Part 48

585 22 1
                                    

Zawgyi
6 years later...

Xiao Zhan Pov's
ကျွန်တော်ဟိုရောက်ပြီး တစ်ပတ်နှစ်ပတ်လောက်ကြာတော့နေသားကျသွားတယ်။လေးလေးကလည်းကျွန်တော့်ကိုသားအရင်းတစ်ယောက်လိုပဲချစ်တယ်...
ကျောင်းစစတက်တုန်းကဆိုရင်လည်း ဆရာ၊ဆရာမများကလည်းသဘောကောင်းကြတယ်...

ကျောင်းသား/သူတိုင်းကလည်း တချို့တလေကျတော့လည်းနည်းနည်းလေးချေချင်ကြတယ် တချို့ကျတော့လည်းကျွန်တော်နဲ့ရင်းနှီးအောင်စကားတွေလာပြောကြတယ်...

ခင်ဖို့လည်းကောင်းကြတယ် နောက်ပိုင်းတွေ‌ကျွန်တော်နဲ့အတန်းထဲကလူတွေတော်တော်များများနဲ့ခင်လာကြတယ်...
ကျွန်တော်နေရတာလည်းပျော်လာတယ်။
ဩော်ဒါနဲ့ကျွန်တော်အချေစိန် စွာတေးလန်လေးတစ်ယောက်နဲ့လည်းပိုပြီးရင်းနှီးလာတယ်...
သူ့နာမည်က...ကျွန်တော့်ကတော့ချစ်စနိုးနဲ့ပိုးဟပ်ဖြူလို့ခေါ်တယ်

"ကော..."
ကြည့်ကျွန်တော်အတွေးလွန်နေတုန်း ကျွန်တော့်ပိုးဟပ်ဖြူလေးတောင်ကျွန်တော့်နားရောက်နေပြီ

"ပိုးဟပ်ဖြူလေး ဒီနေ့နောက်ကျတယ်နော် မနက်စာမစားလာမှာကိုသိလို့ ကောမနက်စာလုပ်လာတယ်..."
ကျွန်တော်ပြောတော့ အချေစိန်စွာ‌တေးလန်‌ပိုးဟပ်ဖြူလေးက ပြုံးပြပြီး ကျွန်တော်သူစားဖို့အတွက်လုပ်လာတဲ့ sandwichကိုအားရပါးရစားနေတဲ့ ကျွန်တော့်ရဲ့ပိုးဟပ်ဖြူလေး...

"စားကောင်းလား???"

"မေးမနေနဲ့ ကောဘာလုပ်လုပ်အကောင်းဆုံးပဲ..."

"ချွဲစိန်လေး..."
ကျွန်တော်အသဲယားလို့ သူ့ပါးလေးဆွဲညှစ်တော့ နှုတ်ခမ်းလေးဆူပြီးကျွန်တော့်ကိုမျက်စောင်းထိုးသည်။

ကျွန်တော်သတိထားမိသလောက် ပိုးဟပ်ဖြူလေးကသူများတွေနဲ့ဆိုရင် မျက်နှာကဂျစ်ကန်ကန်နဲ့ကျွန်တော်ရှေ့ကျရင်ကြောင်ပေါက်လေးလိုပဲ...
ပြီးတော့ ပိုးဟပ်ဖြူလေးကကျွန်တော့်ကိုချစ်ခွင့်ပန်ထားတယ်...ကျွန်တော်ကတော့ရှင်းပါတယ် ပိုးဟပ်ဖြူလေးကိုညီလေးတစ်ယောက်လိုပဲချစ်တယ်...

ကျွန်တော်ရိပေါ်ကိုချစ်ပြီးတည်းက ကျွန်တော့်နှလုံးသားဘယ်သူမှအဝင်မခံပဲ ထာဝရသော့ခတ်ထားလိုက်တယ်။

Please love once in my lifetime 💚❤️(Completed)Where stories live. Discover now