Part 45

641 24 0
                                    

Zawgyi
ရှောင်းကျန့်ပြန်လာတာမိုး‌ရေတွေနဲ့တစ်ကိုယ်လုံးစိုရွဲနေတာကြောင့် ရှောင်းမားရေချိုးခိုင်းလိုက်သည်။
ရှောင်းမား ရှောင်းကျန့်ရေချိုးနေပြီးရင် နွေးနွေးထွေးထွေးဝတ်စေရန် အနွေးထည်ထူထူလေးကိုရှာ‌၍ ကုတင်ပေါ်တင်ထားလိုက်သည်။

"သားကျန့်ရေ မြန်မြန်လုပ် သားစားဖို့မားငါးသံပရာပေါင်းထားတယ်..."
ရှောင်းကျန့်ဆီကအသံမကြား ရှောင်းမားလည်းရေကျသံကြောင့်မကြားဘူး‌လို့ပဲထင်ကာ အောက်ထပ်ပြန်ဆင်းသွားလိုက်သည်။နာရီဝက်ကြာတော့ ရှောင်းမားသားဖြစ်သူရေချိုးပြီးလောက်ပြီထင်ကာ ‌အပေါ်သို့တက်လာလိုက်သည်။‌
အခန်းထဲရောက်တော့လည်း မတွေ့...ရေကျသံကလည်းခုထိကြားနေသေးတာမို့ ရှောင်းမားရေချိုးခန်းတံခါးသွားခေါက်၍ပြောလိုက်သည်။

ဒေါက် ဒေါက်

"သားကျန့်ရေ အဲ့လောက်အကြာကြီးမချိုးနဲ့လေ...ဖျားမယ် သားရေ ထွက်လာခဲ့တော့..."
ပြောပြီး အခန်းရှင်းပေးနေတဲ့ရှောင်းမား...မိနစ်အနည်းငယ်ကြာတော့ ရှောင်းမားစိတ်ထဲထင့်နေ၍ နောက်တစ်ခေါက်တံခါးသွားခေါက်၍

"သားရေ သားကျန့်...သားကျန့်...ဒီကောင်လေးဘာလို့မထူးတာတုန်း...ကဲ မားဝင်လာမှအဆိုးမဆိုနဲ့နော်..."
*အရင်ကဆို ဒီကလေး ဝင်လာမယ်လို့ပြောရင် အသံကုန်ပြဲလန်အောင်အော်တဲ့ကလေးကခုဘာလို့များတိတ်ဆိတ်နေတာလဲ...*
ရှောင်းမားတွေး၍ ရေချိုးခန်းတံခါးဘုကိုလှည့်တော့ ပွင့်သွားသဖြင့် ဝင်လာလိုက်သည်။

သူမ ဝင်တာနဲ့ တွေ့လိုက်ရတာက ရှောင်းကျန့်ရေပန်းအောက်မှာလဲကျနေတာကို တစ်ကိုယ်လုံးလည်းအေးစက်နေပြီး နှုတ်ခမ်းတွေလည်းပြာနေသည်။
ရှောင်းမား သားဖြစ်သူအတင်းထူ၍

"အမလေး ကယ်ကြပါဦး သားကျန့်..ကျန့်ကျန့်လေး...မဖြစ်ဘူး မဖြစ်ဘူး တိတိလေးကိုဖုန်းဆက်ရမယ်...ဟုတ်တယ်...ဖုန်း...ဖုန်းဆက်ရမယ်..."‌

~~~Ring Ring~~~(ရှောင်းမား)
ရိပေါ်ကိုဟောက်ရွမ်းဖျောင်းဖျ‌နေတုန်း ရိပေါ်ဆီကိုရှောင်းမားဖုန်းခေါ်တာကြောင့် ရိပေါ်ကိုင်လိုက်သည်။

Please love once in my lifetime 💚❤️(Completed)Where stories live. Discover now