Part 27

573 18 3
                                    

Zawgyi
ရှောင်းကျန့်US‌ရောက်ပြီး ၆လ ကြာ‌တော့ ရှောင်းကျန့်ဗိုက်လေးကသိသိသာသာစူထွက်‌နေပြီ ရှောင်းကျန့်လည်းအိမ်ထဲကအိမ်ပြင်မထွက်၍ အိမ်ထဲမှာပဲTVကြည့်လိုက်၊မုန့်စားလိုက်ဖြင့်သာ...
ရှောင်းကျန့် ရှောင်းမားနဲ့လည်းဓာတ်မှန်သွားရိုက်ပြီးပြီ ရှောင်းကျန့်ရဲ့ရင်သွေးလေးက သားယောက်ျားလေး‌တဲ့...
ရှောင်းကျန့်ကတော့သားလေးရဲ့နာမည်ကိုတောင်ဝမ်ရိကျန့်‌လို့ပေးထားပြီး အိမ်ခေါ်နာမည်လေးကျတော့ချစ်စနိုး‌လေးနဲ့စော်အော်လို့ပေးထားသည်။

"အ့ စော်အော်လေး မဆိုးရဘူးလေ သားသား‌ကအငြိမ်မနေတော့ ဒယ်ဒီကနာတာ‌ပေါ့သားသားရဲ့"
ရှောင်းကျန့်ဆိုင်ကယ်မောင်းပြိုင်ပွဲကြည့်နေတုန်း ဗိုက်ထဲကသေးသေးလေးကန်တာကြောင့် ရှောင်းကျန့်သူ့ဗိုက်လေးကိုပွတ်သပ်၍သားသားလေးကိုချော့ပြောသည်။
သားသားလေးကစကားနားထောင်ဟန် မကန်တော့ပဲငြိမ်ကျသွားသည်။

"သားရေ ထိုင်ပဲမထိုင်နေနဲ့ လာ မားနဲ့လမ်းလျောက်ကြမယ်"

"ဟုတ်မား"

"ကြည့်ပါဦး မားသားလေးကပါးလေးကဖောင်းပြီး ကိုယ်ဝန်‌လေးနဲ့ချစ်စရာလေး လုံးလုံးလေး နော်ယောက်ျား"

"ဟုတ်ပါ့မိန်းမရေ ကိုယ်တို့သားလေးကတစ်နေ့တခြားကလေးဆန်ပြီးချစ်ဖို့ကောင်းလာလိုက်တာ..."

"အာ...မားတို့ကလည်း သားတောင်ရှက်လာပြီ"

"သားကျန့်သားလေးဘာစားချင်လဲ???မားချက်ကျွေးမယ်"

"မား သားလေ ချဉ်ချဉ်စပ်စပ်လေးစားချင်တယ်"

"သားရယ် အဲ့ဒါတွေကလွဲပြီးတခြားဟာပြောပါ သားစားချင်တဲ့ချဉ်ငံစပ်က ကလေးအတွက်မကောင်းဘူးသားရဲ့"

"အင်းပါ သားမစားတော့ပါဘူး ကြက်သားပေါင်းစားချင်တယ်မား"

"ဟုတ်ပြီ မားသားလေးအကြိုက်မားကရှယ်ချက်ပေးမယ်"

"မား နံနံပင်များများထည့်နော်"

"ဟုတ်ပါပြီ"

လအနည်းငယ်ကြာတော့ ရှောင်းကျန့်‌စော်‌အော်လေးကိုကျန်းကျန်းမာမာနဲ့မွေးခဲ့သည်။
ရှောင်းမားနဲ့ရှောင်းပါးလည်း စော်အော်လေးကိုမထားခဲ့ချင် Companyကိုလည်းပစ်ထားတာကြာပြီမို့ ရှောင်းကျန့်မှာအတင်းပြန်ခိုင်းရသည်။
စော်အော်လေးတောင်တစ်နှစ်ကျော်ပြီ ရှောင်းကျန့်လက်တစ်လက်ပဲ အခြားသူချီလို့မရ တခြားသူလက်ထဲရောက်တာနဲ့ကော့ကလန်ထိုးပြီးတော့ငိုတာ အဲ့ကြောင့်ရှောင်းကျန့်မှာ တစ်ခုခုလုပ်ရင်တောင် စော်အော်လေးကိုပေါင်ပေါ်တင်၍ အလုပ်လုပ်ရသည်။

Please love once in my lifetime 💚❤️(Completed)Where stories live. Discover now