အပိုင်း(၂၁)

44K 2.6K 60
                                    

လွန်ခဲ့သောတစ်ပတ်က

"ကိုနောင်...မာန်သစ္စာဒီနေ့ ထိုင်းကနေပြန်လာဖို့ရှိပါတယ်"

"ရောက်တာနဲ့ ငါဂိုဒေါင်မှာသူ့ကိုတွေ့ချင်တယ်မှန်လုံခန်းထဲ ထည့်ထားလိုက်"

"ကောင်းပါပြီကိုနောင်"

လေဆိပ်တွင်ကောင်လေးတစ်ယောက် တစ်ယောက်ယောက်ကိုဖုန်းဆက်ရန်ပြင်တော့အနီးနားသို့ လူတစ်စုကလာပြီး

"မာန်သစ္စာမလား ကျွန်တော်တို့သူဌေးကတွေ့ချင်တယ်ပြောထားလို့ပါ"

"မင်းတို့သူဌေးကဘယ်သူလဲ ငါနဲ့တွေ့ဖို့ဘယ်သူ့မှမချိန်းထားဘူး"

ပြော‌နေတဲ့စကားပင်မဆုံးသေး အိမ်မက်ကမ္ဘာထဲသို့မျောလွင့်နေလေပြီ။

ဒီနေ့ Moe Group ရဲ့ ရှယ်ယာအများဆုံးပိုင်ရှင်လာမည်ဖြစ်သောကြောင့်ကုမပဏီတွင်လူတိုင်း အလုပ်များနေသည်။ Moe Group ရဲ့ CEO ကတောင်တစ်ခါမှမမြင်ဖူးတဲ့ရှယ်ယာရှင်လာမှာကို သေချာပြင်ဆင်နေရသည်။

"သားမိုးခဏနေ့ သူလာတာနဲ့သေချာဆက်ဆံပေး‌ကြားလား"

"ဟုတ်ကဲ့ပါအန်ကယ်မပူပါနဲ့..."

ကုပ္ပဏီဝန်းထဲသို့ ကား ၇ စီးပြိုင်တူဝင်လာခဲ့သည်။မြင်သူတိုင်းငေးလောက်တဲ့ကားကောင်းစားများတင်မကပဲ ကားပေါ်တွင်လည်း Suit အပြည့်ဖြင့်ဝတ်ထားတဲ့ သူများစွာလည်းပါသည်။

ခဏအကြာ ကားတစ်စီးပေါ်မှာ အနက်ရောင် Suite အပြည့်ဝတ်ထားတဲ့အမျိုးသားတစ်ယောက်ဆင်းလာသည်။ကားပေါ်က ဆင်းလာကတည်းက ကုပ္ပဏီအဝင်ဝတွင် CEO ကအစ ခေါင်းငုံနှုတ်ဆက်လျက်ရှိသည်။

"မင်းက မိုးထက်ယံလား....."

မာထန်တဲ့အသံမျိုးမဟုတ်ပဲငုံစိုက်နေတဲ့ကောင်လေးနားရပ်ကာမေးတော့ မိုးထက်ကခေါင်းမော့လျက်...

"မင်းက ခွန်းနောင်စစ်...."

မိုးထက်ဘေးနားတွင်ရပ်နေကြတဲ့ CEO နဲ့အတူတစ်ခြားအလုပ်အမှုဆောင်များကအံဩနေလျက်

"သားတို့ကသိနေကြတာလား...."

"ဒါက......"

မိုးထက်ကဖြေရန်ကြံတော့ခွန်းနောင်က မိုးထက်ပုခုံးကိုဖက်၍

𝙼𝚢 𝙷𝚞𝚜𝚋𝚊𝚗𝚍 𝙸𝚜 𝙿𝚜𝚢𝚌𝚑𝚘  _complete_Onde histórias criam vida. Descubra agora