Part 40

814 26 0
                                    

Zawgyi
တွေ့ပါပြီ အရေးပေါ်လှေကားနား‌မှာနာနေတဲ့ခြေထောက်ကိုမြောက်ပြီး မျက်လုံးစုံမှိတ်ကာ လှေကားထစ်ကို‌ကျော်ဆင်းမလို၊ ပြုတ်မကျကျ‌အောင်လုပ်နေတဲ့ရိပေါ်ကို ရှောင်းကျန့်မှာအနောက်ကနေခါးကိုဖက်၍

"ရိပေါ်မင်းရူးးနေလား???"

"ဟုတ်တယ်ငါရူးနေပြီ ငါမင်းကိုအရမ်းချစ်လွန်းလို့ရူးးနေပြီ"

"ရိပေါ်ရယ်‌ငါတောင်းပန်ပါတယ် မင်းအဲ့လိုတကယ်မလုပ်လောက်ဘူးဆိုပြီးစိတ်ဆိုးဆိုးနဲ့ပြောလိုက်တာပါ"

"ရှောင်းကျန့် မင်းခိုင်းရင်ငါမလုပ်ရဲတာဘာမှမရှိဘူး"

"အင်းပါ ငါယုံတာမို့လို့ အခန်းထဲပြန်သွားရအောင်"
ရှောင်းကျန့်ရိပေါ်ကိုချော့ပြောပြီး ဆေးရုံခန်းထဲတွဲပြီးပြန်ခေါ်လာရသည်။

"ရိပေါ်ခဏလောက်ဖြစ်ဖြစ်‌အိပ်‌လိုက်ဦး"

"ငါနားကထွက်မသွားပါနဲ့နော်ရှောင်းကျန့်"

"အင်းပါ ငါမင်းအနားမှာရှိနေတာမို့အိပ်ပျော်အောင်အိပ်လိုက်‌နော်"

"ရှောင်းကျန့်"

"အင်းပြောလေ"

"ငါနားမှာလာအိပ်ပေးပါလား"

"ရိပေါ် ကုတင်ကကျဉ်းကျဉ်းလေးလေ...ငါတို့နှစ်ယောက်ဆန့်ပါ့မလား???"

"ရတယ် လာဒီဘက်နားမှာလာအိပ်"
ရှောင်းကျန့်လည်းဘာမှမပြောတော့ပဲ ရိပေါ်စိတ်တိုင်းကြိုက်‌ဘေးနားသွားအိပ်၍ ရိပေါ်မှရှောင်းကျန့်ကိုသူနဲ့မျက်နှာချင်းဆိုင်ဖြစ်အောင်လှည့်ကာ

"ငါအိပ်တော့မှာမို့ ငြိမ်ငြိမ်နေနော်"
‌ပြောပြီး ရှောင်းကျန့်ကိုသူ့လက်မောင်းပေါ်ခေါင်းအုံးစေ၍ရင်ခွင်ထဲသို့ထည့်ထားပြီး ခါးသိမ်သိမ်လေးကိုလည်းတင်းကျပ်စွာဖက်ထားသည်။
ရှောင်းကျန့်လည်းရိပေါ် ကိုမော့ကြည့်ပြီးတွေးနေလိုက်သည်။
*ရိပေါ်ရယ် မင်းအရမ်းရူးတာပဲ မင်းသာတစ်ခုခုဖြစ်ရင်ငါဘာဖြစ်သွားမလဲတောင်မသိဘူး ငါမထင်ထားတဲ့ဟာကိုမင်းတကယ်လုပ်လိုက်မယ်လို့ငါလုံးဝမထင်ထားဘူး ငါလည်းမင်းကိုအရမ်းချစ်တာပေါ့ကိုရယ်*

Please love once in my lifetime 💚❤️(Completed)Where stories live. Discover now