Chapter 12 : Why Should It? (A)

Start from the beginning
                                    

ယွိစစ်ကျယ်နဲ့တွေ့ဆုံပြီးနောက်ပိုင်းက ဖြစ်ပျက်ခဲ့တာတွေကို ပြန်စဉ်းစားကြည့်တော့ သူနဲ့တွေ့ရတာက ကံကောင်းတာပဲလား ကံဆိုးတာပဲလားဆိုတာ ဖန့်ချူသိပ်မသေချာတော့ပါ..။

ဝမ်ထောင်းရဲ့မျက်လုံးတွေ ပြူးကျယ်လာကာ ကြောက်ရွံရှုပ်ထွေးမှုတွေ ရောယှက်နေတယ်..။ သူက အဖေဖြစ်သူကို ကြည့်ကာ

"မာမားကို ... သရဲတစ်ကောင်က ခေါ်သွားတာလားဟင်..? သူပြန်လာမှာလား.."

ဝမ်ဖုန့်မျက်နှာ မှောင်မိုက်သွားပြီး သူက လှေကားတစ်လျှောက်ပြေးဆင်းလာကာ မျက်နှာထားတင်းတင်းနဲ့
"အဲ့ဒီမှာ သရဲရှိနေဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ!"

ဝမ်ထောင်းက
"ဒါပေမယ့်.. "

ဝမ်းဖုန့်က ဒေါသတကြီးနဲ့
"ဒါပေမယ့်ဆိုတာမျိုး မရှိဘူး!.."

သူ ဒါကိုပြောပြီးသွားတော့ အသံကိုပြင်းထန်သွားတယ်လို့ ခံစားလိုက်ရတယ်..။ ဖြစ်ပျက်သမျှ ထူးထူးဆန်းဆန်းကိစ္စရပ်တွေက သူ့ရဲ့ ကမ္ဘာကြီးပေါ်အမြင်ကို အဆုံးမရှိ စမ်းသပ်နေသလိုဖြစ်နေတယ်..။ သူ့အနေနဲ့ ဒီ့ထက်ပိုပြီးလည်း စိတ်အေးအေးမထားနိုင်တော့ပဲ သူကလေးကို နားလည်အောင်ပြောပြရမယ်ဆိုတာ နားလည်တယ်..။

သူက အသက်ပြင်းပြင်းတစ်ချက်ရှူပြီး ဝမ်ထောင်းဆီရှေ့ ထိုင်ချလိုက်တယ်..။

"ဒီကမ္ဘာကြီးပေါ်မှာ သရဲတစ္ဆေဆိုတာမရှိဘူး.. နားလည်လား.."

ဝမ်ထောင်းက သူ့ရဲ့အောက်နှုတ်ခမ်းစလေးကို ကိုက်ထားကာ ဖအေဖြစ်သူကို ကြည့်လိုက်တယ်..။ သို့သော် ငြင်းတော့မငြင်း..။

ဝမ်ဖုန့်က တစ်ဖက်လှည့်လာကာ ဖန့်ချူနဲ့အခြားသူတွေကို ပြောလိုက်တယ်..။

"ရှောင်ရှန်းက ဖြူဖျော့နေပြီဆိုတော့ သူ့ကိုအရင်ကြည့်ကြရအောင်လေ.."

ဒီအပြောက လူတိုင်းကို သူတို့ရဲ့ကြောက်ရွံမှုနဲ့ ထိတ်လန့်မှုတွေဆီကနေ ပြန်ဆွဲခေါ်လိုက်တယ်..။ ဒါနဲ့ သူတို့တွေ မြန်မြန်ပဲ ပိုင်ရှောင်ရှန်းကို အတူမလိုက်ကာ စားပွဲတစ်လုံးပေါ်တင်လိုက်တယ်..။ သူတို့က ဆားနဲ့ရေနွေးကို အနံရှူစေခြင်းနည်းကို အသုံးပြုခဲ့ကြပြီး များမကြာမီ ပိုင်ရှောင်ရှန်းက ဖြည်းဖြည်းနိုးလာတော့တယ်..။

ရပ်နား / သဘာဝလွန်လောကထဲမှာ ချစ်ကျွမ်းဝင်ခြင်းWhere stories live. Discover now