Part 15

1.1K 59 12
                                    

Zawgyi
"ကျဲ!!!"
ရှောင်းကျန့် အိမ်ထဲရောက်ရောက်ချင်း သူ့ကျဲကိုပြေးဖက်ပြီး ကလေးလိုစချွဲတော့သည်။

"ကျဲနော် ခုမှပဲလာလည်တော့တယ်...ဒီကကျန့်ကျန့်လေးကို မေ့နေတာမလား...ဟွန့်"

"ကျန့်ကျန့်လေးရယ် ကျဲကသတိရနေတာ...ကြည့်ပါဦး ကျန့်ကျန့်လေးကချောလာလိုက်တာ...ဒါနဲ့ဒီကမောင်လေးက..."
ကျဲ ရိပေါ်ကိုလက်ညှိုးထိုးပြီး ရှောင်းကျန့်ကိုမေးလိုက်သည်။
ရှောင်းကျန့်မှ

"ကျန့်ကျန့်လေးရဲ့သူငယ်ချင်း ဝမ်ရိပေါ်..."
ဝမ်ရိပေါ် လည်းပြန်ပြုံးပြပြီး

"ဟုတ်ကျဲ တွေ့ရတာဝမ်းသာပါတယ်..."
ကျဲမှ ရိပေါ်အနားကပ်သွားကာ

"အဲ့ဆို ကျဲမောင်လေးလိုပဲသဘောထားမယ်နော်...ကျဲ ရိပေါ်လေးရဲ့ပါးကိုကိုင်ကြည့်လို့ရမလား..."

"‌ဗျာ..."

"ကျဲချစ်လို့ပါ...ရိပေါ်လေးရဲ့ပါးကဖောင်းအိနေတာပဲ ကိုင်ကြည့်လို့ရလား..."
ရိပေါ် ခေါင်းလေးငြိမ့်ပြလိုက်သည်နဲ့တစ်ပြိုင်နက် ကျဲရိပေါ်နားကပ်ထိုင်၍ ပါးလေးကိုလက်ညှိုးလေးနဲ့ထိုးကြည့်သည်။

"ဟယ်...ကြည့်ပါဦး ပေါက်စီလုံးလေး ကျနေရော..."
ဖဲရှင်းလေး အူတို၍ ရိပေါ်နဲ့သူ့မားအလယ်တွင် ထိုင်ပြီး

"မားးး ရှင်းလေး ပါးလည်းဖောင်းတယ်လေ...အင့် မ‌ယုံရင်ကိုင်ကြည့်..."
ရှင်းလေး သူ့ပါးတစ်ဖက်ကို‌ဖောင်းကာ ပြောလိုက်သည်။

"ဟုတ်ပါ့တော်...မားသားလေးက ပိုပြီးကိုင်လို့ကောင်း...လာပါဦး မားမွှေးကြည့်ဦးမယ်...မွ..."
ရှင်းလေးတစ်ယောက် ရိပေါ်နဲ့ရှောင်းကျန့် ကိုမျက်စပစ်ပြပြီး အောင်နိုင်သူအပြုံးဖြင့်...ရှောင်းကျန့်မှ

"ကျဲတို့အကြာကြီး နေဦးမှာမလား..."
ကျဲ ရှောင်းကျန့်ဆံပင်လေးသပ်တင်၍

"မဟုတ်ဘူး ကျန့်ကျန့်လေးရဲ့ ကျဲကခဏနေ မင်းယောက်ဖလာခေါ်ရင်သွားရမှာ...ရှင်းလေးကို မနက်ဖြန်ညနေလောက်မှ လာပြန်ခေါ်မှာ..."

"ဘယ်သွားကြမို့လဲ ကျဲ..."

"ဪ...ရှင်းလေးတို့အဖိုး နေသိပ်မကောင်းလို့ဆေးရုံတင်ထားရတယ်...သိတယ်မလား...ဆေးရုံကြီးကျတော့လည်း ရှင်းလေးကိုမခေါ်သွားချင်ဘူး အဲ့ကြောင့် ကျဲဒီမှာလာထားတာ...ဒီကိုမရောက်တာကြာပြီ..ပြီးတော့ ကျန့်ကျန့်လေးနဲ့‌ဒေါ်လေးနဲ့ကိုသတိရလို့..."
ရှောင်းကျန့် ခေါင်းလေးတစ်ငြိမ့်ငြိမ့်ဖြင့်

Please love once in my lifetime 💚❤️(Completed)Where stories live. Discover now