Part 3

635 27 0
                                    

Zawgyi
တီ တီ~~~(ကားဟွန်းတီးသံ)
ရိပေါ် ရှောင်းကျန့်ကိုအလုပ်အတူတူသွားရန်ကားနဲ့လာခေါ်ခြင်းဖြစ်သည်။
ရိပေါ်ကားဟွန်းထပ်တီးဖို့ပြင်နေစဉ်မှာပဲ ရှောင်းမားထွက်လာသည်။

"ဝမ်လေးရေ သားကျန့်လေးကအလုပ်သွားပြီသားရဲ့"

"ဗျာ ရှောင်းမား သူတစ်ယောက်တည်းလား..."

"မဟုတ်ဘူးသားရဲ့...ရန်လေး(ကျိရန်)လာခေါ်သွားတာ"
ရှောင်းမားပြောလိုက်တော့ ရိပေါ်ချက်ချင်းမျက်နှာတည်တင်းသွားပြီး

"အဲ့ဆို သားသွားတော့မယ်"

"အေအေးသားရေ ဂရုစိုက်သွားဦး"

"ဟုတ်"
ရိပေါ် ရှောင်းမားကိုနှုတ်ဆက်ပြီး companyသို့ထွက်လာခဲ့သည်။

"Good Morning CEO"
ထုံးစံအတိုင်းရိပေါ်ဝင်လာတာနဲ့ထပြီးနှုတ်ဆက်ကြတဲ့ဝန်ထမ်းများ...
ရိပေါ်လည်းခေါင်းငြိမ့်ပြပြီး ရုံးခန်းထဲဝင်လိုက်သည်။

"ရှောင်းကျန့်‌မနေ့က..."
ရိပေါ်စကားမဆုံးသေး ရှောင်းကျန့်ရိပေါ်ကိုကြည့်ပြီးဖိုင်တွဲတစ်ချို့ပေး၍ပြောလိုက်သည်။

"CEOခဗျ ဒီမှာလက်မှတ်ထိုးရမယ့်ဖိုင်တွေ"
ရှောင်းကျန့်ပေးတဲ့ဖိုင်တွေကိုယူပြီးစားပွဲခုံပေါ်တင်ကာ ရိပေါ်မှ

"ဒီနေ့ဘာလို့မစောင့်တာလဲ???"

"အာ...ကျွန်တော်CEOကိုပြောရဦးမယ် မနက်ဖြန်ကစပြီးအကြိုရောအပို့ရောကကျိရန်လုပ်ပေးမယ်တဲ့ CEOမပင်ပန်းတော့ဘူးပေါ့"
ရှောင်းကျန့်အေးဆေးစွာပြောနေတာကြောင့်
ရိပေါ် သက်ပြင်းချ၍

"ရှောင်းကျန့် ကို့ကိုမရွဲ့ပါနဲ့တော့ ကိုတောင်းပန်ပါတယ်"

"CEOခဗျ company မှာမို့စကားကိုဆင်ဆင်ခြေခြေပြောစေချင်ပါတယ်"

"ဟုတ်ပြီ ရှောင်းကျန့်မင်းမနေ့ကနဲ့မတူပဲဘာလို့ပြောင်းလဲသွားတာလဲ???ဒါလေးတော့ဖြေပေး"

"မပြောင်းလဲပါဘူး သူငယ်ချင်းကသူငယ်ချင်းပဲလေ အလုပ်မှာတော့သူငယ်ချင်းလိုဆက်ဆံလို့မှမရတာ"
‌ရိပေါ် ဘာမှမပြောတော့ပဲရှောင်းကျန့်ကိုသာစိုက်ကြည့်နေသည်။
ရှောင်းကျန့်လည်းသူ့ကိုစိုက်ကြည့်နေတဲ့ရိပေါ်ကိုလျစ်လျူရှူ၍အလုပ်သာဆက်လုပ်နေလိုက်သည်။

Please love once in my lifetime 💚❤️(Completed)Where stories live. Discover now