အပိုင်း ၁၃၄ (အတွေ့အကြုံရင့်တဲ့အစားချစ်သူ)

Start from the beginning
                                    

သခင်လေးကျိုးရဲ့ စီးပွားရေးက တော်တော်လေး အောင်မြင်နေပြီပဲ! ဒီကလူကြီးက မိန်းကလေးယွီယူလာတဲ့ ဘဲသားပေါင်းကို ကျိန်ရှုံစားသောက်ဆိုင်ကိုယ်စား မြည်းပေးခွင့်ရှိမလား?

ဘဲသားပေါင်းကိုမြည်းကြည့်ဖို့ စောင့်နေတဲ့ ယွမ်စီနျန်က နှစ်ယောက်သား စီးပွားရေးအကြောင်း ဆွေးနွေးနေကြတာကို မစောင့်နိုင်တော့လို့ စိတ်မရှည်စွာနဲ့ပဲ မေးလိုက်တယ်။

အစားရှေ့ရောက်ပြီဆို အသားကုန်ကြိတ်ချင်နေတဲ့ သူ့အဘိုးကြောင့် ယွမ်ယွင်ရှီးတစ်ယောက် သူ့မျက်နှာကို လက်ဖြင့်သာ အုပ်ထားမိတော့တယ်။ ဒီလိုအချိန်မှာ အစားအသောက်ရှေ့ရောက်ရင် အငမ်းမရဖြစ်တတ်တဲ့ သူ့အဘိုးကို သူ့အနေနဲ့ မသိချင်ယောင်သာ ဆောင်ထားလိုက်ချင်သည်။

ကျိုးကျီရွှီဟာ ယွမ်ယွင်ရှီးရဲ့ အခင်မင်ဆုံးသူငယ်ချင်းဖြစ်တဲ့အလျောက် သူ့သူငယ်ချင်းရဲ့ အဘိုးအကြောင်းကိုလည်း သူသိတယ်လေ။ ဒါကြောင့်သူဟာ ကောင်းကောင်းမွန်မွန်နဲ့ပဲ

အဘိုးယွမ်ရယ်... အဘိုး ဒီမှာမရှိရင်တောင် ကျွန်တော်မျိုးက ဒီက အတွေ့အကြုံများပြီး အစားကြိုက်တဲ့ လူကြီးမင်းကို တကူးတကဖိတ်ပြီးတော့တောင် မှတ်ချက်တွေ ပေးခိုင်းဦးမှာပါဗျာ... ရှေ့လျောက် လူကြီးမင်းရဲ့ စာမေးပွဲအောင်မှပဲ ကျိန်ရှုံစားသောက်ဆိုင်က ဟင်းပွဲသစ်ကို မိတ်ဆက်ပေးမှာပါ

ယွမ်စီနျန်က တတိယသခင်လေးကျိုးရဲ့စကားကြောင့် ကျေနပ်သပဖြစ်နေတော့တယ်။ သူဟာ ကမန်းကတန်း ပင်မဧည့်ခန်းထဲက စားပွဲမှာ နေရာယူလိုက်တယ်။ ထိုင်ပြီးပြီးချင်း သူ့ရဲ့ မုတ်ဆိတ်ကို ပွတ်သပ်လိုက်ရင်း ရှောင်ချောင်းကို စောင်းကြည့်ကာ

မိန်းကလေး... ဘဲသားပေါင်းကို လာမချသေးဘူးလား?

ကျိုးကျီရွှီက ကောင်းကင်ကို တစ်ချက်ကြည့်လိုက်တော့ နေ့လယ်တောင် မရောက်သေးဘူးဆိုတာ သတိပြုမိလိုက်တယ်။ သူတို့ မနက်စာ စားထားတာမှ မကြာသေးတာကို ခု နေ့လယ်စာ စားကြတော့မလို့လား? သူ့အနေနဲ့ အဘိုးယွမ်ဟာ ဘဲနှပ်ကို မြည်းကြည့်ဖို့ အတော်လေး စိတ်အားထက်သန်နေတာကို သိပေမဲ့လို့ နေ့လယ်စာအစုံအလင်အတွက် ပြင်ဆင်စရာရှိတာတော့ ပြင်ရဦးမယ်မလား?

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now