Part 28

852 52 1
                                    

ရိပေါ်တို့အစကတော့ သူတို့တွဲတာ နည်းနည်းကြာမှ ဟောက်ရွမ်းကိုအသိပေးမယ်ဆိုပြီးပြောထားကာ ဟောက်ရွမ်းကခုလိုရုတ်တရက်ရောက်လာတော့ မထူး‌တော့ဘူးဆိုပြီး ရိပေါ် မှအစအဆုံးဖြစ်ကြောင်းကုန်စင်ဟောက်ရွမ်းကိုပြောပြလိုက်သည်။ဟောက်ရွမ်းမှ

"ရိပေါ်နဲ့ရှောင်းကျန့် မင်းတို့ကစိတ်ဓာတ်ပဲ...မင်းတို့ တွဲတာတော့ငါ့ကိုပြောပြသင့်ပါတယ်ကွာ..."ရှောင်းကျန့်မှ ဟောက်ရွမ်းပုခုံးလှမ်းဖက်၍

"Sorryပါကွာ...ခုလည်းမင်းသိသွားပြီးပဲ...ဘာစားမလဲ???"

"စားမှာ စိတ်ချ...ပြီးတော့ရှိသေးတယ်...မင်းတို့တွဲနေတယ်ဆိုပြီး ငါ့ကိုတစ်ယောက်တည်းချန်မထားနဲ့နော်...မင်းတို့ဘယ်သွားသွားငါကတောက်တဲ့လို လိုက်ကပ်မှာ..."ရိပေါ် ဟောက်ရွမ်းကိုမျက်စောင်းထိုးကာ

"သူများရည်းစားကြား မင်းကဘာလိုက်လုပ်မှာလဲ???"

"ဘာ...သူများရည်းစားလဲ...မင်းတို့ကငါ့သူငယ်ချင်းတွေ...သူများမဟုတ်ဘူး...ရှင်းလား..."

"အေးပါ...ဟုတ်ပါပြီး ဒါနဲ့ဟောက်ရွမ်း မင်းအဆင်ပြေပါ့မလား...ငါတို့ကnormal အတွဲမဟုတ်ဘူးလေ...ငါတို့ကယောက်ျားလေးချင်း...."ရှောင်းကျန့် စကားမဆုံးခင် ဟောက်ရွမ်းဝင်ပြောလိုက်သည်။

"အချစ်မှာ မိန်းမမှချစ်ရမယ်ဆိုတာမရှိပါဘူးကွာ...ကိုယ်ချစ်တဲ့သူက ယောက်ျားဖြစ်ဖြစ်မိန်းမဖြစ်ဖြစ် အချစ်ကအချစ်ပဲလေ...ငါလည်းငါချစ်တဲ့သူမပေါ်သေးလို့...တကယ်လို့ ငါချစ်တဲ့သူက မိန်းကလေးမဟုတ်ဘဲ ယောက်ျားဖြစ်နေရင်လည်း ငါချစ်မှာပဲ...gay ‌နေတယ်လို့ထင်ချင်ရင်လည်းထင်ပေါ့...အဓိကက သူဖြစ်နေလို့ကိုချစ်တာ...ငါ့အကြောင်းလည်းမင်းတို့သိတာပဲ...ငါကပတ်ဝန်းကျင်ကို‌လိုက်ဂရုစိုက်တတ်တဲ့ကောင်မဟုတ်ဘူး..."ရိပေါ်မှ

"မင်းရော...ရည်းစားထားဖို့စိတ်ကူးမရှိဘူးလား..."

"ငါပဲမချစ်တတ်တာလား...ဒါမှမဟုတ်...ငါချစ်တဲ့သူကမွေးမလာသေးတာလားမသိပါဘူးကွာ...ခုချိန်ထိ ငါနှလုံးသားပိုင်ရှင်လေးကို ရှာ‌မတွေ့သေး..."ဟောက်ရွမ်းကပြောပြီး ပုခုံး တွန့်ပြသည်။ရိပေါ်နဲ့ရှောင်းကျန့် ခေါင်းလေးတစ်ငြိမ့်ငြိမ့်နားထောင်နေသည်။

Please love once in my lifetime 💚❤️(Completed)Where stories live. Discover now