အပိုင်း ၁၃၃ (ကြမ္မာဖန်သောတွေ့ဆုံမှု)

Start from the beginning
                                    

ဒီပုတ်ထဲက ဒီပဲ ဆိုတဲ့ စကားပုံအတိုင်းပဲ အမျိုးသမီးရှုံက အမျိုးသမီးလီနဲ့အတူတူပင်။ သူမက အပျင်းကြီးပြီး လောဘကြီးတဲ့အပြင် လူတွေရဲ့ နောက်ကွယ်မှာ ပြောဆိုတတ်တဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အတင်းသမားတစ်ယောက်ဖြစ်တယ်။ ထိုအကြောင်းကြောင့်လည်း ရွာထဲက အိမ်ထောင်ရှင် အမျိုးသမီး အများစုနဲ့ အငြင်းပွားလေ့ရှိတယ်။ တုန်ရှန်းရွာထဲမှာတော့ အမျိုးသမီးလီအပြင် သူမနဲ့စကားပြောချင်တဲ့ ဒုတိယတစ်ယောက်ကို ရှာနိုင်ဖို့ ခက်ခဲလှတယ်။

ရှောင်ချောင်းက သူမကို မခေါ်ချင်ပေ။ သူမရဲ့စရိုက်ကြောင့်သာမဟုတ်ဘဲ ပိုအရေးကြီးတာက သူမရဲ့ ကိုယ်အလေးချိန်ကြောင့် ဖြစ်တယ်။ သူမက ပေါင်၂၀၀ ကျော်လောက်ရှိတာမို့ သူမရဲ့ မီးခိုးရောင်လေး ခြေကုန်လက်ပန်းကျသွားမှာကို စိတ်ပူမိတယ်။

သို့သော်လည်း သူတို့က တစ်ရွာတည်းဖြစ်တာကြောင့် သူမသာ သူ့ကိုခေါ်မသွားရင် ထိုမိန်းမကြီးက သူမတို့မိသားစုအကြောင်း တစ်ရွာလုံးကို သွားပုတ်လေလွင့် ပတ်ပြောဦးမှာပင်။ ရှောင်ချောင်းက ပြုံးပြဖို့ သူမကိုယ်သူမ အားတင်းလိုက်ရင်း

ဦးလေးလျိုဇနီး တက်ခဲ့လိုက်လေ!

အမျိုးသမီးရှုံက သဘောတူလိုက်ပြီး လှည်းလေးရဲ့အနောက်ကနေတက်လိုက်တယ်။ သူမရဲ့လှုပ်ရှားမှုက မီးခိုးရောင်လေးကိုတောင် လန့်သွားစေတယ်။ မီးခိုးရောင်လေးက လူတစ်ယောက်လိုမျိုး လှည့်လာကာ သူ့အနောက်ကို စိုက်ကြည့်လိုက်ပြီး အနည်းငယ် မြည်ဟီးလိုက်တယ်။ သူ့ရဲ့အသံက သူသဘောမတူ ကြောင်း ပြောနေသလိုပင်။

အရင်တစ်ခေါက်က မင်းတို့မိသားစု ဝယ်ခဲ့တဲ့ သေလုနီးပါးဖြစ်နေတဲ့ မြည်းကလေးမလား သူ့ရဲ့ကံက တော်တော်လေးကောင်းတာပဲ မသေခဲ့ဘူးကိုး! ဒါပေမဲ့လည်းသူက တော်တော်လေး ပိန်လွန်းနေတော့ အလုပ်အရမ်းလုပ်နိုင်မှာ မဟုတ်ဘူးပဲ!

သူမက မြည်းလေးအပေါ်သက်ရောက်နေတဲ့ သူမရဲ့ ကိုယ်အလေးအချိန်အကြောင်း မတွေးပေ။ အဲ့ဒီအစား ရှောင်ချောင်းရဲ့ မြည်းလေးကိုသာ အပြစ်တင်နေလေတယ်။ သူမက စိတ်ပျက်စရာကောင်းတဲ့ မိန်းမကြီးပင်။ ရှောင်လျန်က အမြဲတဲ့တိုး ပြောတတ်တာမို့

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now