Part 15

541 20 0
                                    

Zawgyi
"စုန့်လန်ရာ မင်းစဉ်းစားကြည့် အေ့ ကိုယ်ချစ်နေတဲ့သူက အေ့ ကိုယ့်အရှေ့မှာမျက်ရည်ကျတာကို ထိုင်ကြည့်နေရတာလည်း ဝဠ်ကြွေးတစ်မျိုးပဲကွ...တနေ့ကကောကငါ့ကိုချစ်တယ်တဲ့...ဟော မနေ့ကကျတော့ သူ့ချစ်ရတဲ့သူအတွက်မျက်ရည်ကျတယ်...ငါဘယ်လိုဖြေသိမ့်ရမလဲ အေ့ ပြီးတော့ ငါကကောတို့ကြားထဲဗီလိန်အကြီးစားဖြစ်နေပြီထင်တယ်"
ကျိရန်တစ်ယောက် ရှောင်းကျန့်ကိုအိမ်ပြန်ပို့‌ပြီးကတည်း စုန့်လန်ကိုခေါ်၍ အသစ်ဖွင့်ထားတဲ့Barဆိုင်လာကာ ငိုယိုပြီး ရင်ဖွင့်နေရှာသည်။

"အေးပါကွာ မင်းခံစား‌နေရတာတွေလည်းငါနားလည်ပါတယ်ကွာ ဒါပေမယ့်သူငယ်ချင်းကိုယ်ချစ်မရှာနဲ့သူချစ်ရှာဆိုတဲ့စကားလည်းရှိသေးတယ်လေကွာ...တစ်နေ့ကျရင်မင်းကိုတကယ်မြတ်မြတ်နိုးနိုးနဲ့ချစ်တဲ့သူပေါ်လာမှာပါကွာ"

"ဟက် သူကကောမှမဟုတ်တာ ငါချစ်တာကောလေ ဟုတ်တယ် အေ့ ကောလည်းငါ့ပဲချစ်ရမယ် ငါနဲ့ကောနဲ့ကချစ်သူတွေပဲဖြစ်နေပြီ"

"ဟျောင့် မင်းသောက်နေတာများနေပြီ တော်တော့"

"မများသေးပါဘူးကွာ ငါဒီလောက်နဲ့မမူးပါဘူး"
မမူးသေးဘူးဆိုလို့ စုန့်လန်လှမ်းကြည့်တော့ ကျိရန်မူးလား၊မမူးလား မျက်လုံးကမပွင့်တော့ဘူး ပါးစပ်ကလည်းကောကိုချစ်တယ်ချည်းပဲထပ်တလဲလဲ စုန့်လန်သူ့သူငယ်ချင်းကိုကြည့်ပြီး သက်ပြင်းသာလိမ့်ချနေတော့သည်။

"အေ့ ဒီမှာတွေ့လား ပုလင်းတွေကုန်နေပြီလေ ထပ်ချလေ ဪ...အလိုက်သိမှပေါ့"

"ကျိရန်မင်းတော်တော့ အရမ်းများနေပြီ"

"အေ့ ဘယ်မှာများလို့လဲ???မင်းမတားနဲ့ ငါကောကိုမမေ့မချင်းသောက်မယ် ငါ့ကိုတားတဲ့သူကငါရန်သူပဲ အေ့"

"လာပါကွာ ပြန်ရအောင်သူငယ်ချင်းကလိမ္မာတယ်"
စုန့်လန် ကျိရန်ကိုချော့ပြောပြီး အိမ်ပြန်ဖို့ဆွဲထူတော့ ကျိရန်အတွဲမခံပဲစုန့်လန်ကိုဆောင့်တွန်း၍ ယောင်တိုင်တိုင်နဲ့တစ်ယောက်တည်းလျောက်သွားသည်။
စုန့်လန်လည်း အနောက်ကနေအမြန်လိုက်၍

"ကျိရန်ဘယ်သွားမို့လဲ???ပြန်ရအောင်"

"မပြန်ဘူးကွာ မင်းပြန်တော့"
စုန့်လန်ကိုတစ်ဖန်ဆောင့်တွန်းပြီး ထွက်သွားပြန်သည်။
ကျိရန်တစ်ယောက်လျောက်နေရင်း ဘယ်သွားလို့သွားရမှန်းမသိလည်နေတာမို့ tolietရှေ့ရပ်နေတုန်း tolietထဲကထွက်လာတဲ့လူတစ်ယောက်သူ့ကိုဝင်တိုက်တာကြောင့် ဖင်ထိုင်လျက်လဲကျသွားသည်။

Please love once in my lifetime 💚❤️(Completed)Where stories live. Discover now