သို့ပေမဲ့လည်း ထန်းရှီရဲ့နောက်ကြောင်း ရာဇဝင်ကို ပြန်လိုက်လိုက်ရရင် သူမနှုတ်ကထွက်သမျှ တောင်တစ်လုံး မြောက်တစ်လုံးကို အရမ်းကြီးယုံကြည်နေလို့ မရပြန်ဘူး။

ထိုကဲ့သို့သော ဒွိဟဖြစ်ဖွယ် အကြောင်းရင်းတွေကြောင့် နောက်ဆုံးတော့လည်း လူတိုင်းရဲ့ ဦးတည်ထားတဲ့ပစ်မှတ်က တခြားဆီရောက်သွားတော့တယ်။

မိုးလေးတစ်ဖွဲဖွဲကများ ရာရာစစ
စုမူကျိရဲ့လူကို စနှိုက်ကြော်ချင်တယ်ပေါ့လေ?!!!

မကြောက်မရွံ့များ!!

ဘယ်ကနေ သတ္တိတစ်ပုံတစ်ခေါင်း ရလာတာလဲ!

သေချာတာ သူမမျက်စိကန်းနေလို့ပဲ ဖြစ်ရမယ်!

ထန်းရှီရဲ့ခေါင်းထိပ်က "စုမူကျိရဲ့တရားဝင်ဇနီးသည်" ဆိုတဲ့ ပိုင်ဆိုင်မှုပြ အမည်နာမကြီးကိုတောင် သူမ တကယ် မမြင်ရဘူးလား!

ပြီးတော့လည်း မင်းက ထန်းရှီကို သွားဆွဲဆောင်ရဲသေးတယ်!

ထိုအချိန်မှာတော့ အွန်လိုင်းဖြစ်နေတဲ့လူတွေဟာ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကို ကြည့်ရူဖို့ရာအတွက် လိုင်းပေါ်မှာမရှိနေတဲ့ သူတို့ရဲ့အပေါင်းအပါတွေကေိုပါ စိတ်အားတက်ကြွစွာနဲ့ အမြန်ဆက်သွယ်ကုန်ကြတော့တယ်။

စုမူကျိက ထန်းရှီလေးအပေါ် ခုန်အုပ်ပြီး ခွေးတစ်ကောင် ​မွေးထုတ်စေခဲ့တယ် ဆိုတဲ့ သတင်းက လျင်မြန်စွာ ဖုံးလွှမ်းခံလိုက်ရတယ်။

ထိုခေါင်းစဉ်က ပြောဆိုဆွေးနွေးရတာ ပျော်စရာကောင်းပေမဲ့လည်း လက်ရှိဖြစ်ပေါ်နေတဲ့ ထိတ်လန့်စရာ အတင်းအဖျင်းအသစ်လောက်တော့ ဆွဲဆောင်မှု မရှိခဲ့ပေ။

ဒီနှစ်က လုံးဝကို သာမန်နှစ်တစ်နှစ် မဟုတ်ဘူးတာတော့ အမှန်ပင်။

ထန်းရှီနဲ့ စုမူကျိတို့စုံတွဲရဲ့ သတင်းတွေက LanRe Serverရဲ့ သတင်းအကြောင်းအရာတွေထဲမှာ ထိပ်စည်းသတင်းတွေအဖြစ် ဖော်ပြခံရတော့လေတယ်။

[World] မိန်းမလှငါးရာ ဝန်းရံထားတဲ့ နတ်ပြည်က မင်းရဲ့ဘိုးအေကြီး: "ဖာခ့်***, ကမာ္ဘကြီးက ပြောင်းလဲတာ မြန်လိုက်တာ, လိုက်တောင် မမီနိုင်တော့ဘူး။ ငါ့ကို တစ်ခုလောက် မေးခွင့်ပြုပါ, မိုးလေးတစ်ဖွဲဖွဲရေ...မင်း ထန်းရှီလေးကို အမြဲမုန်းနေခဲ့တာ မဟုတ်ဘူးလား?"

အရှင်​မင်းကြီး ​ကောင်းကင်​ဘုံကို မကြွ​သေးဘူးလားWhere stories live. Discover now