အပိုင်း(၉)

47.2K 3K 76
                                    

"မောနင်းပါနွေ မောင်မင်းအတွက် ပေါင်မုန့်နဲ့ ‌ကော်ဖီပဲပြင်ပေးထားတယ်နော်ထစားလိုက်အုံး"

နွေဦးကအဖက်ပင်မလုပ် စောင်ခေါင်းမြီုးခြုံလျက်အိပ်နေသည်။ထို့အခါ ခွန်းနောင်က နွေဦးစောင်ကိုဆွဲဖယ်လိုက်သည်။

"ဘာဖြစ်နေတာလဲခွန်းနောင်စစ်"

"နွေကလည်း မောင့်ကို ခွန်းနောင်စစ်လို့အရှည်ခေါ်နေတာမမောဘူးလား အသံကိုချွေတာပါအုံး မောင့်ရဲ့နွေ အော်သံက ညဘက်မှ‌နားထောင်လို့ကောင်းတာအဲ့တော့မောင်လို့ပဲခေါ်ပြီးတော့ မောင်ကိုယ်တိုင်ကော်ဖီဖျော်ထားပေးတာနော်"

"ငါကော်ဖီမကြိုက်ဘူး"

"မောင်မင်းကိုနွားနို့တိုက်ဖို့စဉ်းစားသေးပါတယ်ဒါပေမယ့် မောင်က ညကျမှသီးသန့် နွေ့ကိုတိုက်ချင်လို့"

ခွန်းနောင်စစ်ကိုနွေဦးခေါင်းအုံးနှင့်ထုရိုက်လိုက်သည်။တစ်ကိုယ်လုံးမလှုပ်ချင်‌နေရတဲ့အထဲ ဒင်းကအခုထက်ထိကို အရှိန်ကိုမလျော့နိုင်ဘူး။

"စတာပါ မပူနဲ့မောင်မင်းကို မထိသေးပါဘူး အချိန်တစ်ခုထိတော့စောင့်အုံးမယ် တော်ကြာ ဒီနေ့ထပ်လုပ်လိုက်မှ မောင့်ရဲ့နွေလေးကိုတစ်သက်လုံးမစားလိုက်ရဖြစ်သွားမယ်"

"ခွန်းနောင်စစ်....."

"ဗျာ...."

အားလုံးသိထားကြတဲ့အတိုင်း ကြောက်စရာမာဖီးယားကြီးခွန်းနောင်စစ်ဘယ်များရောက်နေပါသလဲပြန်ခေါ်လာပေးကြအုံး......

"ငါဒီနေ့မင်းနဲ့စကားရည်မလုနိုင်သေးဘူးမောင် အဲ့တော့ ငါနားပါရစေ....."

ခွန်းနောင်စစ်မျက်နှာတစ်ခုလုံးမှိုရတဲ့မျက်နှာမျိုးဖြစ်သွားသည်။အရယ်ပြုံးနည်းတတ်တဲ့ကောင်လေးကအခု ဖြူစင်သောအပြုံးလေးတစ်ခု ထွက်ပေါ်လာလျက် နွေဦးခန့်ကို ဆွဲပွေ့လိုက်သည်။

"မောင်လို့နောက်တစ်ခေါက်ထပ်ခေါ်ပါအုံး...."

"ခုနကမင်းစိတ်ကျေနပ်အောင်ခေါ်ပေးတာဟုတ်ပြီလား အဲ့တော့ ထပ်မခေါ်နိုင်တော့ဘူး"

"မောင်လို့မခေါ်ရင် အခုချက်ခြင်းတွေ့ရာလူတစ်ယောက်ကိုမင်းရှေ့တင်သတ်ပေးမယ်စမ်းကြည့်မလား ငါလည်းအခုရက်ပိုင်းလူမသတ်ရတာကြာနေပြီ"

𝙼𝚢 𝙷𝚞𝚜𝚋𝚊𝚗𝚍 𝙸𝚜 𝙿𝚜𝚢𝚌𝚑𝚘  _complete_Where stories live. Discover now