အပိုင်း ၁၃၉ ( စီရင်စုမြို့)

Start from the beginning
                                    

" မင်းနဲ့ တစ်ဆောင်တည်းနေတဲ့ ကျောင်းသားတွေက လူချမ်းသာမိသားစုနဲ့ ပညာတတ်အသိုင်းအဝိုင်းက လူတွေလေ... အဲ့တာမို့ သူတို့ သုံးနှစ်အရွယ်လောက်တည်းက စာအရေးအဖတ် စ လေ့လာ လေ့ကျင့်နေကြပြီ... မင်း မင်တံ စ ကိုင်တော့ အသက်ဘယ်လောက်တောင်ရှိနေပြီလဲ? ဒါကြောင့် မင်းသူတို့ထက် နည်းနည်းလောက် နောက်ကျနေတာ ရှက်စရာတော့ မဟုတ်ပါဘူး"

ပြိုင်ဆိုင်လိုစိတ်ရှိတာက ကောင်းတယ်ဆိုပေမယ့် ပထမနေရာရဖို့ စွဲလမ်းတာကတော့ အဆင်မပြေဘူးလို့ ရှောင်ချောင်း ထင်မိတယ်။

ဒါကိုကြားတော့ ရှီထုန်လေးက အိပ်ရာကနေ ထ လိုက်ပြီး ရွှင်ပြစွာဆိုတယ် ။
" ကျွန်တော် သူများတွေနဲ့ ယှဉ်နေတာ မဟုတ်ပါဘူး အမရဲ့... လက်ရေးလှရင် နောက်ပိုင်း စာမေးပွဲမှာ အများကြီး အထောက်အကူရတယ်လို့ ဆရာတွေက ပြောလို့ပါ  ကျွန်တော်က သူများတွေထက် နောက်ကျထားလို့ သူတို့ကိုလိုက်မှီဖို့အတွက် အများကြီး ကြိုးစားရဦးမှာ... တကယ်လို့ စီရင်စုမြို့မှာ စာရေးကိရိယာတွေက ဒီကထက် ဈေးချိုတယ်ဆို ကျွန်တော့ အတွက်ဝယ်ခဲ့ပေးပါ... ကျွန်တော် လိုရမယ်ရ အပိုဆောင်ထားချင်လို့! အဲ့ဒီအတွက် အိမ်ကပိုက်ဆံ သုံးစရာမလိုပါဘူး ကျွန်တော့်မှာ အဲ့ဒီကုန်ကျ စရိတ်အတွက် စုထားတာ ရှိတယ်"

ရှီထုန်လေး မြို့မှာ ကျောင်းစတက်ကတည်းက ရှောင်ချောင်းက သူ့ကို အမြဲ မုန့်ဖိုးတွေ ထည့်ထည့်ပေးနေတာ။ အပတ်တိုင်း သူ့မှာ အနည်းဆုံး ငွေဒင်္ဂါး သုံးဆယ်ကနေ ငါးဆယ်လောက် ရတယ်။ ဒါပေမယ့် ရှီထုန်လေးက ချွေတာတာမို့ အဲ့ဒါတွေကို သုံးရမှာ တွန့်ဆုတ်နေတယ်။ အဲ့ဒီအစား သူက စာရေးကိရိယာတွေ ဝယ်ရအောင်သာ စုထားလိုက်တော့တယ်။ ဒါပေမယ့် ဒုတိယအမက စာရေးကိရိယာတွေကိုလည်း အလုံအလောက် ထောက်ပံ့တာကြောင့် သူ့ အိတ်ကပ်သေးသေးမှာ စုထားတာ ဒင်္ဂါးရာနဲ့ချီရှိနေပြီ။

ရှောင်ချောင်းက ရှီထုန်လေးဆီသွားကာ သူ့မျက်နှာလေးကို ညှစ်ရင်း ရယ်လျက်
" စုထားတဲ့ ပိုက်ဆံတွေကို မုန့်ပဲဝယ်စားပါ! စာရေးကိရိယာအတွက်က မစိုးရိမ်နဲ့... မင်းမှာ ဒုတိယ အမတစ်ယောက်လုံးရှိတာပဲကွ! မင်းအမမှာက အခု ပိုက်ဆံတွေရှိနေပြီ နောက်ပိုင်းဆို ပိုတောင် ရှိလာဦးမှာ... စာသင်ဖို့ပဲအာရုံစိုက်ပြီး တခြားဟာတွေအတွက် စိတ်မပူနဲ့ "

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now