အပိုင်း(၃)

74.1K 4.2K 455
                                    

Naung Group တွင် ကောင်လေးတစ်ယောက်ဖိုင်များကိုရင်ဝယ်ပိုက်ကာ လမ်းလျှောက်လာခဲ့သည်။ခန္ဓာကိုယ်ကခပ်ညှပ်ညှပ်လေးဖြစ်တာကြောင့်ဖိုင်များနဲ့အတူ သူရဲ့ခန္ဓာကိုယ်လေးပါဖုံးကွယ်လို့နေသည်။

"ဘုန်း"

ဖိုင်များပိုက်ထားလျက်ထိုင်ရက်လေးပင်လူတစ်ယောက်နှင့်ဝင်တိုက်မိပြီးပြုတ်ကျသွားသည်။ဖိုင်များဘေးမှာပြန့်စာကျဲနေပြီးတိုက်မိသွားတဲ့အချိန်ကြောင့်နာသွားသည့်အတွက်သူမထနိုင်တော့ပဲ သူနဲ့တိုက်မိလိုက်တဲ့လူကိုကျိန်စာတိုက်လိုက်သည်။

"မျက်မမြင်ကောင် လူတစ်ယောက်လုံးကိုတောင်မမြင်ဘူးလား"

ခွန်းနောင်စစ်က လဲကျနေသောကောင်လေးကိုလက်ကမ်းလိုက်ကာ

"ဒီ မျက်မမြင်ကောင် ကခင်ဗျားကိုဝင်တိုက်မိတဲ့အတွက်လည်းတောင်းပန်ပါတယ်"

နွေဦးခန့်ကထိုအသံကိုကြားဖူးသယောင်ရှိ၍မော့ကြည့်လိုက်သောအခါ

"ကို ခွန်းနောင်စစ် ကျွန်တော်တောင်းပန်ပါတယ် မမြင်လိုက်လို့ပါ မျက်မမြင်ကောင်ဆိုတာလဲကျွန်တော်ပါပဲ"

ခွန်းနောင်စစ်ရယ်လိုက်မိသည်။သူရှေ့ကကောင်လေးကသူ့ကိုအဲ့လောက်တောင်ကြောက်တတ်တာလားပေါ့။

"ဟုတ်ပြီ ဒါဆိုလည်း မင်းထသင့်ပြီထင်တယ် ငါလက်လည်းညောင်းနေပြီ"

ခွန်းနောင်က ကမ်းနေသောသူရဲ့လက်ကကို ခါပြတော့ချက်ခြင်း နွေဦးကဆွဲကာ ထလိုက်သည်။

"ကောင်းဘေးနားကဖိုင်တွေကိုသယ်လာခဲ့ ငါဒီအရှုပ်ထုပ်ကိုသယ်မယ်"

ပြောလည်းပြောနေရင်း ခွန်းနောင်ကရုတ်တရက်ပင် နွေဦးခန့်ကိုပွေ့ချီလိုက်သည်။ ကုမ္ပဏီထဲမှ အလုပ်သမားများကထိုမြင်ကွင်းကိုမြင်ပြီး တီးတိုးပြောနေကြသည်။ ခဏအကြာမှ ခွန်းနောင်ကိုယ်ပေါ်မှ ကောင်လေးတစ်ယောက်ရဲ့ အသံထွက်လာသည်။

"လွှတ် ကျွန်တော့်ကိုအောက်ချပေး ကိုခွန်းနောင်စစ် ကျွန်တော် ခင်ဗျားအပေါ်ကိုဘာများအမှားလုပ်မလို့လဲဗျာ တောင်းပန်ပါတယ် ကျွန်တော်မှာ ရောဂါသည်အမေလည်းရှိသေးတယ် ကျွန်တော်ကိုလွှတ်ပေးပါနော်",

𝙼𝚢 𝙷𝚞𝚜𝚋𝚊𝚗𝚍 𝙸𝚜 𝙿𝚜𝚢𝚌𝚑𝚘  _complete_Where stories live. Discover now