝကြီး ရှိုက်ပစ်လိုက်ပြီးမှ သူ့နောက်ကို ချက်ချင်း လိုက်ရင်း..

“ ပီအာဌာနကို အဖေသွားမှန်း ရှင် ဘယ်လိုလုပ်သိတာလဲ ”

“ မီတင်ပြီးတော့ကိုယ့်လက်ထောက်ပြောပြတာ.. လုချီယွမ်နဲ့ လုချီတို့ ဧည့်ခန်းနေရာမှာ .. မင်းတောင် အရိုက်ခံရတော့မလို့ တဲ့ .. ဒါပေမယ့် အဲ့ဒီတုန်းက မင်း ထွက်သွားပြီမို့ ကိုယ် လိုက်ချင်ရင်တောင် မမီနိုင်ဘူး .. နောက်ပြီး မင်းလျှောက်တဲ့ဌာနကို သူတို့ သိသွားပြီး အဲ့ဒီဘက်ကို ထွက်သွားတယ်ဆိုတော့ မင်းကို ဒုက္ခပေးမလားလို့ စိုးရိမ်တာနဲ့ အဲ့ဒီကိုပဲ လိုက်သွားလိုက်တာ.. ”

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now