Part 47

575 25 0
                                    

Zawgyi
ဘာလိုလိုနဲ့ရှောင်းကျန့်USသွားရမယ့်ရက်သို့ရောက်လာခဲ့သည်။

"သားရေ ကျန့်ကျန့်လေး ဆင်းလာခဲ့တော့လေ...လေယာဉ်ချိန်မမှီပဲနေဦးမယ်သားရေ..."
ရှောင်းကျန့်တော်တော်နဲ့မဆင်းလာသေးလို့ ရှောင်းမားလှမ်းခေါ်လိုက်ခြင်းဖြစ်သည်။ရှောင်းကျန့်မှ

"ဟုတ်မား သားခုဆင်းလာပြီ..."
ရှောင်းကျန့် ကုတင်ပေါ်မှထကာ luggageကိုဆွဲ၍ အခန်းတစ်ခန်းလုံးလိုက်ဝေ့ပတ်ကြည့်ကာ အမှတ်မထင်ပဲစားပွဲ‌ပေါ်မှာထောင်ထားတဲ့ဓာတ်ပုံဘောင်လေးကိုတိုက်မိသွားသည်။
အောက်ကျသွားတဲ့ ဓာတ်ပုံကိုကောက်၍ ကြည့်လိုက်‌တော့ သူနဲ့ရိပေါ်နဲ့အတူတူရိုက်ထားတဲ့ပုံလေး ထိုပုံကိုရှောင်းကျန့်ကြည့်နေရင်းမျက်ရည်တွေအထိန်းကွပ်မဲ့ကျလာပြန်သည်။
ရှောင်းကျန့်မျက်ရည်တွေကိုဆွဲသုတ်လိုက်ပြီး ဓာတ်ပုံကိုနေရာတကျထားကာ အခန်းထဲကထွက်လာလိုက်သည်။‌
ရှောင်းကျန့်အောက်ဆင်းလာတော့ အောက်ထပ်မှာအားလုံးရောက်နေကြပြီ...
ရှောင်းကျန့်‌ဝမ်မားရဲ့အနောက်ကို သူမျှော်လင့်တောင်းတနေတဲ့သူများပါလာမလားဆိုပြီး မသိမသာလှမ်းကြည့်မိသည်။

"ရှောင်းကျန့် သွားရအောင်..."
ဟောက်ရွမ်းပြောပြီး ရှောင်းကျန့်ရဲ့ luggageကိုကားအနောက်ခန်းထဲထည့်လိုက်သည်။
ရှောင်းကျန့် အိမ်ရှေ့လေးမှာမိနစ်အနည်းငယ်ကြာ ရိပေါ်တို့အိမ်ကိုမော့ကြည့်နေမိသည်။‌
သူအသက်တမျှချစ်ရတဲ့‌သူလေးရဲ့အရိပ်အယောင်လေးများ‌တွေ့မလားဆိုပြီး‌နောက်ဆုံးမတွေ့တဲ့အဆုံး ရှောင်းကျန့်လည်းသက်ပြင်းချကာ ကားထဲ‌ဝင်လိုက်သည်။
ဝရံတာမှာ ငုတ်တုတ်လေးထိုင်ကာ ပါးစပ်ကိုလက်နဲ့အုပ်၍ ရှိုက်ကြီးတငင်ငိုနေတဲ့ကောင်လေးလည်းရှိနေခဲ့သည်။
.
.
.
ရှောင်းကျန့်တို့လေဆိပ်ရောက်တော့ ရှောင်းမားမှသားဖြစ်သူလက်ကိုအုပ်ကိုင်၍

"သားကျန့် ဟိုမှာလေးလေးစကားနားထောင်နော်သား ပြီးတော့ ညတိုင်းလိုလိုမားကိုဖုန်းဆက်...သားလေးမုန့်ဖိုးလိုရင်လည်း လှမ်းတောင်းနော်သား..."

"ဟုတ်ကဲ့ပါမား မားသာနေကောင်းအောင်နေ ပါးရောပဲ မားကိုလည်းဂရုစိုက်နော်ပြီးတော့ ကိုယ့်ကိုကိုယ်လည်းဂရုစိုက်နော်ပါး..."

Please love once in my lifetime 💚❤️(Completed)Where stories live. Discover now