Part 37

675 23 0
                                    

Zawgyi
ရှောင်းကျန့်နိုးလာတော့ ခေါင်းတစ်ခုလုံးထိုးကိုက်နေတာကြောင့်ခေါင်းကိုနှိပ်နယ်၍ အမှတ်မထင်နှုတ်ခမ်းကိုကိုက်မိသည်။
ရှောင်းကျန့်ဆက်ခနဲ နှုတ်ခမ်းစပ်သွား၍ မှန်ရှေ့ထကြည့်တော့ ရှောင်းကျန့်‌နှုတ်ခမ်းပေါက်ပြဲနေ၍ အနည်းငယ်လည်းယောင်နေသည်။
*ကျစ် နှုတ်ခမ်းကဘာဖြစ်တာလဲ???ညကဘာတွေဖြစ်ခဲ့တာလဲ???*

"ဒယ်ဒီ အင့် ဖွားဖွားကအမူး‌ပေအောင်ဒါသောက်တဲ့"
ရှောင်းကျန့်နှုတ်ခမ်းကိုင်ပြီးတွေးတောနေတုန်း စော်အော်လေးအခန်းတံခါးဖွင့်၍ ဖွားအေဖျော်ပေးလိုက်တဲ့ ခွက်ကိုဂရုတစိုက်ယူလာ၍ ရှောင်းကျန့်ကိုသောက်သည်။
ရှောင်းကျန့်လည်း သားဖြစ်သူခေါင်းလေးကိုပုတ်၍ သောက်လိုက်သည်။

"ရော့ ဒယ်ဒီသောက်ပြီးပြီ"

"ဒယ်ဒီညော် ဘယ်မှန်းသိဝူး ဘာရို့အဲ့လောက်သောက်လာတာ‌ရဲ"

"သားသားမကြိုက်ရင်နောက်တစ်ခါမသောက်တော့ဘူး ဟုတ်ပြီလား???"

"တကယ်ညော်ဒယ်ဒီ"

"တကယ်ပါ‌ဗျာ"

"အဲ့ချိုပြီးရော စော်အော်ပါပီ‌အိမ်‌သွားလိုက်ဦးမယ်"

"ဟမ် ဘယ်သူ ပါ...ပီ ဘယ်သူ့ကိုပြောတာလဲသားသားရဲ့"

"ဦးဝမ်ကို‌ပေါတာဒယ်ဒီရဲ့"

"သားသားကလည်းအရင်လိုဦးဝမ်လို့ပဲခေါ်ပါ ပါပီချည်းကမကောင်းပါဘူး"

"စော်အော်ကြိုက်ရို့"

"ဟင်းးးဟုတ်ပါပြီ သားသားစိတ်ကြိုက်ခေါ်ဟုတ်ပြီလား"

"ဟုတ် အဲ့ချိုတာ့တာ မွ"
ရှောင်းကျန့်ပါးကိုနမ်း၍ ဝမ်အိမ်ကိုထွက်သွားတဲ့စော်အော်လေးကိုကြည့်ပြီး ရှောင်းကျန့်စိတ်မကောင်းဖြစ်မိသည်။
*သား‌လေးကရိပေါ်ကိုခင်တွယ်နေရှာတာ ရိပေါ်သာသူ့အဖေမှန်းသိရင်ဘယ်လောက်တောင်ပျော်လိုက်မလဲ???ဟာ...ကျစ်!!!ရှောင်းကျန့် မင်းဘာတွေတွေးနေတာလဲ???မဟုတ်တဲ့ဟာတွေခေါင်းထဲမထည့်နဲ့*
ရှောင်းကျန့်သူ့ခေါင်းသူပြန်ထု၍ အတွေးတွေကိုလက်စသတ်အောင် ရေချိုးခန်းထဲဝင်သွားသည်။

💚✨❤️✨💛✨

"ဖွားဖွား၂ရေ စော်အော်လာဒယ်"

Please love once in my lifetime 💚❤️(Completed)जहाँ कहानियाँ रहती हैं। अभी खोजें