Extra

1.6K 40 9
                                    

Zawgyi
13 years Later...
ဘယ်လောက်ပဲနှစ်တွေကြာပါလိမ့်စေဦး ရှောင်းကျန့်နဲ့ဝမ်ရိပေါ်ကတော့တည်ကြည်ခန့်ညားချောမောနေတုန်း...

စော်‌အော်လေးကတော့ ခုဆိုရင်အသက်18နှစ်ထဲသို့ရောက်ပြီ ငယ်ငယ်ကလိုမျိုး‌ဖောင်းကားနေတဲ့ပါးလေးကအခုအနည်းငယ်သာဖောင်းပြီးမေးရိုးသွယ်သွယ်လေးအစားထိုးလာသည်။
အရင်လိုအသံပိစိလေးမဟုတ်တော့ပဲ ဩရှရှအသံကြောင့်တစ်မျိုးတစ်ဖုံဆွဲဆောင်မှုရှိသည်။
စော်အော်လေးကကြီးလာတော့တကယ့်ကိုသူဖြစ်ချင်နေတဲ့Cool guyပုံစံမျိုး...
ငယ်ငယ်ကလိုမျိုးစော်အ်ောလေးလို့ခေါ်တာမကြိုက်...အဲ့လိုခေါ်ရင်စိတ်အရမ်းဆိုးသည်။
ဘာဖြစ်လို့စိတ်ဆိုးတာလဲမေးတော့ သူကCool guy imageထိခိုက်လို့တဲ့...

အလယ်တန်းတုန်းကလည်းကောင်မလေးတစ်ယောက်ရည်းစားစကားလာပြောလို့ လူကြားမရှောင်ပြတ်ပြတ်သားသားငြင်းလိုက်သည်မို့ ထိုကောင်မလေးမှာရှက်လွန်းလို့ကျောင်းထွက်သွားသည်အထိ...
စော်အော်လေးက‌ ရိပေါ်နဲ့လည်းအကျင့်တူသလို၊ရှောင်းကျန့်နဲ့လည်းတူတဲ့အချက်လေးတွေရှိသည်။

ရိကျန့်ကိုကျောင်းက‌ကောင်မလေးတွေကတောင် အချေမင်းသားဝမ်ရိကျန့်လို့ခေါ်သည်အထိ ချေပါသည်။
ရိကျန့် သူနဲ့မသိတဲ့သူတွေဆိုရင်လေကုန်မှာစိုးလို့ခေါင်းခါ၊ခေါင်းငြိမ့်လုပ်ပြ၍စိတ်မကြည်ရင်ထထွက်သွားတတ်သေးသည်။
ရိကျန့်လေးကစိတ်လည်းနည်းနည်းမျှမရှည်၊စကားတစ်ခွန်းကိုနှစ်ခါမပြော...
သူစိမ်းတွေအမြင်မှာတော့ အချေမင်းသားဘာညာ သူ့ပါပီနဲ့ဒယ်ဒီကိုတော့တုန်နေအောင်ချစ်တာ...သူ့ကိုပြောချင်တာပြော သူ့မိဘတွေထိပါ‌လာပြီဆိုရင် လူသတ်ဖို့အထိဝန်မလေးတဲ့လူစားမျိုး...

"Good Morning ပါပီနဲ့ဒယ်ဒီ"

"Morning" "Morningပါသားငယ်"
မနက်စာစားရန်ရိကျန့်အောက်ဆင်းလာ၍ မနက်တိုင်းလုပ်နေကျပါပီနဲ့ဒယ်ဒီကိုmorning kissပေးပြီး စားပွဲဝိုင်းထဲဝင်ထိုင်လိုက်သည်။
ရှောင်းကျန့်ကော်ဖီငှဲ့ပေးနေရင်း

"သားငယ် ဒီနေ့ရန်လေးမွေးနေ့နော်"
ရန်လေးဆိုသည်က ဟောက်ရွမ်းနဲ့ကျိရန်
ကလေးအရမ်းလိုချင်လို့ ဖန်ပြွန်သန္ဓသေားနဲ့မွေးခဲ့တဲ့သားယောက်ျားလေး...နာမည်ကဝမ်ဟောက်ရန်...ဟောက်ရန်လေးကရိကျန့်ထပ်၅နှစ်သာငယ်သည်။
ဟောက်ရန်လေးကရိကျန့်ကိုသိပ်ချစ်သည်။
ရိကျန့်ဒါဆိုရင်ဒါပဲ တစ်ခါမှအထွန့်မတတ်ခဲ့တဲ့သူ...ရိကျန့်စိတ်ဆိုးမှာကိုသေမတတ်ကြောက်တတ်‌သေးသည်။

Please love once in my lifetime 💚❤️(Completed)حيث تعيش القصص. اكتشف الآن