Part 5

584 26 2
                                    

Zawgyi
ရှောင်းကျန့်တစ်ယောက်စိတ်လှုပ်ရှားပြီးကိုင်ထားတဲ့ဖုန်း ရိပေါ်ခုံအောက်ကျသွားသည်။
မမှီတမှီလိုက်စမ်းနေသောရှောင်းကျန့်ကို ကျိရန်မေးလိုက်သည်။

"ကော ဘာရှာနေတာလဲ???"
ကျိရန်မေးတော့ ရှောင်းကျန့်ခေါင်းခါပြ၍

"ဘာမှမဟုတ်ဘူး ကောဖုန်းကျသွားလို့ကောက်နေတာ"

"ဟုတ်လား ‌ကျွန်တော်ကောက်ပေးမယ်လေ..."

"ရတယ်ပိုးဟပ်ဖြူလေး ကောကောက်တာရတော့မယ် ကြည့်ကြည့်"
ရှောင်းကျန့်ကျိရန်ကိုယုန်သွားလေးတွေပေါ်သည်အထိရယ်ပြ၍ ပြောလိုက်သည်။ရှောင်းကျန့်ပြော‌တော့ ‌ကျိရန်လည်းပြုံး၍ခေါင်းတစ်ငြိမ့်ငြိမ့်နဲ့ ရုပ်ရှင်သာဆက်ကြည့်နေလိုက်သည်။

"ရှောင်းကျန့် ဘာတွေကုန်းကောက်နေတာလဲ???"

"ငါ့ဖုန်းမင်းခုံအောက်ကျသွားလို့"

"ဟုတ်လား နေဦး ကောက်ပေးမယ်"
ပြောပြီး ရိပေါ်ပါဝိုင်းရှာပေးသည်။
တစ်ချိန်တည်းမှာပဲ ရိပေါ်နဲ့ရှောင်းကျန့်ဖုန်းကိုစမ်းမိသွားသည်။သို့ပေမယ့် အမှတ်မထင်
ရှောင်းကျန့်လက်ကိုရိပေါ်လက်အုပ်ကိုင်သလိုဖြစ်သွားသည်။(ရှောင်းကျန့်အရင်ဆုံးဖုန်းကိုစမ်းမိတာ ရိပေါ်ကလည်းလိုက်စမ်းနေရင်းမှရှောင်းကျန့်လက်ကိုမတော်တဆကိုင်မိသလိုဖြစ်သွားတာ okနော်)
ရိပေါ်နဲ့ရှောင်းကျန့် မျက်နှာချင်းထိလုနီးပါးနီးနီးကပ်ကပ်...
တစ်ယောက်မျက်နှာတစ်ယောက် သတိလက်လွှတ်အချိန်အတော်တန်ကြာစိုက်ကြည့်နေမိသည်။

" ကိုနဲ့ရှောင်းကျန့် ဘာလုပ်နေကြတာလဲ???"
ခုမှသတိထားမိတဲ့ lilyခုံပေါ်မှာခေါင်းချင်းဆိုင်နေသော ရိပေါ်နဲ့ရှောင်းကျန့်ကိုတွေ့၍မေးလိုက်ခြင်းဖြစ်သည်။
Lilyအသံကြားမှ ရှောင်းကျန့်အယောင်ယောင်မှားမှားဖုန်းကိုပစ်ချ၍

"ဟို ကျွန်တော့်ဖုန်းပြုတ်ကျသွားလို့ ရိပေါ်ကဝိုင်းကောက်ပေးနေတာ"

"ဟုတ်လား တွေ့ပြီလား"

"ရော့ ဒီမှာဖုန်း"
ရိပေါ် ရှောင်းကျန့်ကိုဖုန်းပေးလိုက်သည်။ရှောင်းကျန့်လည်း တစ်ချက်ပြုံး၍

Please love once in my lifetime 💚❤️(Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ