သူမကို လုချီယွမ် တစ်ခုခု လုပ်ခိုင်းချင်နေတာလို့တော့ ခန့်မှန်းမိသည်။

ဒါပေမယ့် အကူအညီတောင်းမယ့်သူက ဒီလိုအချိုးနဲ့ ဆိုတော့ တကယ်ပဲ သူမကို လွယ်လွယ် ထိန်းချုပ်နိုင်မယ်လို့ ထင်နေသလား ?

“ ပြောစရာရှိတာကိုဖုန်းထဲကနေပဲပြောလိုက်ပါ .. မေမေနဲ့ ခြိမ်းခြောက်စရာ မလိုပါဘူး .. အဖေရယ် အရင်တစ်ခါ ဆေးရုံကိုလာခဲ့တုန်းက မေမေ့အခြေအနေကိုတောင် မမေးဘူးနော် .. အဟွန်း .. မမေးပေမယ့်လည်း ပြောပြရဦးမယ် .. မေမေက အမြန်နှုန်းနဲ့ သက်သာလာတာ သိလား .. အနာက ကျက်တော့မယ် .. ချုပ်ရိုးတွေလည်း ဖြေခါနီးပြီ၊ ခုနေ အဖေ သူ့ရှေ့မှာ ထပ်ပေါ်လာခဲ့ရင်တောင် ခွေခနဲ ခေါက်ခနဲ ဖြစ်တော့မှာ မဟုတ်ဘူး.. ”

“ ကျွန်မကို အဖေက သမီးလို မဆက်ဆံပေမယ့် မေမေကတော့ သူ့သမီးလေးမို့ ဂရုစိုက်တုန်းပဲ။ အဖေ ကျွန်မကို သူနဲ့ ကိုင်ခြိမ်းခြောက်တာမျိုး မေမေက အဖြစ်ခံမှာ မဟုတ်တာမို့ ကျွန်မအနေနဲ့ စိုးရိမ်စရာ မရှိပါဘူး .. နောက်ပြီး အခု အဖေက သူ့လူနာခန်းထဲတောင် ဝင်ခွင့်ရတာ မဟုတ်ဘူး .. ကော်ရစ်တာကနေပဲ ရုတ်ရုတ်သဲသဲလုပ်လို့ရမှာ၊ အဲ့ဒီလို ကိုယ့်ပေါင်ကိုယ်လှန်ထောင်းချင်တာဆိုရင် ကျွန်မက ပိုပြီးတော့တောင် ကျေးဇူးတင်ပါသေးတယ် .. အင်တာနက်လောကသားတွေအားလုံး သိကြတာပဲ .. ကျွန်မရဲ့အဖေတူ အမေကွဲညီမလေးက ကျွန်မကောင်လေးကို ဖြတ်ခုတ်သွားတာလေ၊ အဲ့တော့ သူတို့အနေနဲ့ ဘာများပြောစရာရှိသေးလို့တုံး .. ကျွန်မတစ်ယောက်ပဲအရှက်ကွဲမယ်လို့ ထင်နေတာလား .. ဟင် .. အဖေလည်း မလွတ်ဘူးနော် .. အဖေပါပြီဆိုရင် လုချီလည်း လွတ်မှာ မဟုတ်တာ သေချာတယ်.. သူလေးက မီဒီယာတွေရဲ့အချစ်တော်လေး ဖြစ်နေတော့ ခုနေ တစ်ခုခုသာ ထဖြစ်ကြည့်ပါလား.. ဝိုင်းဆွဲကြလိမ့််မယ် .. ဒါကြောင့်မို့လို့ ပြောစရာရှိနေရင် ပြောသာပြောလိုက်ပါ .. မဟုတ်ရင်လည်း ပြောမနေနဲ့တော့ ”

အကူအညီတောင်းမယ့်သူက သူမမှမဟုတ်ဘဲ..

လုချီယွမ်ကြောင့် လုမန်ခံစားရတာတွေများပြီ.. ဒါပေမဲ့ ခုတော့ သူ လုမန်ကိုမထိန်းနိုင်တော့ဘူး..

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now