"ရှောင်းကျန့်ရောက်ပြီ"
ရှောင်းကျန့်အတွေးလွန်နေတာ ဟောက်ရွမ်းအသံကြားမှသတိပြန်ဝင်လာသည်။
ရှောင်းကျန့်ကားပေါ်ကဆင်းတာနဲ့ ရုတ်တရက်ဟောက်ရွမ်းတို့ကားနဲ့မောင်းထွက်သွားသည်။"ဟာ ဟောက်ရွမ်း"
ရှောင်းကျန့်လမ်းလျောက်နေရင်းဘေးပတ်ဝန်းကျင်အကဲခတ်တော့ လူတစ်ဦးတစ်ယောက်မျှမရှိတာမို့ ရှောင်းကျန့်ကြောက်စိတ်ဝင်လာ၍အနောက်သို့ပြန်အလှည့်"ဒယ်ဒီ"
စော်အော်လေးအသံကြောင့် ရှောင်းကျန့်ကြောက်စိတ်ဘယ်နားရောက်သွားမှန်းမသိ စော်အော်ကိုသာလိုက်ရှာနေမိသည်။"သားးး စော်အော်!!! သားလေး...ဘယ်မှာလဲ???ဒယ်ဒီကိုမနောက်ပါနဲ့ကွာ ထွက်လာပါတော့ သားရေ"
ရှောင်းကျန့်စော်အော်လေးကိုခေါင်းလှည့်ပတ်ရှာနေတုန်း ရုတ်တရက် လမ်းတစ်လျောက်မီးလုံးလေးတွေပွင့်သွား၍အရှေ့ပြန်လှည့်တော့ လက်မှာပုဝါလေးပတ်ထားတဲ့ဖန်ရှင်းကိုတွေ့သည်။"ဖန်ရှင်းဘယ်လိုလုပ်ဒီရောက်နေတာလဲ???"
ရှောင်းကျန့်အမေးကိုမဖြေပဲ ရှောင်းကျန့်မျက်လုံးပေါ်အဝတ်လာစည်းတာကြောင့်"ဖန်ရှင်းဒါဘာလုပ်တာလဲ???"
"လေးကျန့်ကျွန်တော်လက်ကိုကိုင်ပြီးလိုက်ခဲ့နော်"
ဖန်ရှင်းပြောလည်းပြော ရှောင်းကျန့်လက်ကိုကိုင်ကာလျောက်လာလိုက်သည်။
ရှောင်းကျန့်လည်းစိတ်ထဲမတင်မကျဖြစ်နေပါသော်လည်း ဘာမှအထွန့်မတက်တော့ပဲဖန်ရှင်းခေါ်တဲ့နောက်သို့ငြိမ်ငြိမ်လေးလိုက်လာလိုက်သည်။"ရောက်ပြီလေးကျန့် ကျွန်တော်သွားတော့မယ်"
ဖန်ရှင်းမျက်လုံးအုပ်ထားတဲ့ပုဝါကိုဖယ်ပေး၍ပြောတော့ ရှောင်းကျန့်အလျင်အမြန်ဖန်ရှင်းလက်ကိုဆွဲကာ"ဖန်ရှင်းခဏ"
ရုတ်တရက်ရောင်စုံမီးလုံးလေးတွေပွင့်လာ၍ရှောင်းကျန့်သူလျောက်လာတဲ့လမ်းကိုပြန်လှည့်ကြည့်တော့ ပန်းခင်းထားတဲ့လမ်း...
ရှောင်းကျန့်ငေးကောင်းနေတာ ဘယ်အချိန်ထဲကဖန်ရှင်ထွက်သွားမှန်းမသိ...
ရှောင်းကျန့်ငေးကောင်းနေတုန်း အရှေ့ကပုခုံးပုတ်လိုက်တာမို့လှည့်အကြည့် လက်စွပ်ဘူးလေးဖွင့်ကာဒူးထောက်ထားသော်ရိပေါ်...
YOU ARE READING
Please love once in my lifetime 💚❤️(Completed)
RandomZawgyi ငါလူတစ်ယောက်ကို မုန်းပြီးဆိုရင် အဲ့လူက ငါ့အတွက်တော့ သေလူပဲ....ငါချစ်တဲ့မင်းကိုမုန်းချင်တယ်...ဒါမယ့် မုန်းလို့မရခဲ့ဘူး... Xiao Zhan ငါမင်းကိုသဝန်တိုတယ် ရှောင်းကျန့် ကုန်ကုန်ပြောရရင် မင်းကိုတိုက်နေတဲ့လေကအစ ငါသဝန်တိုတယ်..... Wang Yibo သုံးရက်တစ...