Vol 3 : Chapter 3

Start from the beginning
                                    

ယုဇီကျွေး ၏ အပြုအမူများမှာ အလွန်တရာ ကျွမ်းကျင်သွက်လက်နေရုံသာမက လင်းရှ သည် သူအလောင်းကောင်လို အိပ်ပျော်နေသည့် အချိန်များတွင်လည်း ထိုကြီးမြတ်လှသည့် ဗီလိန်မှ သူ့အား မရေမတွက်နိုင်အောင် သန့်ရှင်းရေး လုပ်ပေးခဲ့လိမ့်မည်မှန်း သေချာသွားရ၏ ……

" မလုပ် …… အစ်ကို …… ကိုယ်တိုင် …… ဆေး။ "

သူသည် သူ့လျှာကို အနည်းငယ် လှုပ်ရှား၍ရနိုင်ကြောင်း သတိထားမိသွားသောအခါ ခက်ခက်ခဲခဲဖြင့် စကားလုံးအချို့ကို ပြောလိုက်လေသည်။

ယုဇီကျွေး သည် ရုတ်တရက် တန့်သွားသော်လည်း လုပ်လက်စကို မရပ်ပဲ ထိုအစား မပြောင်းမလဲဖြင့် ပြန်မေးလာ၏။

" မင်းက အခုလှုပ်နိုင်ပြီတဲ့လား ? "

လင်းရှ သည် သူ့လက်ကို ကြိုးစားမြှောက်ကြည့်လိုက်သော်လည်း ယင်းမှာ ကီလိုငါးရာမျှရှိနေသည့်အလား လှုပ်နိုင်သည်ဆိုရုံလေးသာ လှုပ်နိုင်သောကြောင့် အောက်ပြန်ချလိုက်ရလေသည်။

ယုဇီကျွေး ၏ လည်ဇလုပ်သည် အကြိမ်အနည်းငယ်ခန့် မသိမသာ တုန်လှုပ်သွား၏။ လင်းရှ သည် ခေါင်းထဲတွင် နည်းလမ်းတကျမတွေးနိုင်ပဲဖြစ်နေသည့်အတွက် ဒီအတိုင်းသာ တိတ်တဆိတ်သာနေလိုက်ပေသည်။ ပွင့်ပွင့်လင်းလင်းပြောရလျှင် သူသည် ဤဗီလိန်ဘော့စ်ဖြစ်သူ ယုဇီကျွေး ၏ သူ့အပေါ်ခံစားချက်များကို တည့်တည့်ရင်မဆိုင်ပဲ မသိချင်ယောင်ဆောင်ကာ ရှောင်ရှားခဲ့လေသည်။ အရင် ယုဇီကျွေး သည် ပို၍ ချစ်စရာကောင်းပြီး တစ်ခါတစ်လေ သူနှင့် လွတ်လွတ်လပ်လပ် နေတတ်သလို ပြီးလျှင်သူ၏ မာနကြီးကာ အလိုလိုက်ခံထားရသည့်ပမာ အကျင့်ကိုလည်း ထုတ်ပြလာတတ်ပေ၏ ……

ယုဇီကျွေး သည် သူ၏ သွယ်လျကာ လက်ဆစ်များထင်းနေသော လက်ချောင်းလှလှများဖြင့် လင်းရှ ၏ ရင်ဘတ်မှ ဝမ်းဗိုက်အောက်ပိုင်းအထိ ဖြည်းညင်းစွာ ခပ်ဖွဖွ ပွတ်သပ်လာလေသည်။ သူ၏ အပြုအမူများမှာ သဘာဝကျလှသော်လည်း တစ်ဆက်တည်းမှာပင် မသင့်တော်သည့် အတွေးများကို ပေါ်ပေါက်လာစေချေ၏။ လင်းရှ ၏ကျောမှာ တုန်ယင်သွားကာ သူသည် မတ်တပ်ရပ်ပြီး ထွက်ပြေးလိုက်ချင်မိသည်။ သူသည် မသက်မသာဖြင့် ခေါင်းကိုတစ်ဖက်သို့ စောင်းလိုက်သော အခါတွင်မူ ရေပြင်ထက်မှ သူ၏ ပိန်ညောင်ကာ သနားစရာကောင်းလှသည့် ရုပ်ရည်ကို ဖျတ်ခနဲ တွေ့မိလိုက်ရ၏။ ထိုမြင်ကွင်းမှာ ထိတ်လန့်စရာကောင်းလွန်းလှရာ သူသည် ရုတ်တရက် ထခုန်မိလုနီးပါးပင် ဖြစ်သွားရလေသည်။ ကြည့်ရတာတော့ သူအတွေးလွန်နေမိပုံပင်၊ ဒီလိုမျိုး လူလိုလို သရဲလိုလို ကြည့်ရဆိုးလွန်းတဲ့ ရုပ်မျိုးနဲ့ဆိုတော့၊ ယုဇီကျွေး က ဒီအတိုင်းသူ့ကို ကုပေးချင်နေတာပါပဲ။

Transmigrating into a mob character to rehabilitate the villain's plan(mm trans)Where stories live. Discover now