ထို့နောက်မှာတော့....အဖွဲ့မှူးနင် တကယ်နိုးလာလေတယ်။

".....ထန်းရှောင်"
အဖွဲ့မှူးနင်က ရုတ်တရတ် မျက်လုံးပွင့်လာပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်တယ်။

"!!! အဖွဲ့မှူးနင်! ရှင်နိုးလာပြီလား!"

ထန်းရှောင်မှာ မရှိတဲ့မျက်ရည်တွေတောင် ပြိုဆင်းလုနီးပါးပင်။

အဖွဲ့မှူးနင်က ဖြည်းဖြည်းချင်း သူ့ကိုယ်သူထူပြီး ထထိုင်လိုက်တာကြောင့် ထန်းရှောင်အမြန်ပဲ သူ့နောက်ကျောဘက်မှာ ခေါင်းအုံးတစ်လုံးနဲ့ ခုပေးလိုက်တယ်။

ရုတ်တရတ် ထလိုက်တာကြောင့် ကိုယ်ပေါ်လွှမ်းခြုံထားတဲ့စောင်က အောက်ကို အနည်းငယ် လျှောကျသွားတယ်။
စောင်မရှိတော့တာကြောင့် သူ့ခန္ဓာကိုယ်ပေါ်မှာ ရှိနေတဲ့ အမှတ်ရာတွေကို ရှင်းရှင်းလင်းလင်းကြီး မြင်နေရကာ ထန်းရှောင်မှာ မျက်ကြောတွေတောင် နာကျင်လာတယ်။

အဖွဲ့မှူးနင်က ၇နာရီ၈နာရီနီးပါးလောက် အိပ်ပျော်သွားကာ သူ့မျက်လုံးတွေက အခုချိန်ထိ အနည်းငယ် မိန်းမောရီဝေနေတုန်းပင်။

ထန်းရှောင် သူ့ဆီက ထွက်လာမဲ့စကားစကို အသံတိတ်စွာ စောင့်နေလိုက်တယ်။

"ဘယ်သူလဲ?"

အဖွဲ့မှူးနင်ရဲ့ စိတ်အခြေအနေက ပုံမှန်အနေအထားဆီ ပြန်ရောက်သွားတဲ့အချိန်မှာ ပထမဆုံး သူမေးလိုက်တာက ထိုဟာပင်။

(Eng T/N: အဖွဲ့မှူးနင်ရဲ့ "ဘယ်သူလဲ"ဆိုတာက သူ ဘယ်သူနဲ့ အိပ်ခဲ့မိတာလဲဆိုတာကို မေးလိုက်တာပါ)

ထန်းရှောင် အပြစ်မကင်းစွာနဲ့ မျက်နှာကျက်ကို မော့ကြည့်လိုက်ပြီး ဘာမှမသိသလို ရူးချင်ယောင်ဆောင်လိုက်တယ်။

အဖွဲ့မှူးနင်ရဲ့မျက်နှာက လငပုတ်ဖမ်းသလို မည်းနက်လာတယ်။

"အဲဒါက မင်းလား, ချောင်ရိကျင်လား ဒါမှမဟုတ် မူချောင်လို့ မပြောနဲ့"

အဖွဲ့မှူးနင်ရဲ့စကားကြောင့် ထန်းရှောင်မှာ အမြီးတက်နင်းခံလိုက်ရတဲ့ ကြောင်လို ဆွေ့ဆွေ့ခုန်သွား​လေတယ်။
"ဘယ်လိုလုပ်ပြီး ကျွန်မ ဖြစ်နိုင်ရမှာလား! ဒါရိုက်တာချောင် နဲ့ မူချောင်ကမှ ဖြစ်ရင်ဖြစ်နိုင်အုံးမယ်, ကျွန်မကတော့ လုံးဝမဟုတ်ဘူး!"

အရှင်​မင်းကြီး ​ကောင်းကင်​ဘုံကို မကြွ​သေးဘူးလားWhere stories live. Discover now