အပိုင်း(၂၅) 𝙵𝚒𝚗𝚊𝚕

64.2K 2.8K 111
                                    

နံနက်ခင်းရဲ့ ဖြာထွက်လာနဲ့နေရောင်နဲ့အတူနိုးထလာခဲ့သည်။ စိုးရိမ်စိတ်များစွာနဲ့စောင့်နေခဲ့တဲ့နေ့လေးလည်းနောက်ဆုံးတော့အောင်မြင်စွာကျော်ဖြတ်လာနိုင်ခဲ့ပြီ။

ဆေးရုံကုတင်ဘေးတွင် သူ့ရဲ့လက်လေးကိုတင်းကြပ်စွာဆုပ်ကိုင်ထားလျက် အိပ်‌ပျော်နေလျက်ရှိသည်။ အားတင်းကာ ခေါ်လိုက်သော နာမ်စားလေးတစ်ခု....

"မောင်........"

အသံကတိုးညှင်းသော်ငြား အိပ်နေတဲ့ကောင်လေးနိုးထလာကာ သတိရနေတဲ့နွေဦးကိုမြင်တော့ ပြုံးကာ

"နောက်ဆုံးတော့ နွေနိုးလာပြီ! မောင်ညကရူးမတတ်ဖြစ်နေတာမင်းသိလား မင်းသာသတိမရရင် မောင်တကယ်ဘာလုပ်မိမလဲမသိဘူး"

"ကလေး ကလေးတွေရော....."

"သူတို့နဲ့တွေ့ချင်လို့လား မောင်သွားခေါ်ပေးမယ်"

"အင်း...."

ခွန်းနောင်ကအပြင်သို့ထွက်သွားပြီးနောက်
ခဏအကြာလက်ထဲတွင် ချီလာသော ပိုးတုံးလုံးလေးနှစ်ယောက်ကို နွေဦးကမြင်တော့ မျက်ရည်ဝဲကာ.....

"ဒါ မောင့်နဲ့နွေရဲ့ ကလေးတွေလား......"

ခွန်းနောင်ကပြုံးကာ

"ဟုတ်ပါတယ်ဗျာ..."

ခွန်းနောင်ကသူလက်ထဲကကလေးငယ်တစ်ယောက်ကို နွေလက်ထဲထည့်ပေးလိုက်သည်။

နွေဦးလက်ထဲတွင် ရှိနေတဲ့ကလေးငယ်လေး ထိုသူက ‌ခွန်းစစ်ရတုနွေတဲ့ တကယ့်ကို မိတ္တုကူးထားတဲ့အတိုင်း တစ်ယောက်သူသောနဲ့တူညီနေသည်။

မျက်လုံးလေးကို အားတင်းကာဖွင့်ဟန်နှင့် သူ့ကိုချီထားတဲ့ဖခင်အသစ်လေးကို မော့ကြည့်နေလေသည်။နွေဦးတစ်ယောက်သူလက်ထဲက ကလေးငယ်ကို ကြည့်ရင်းနဲ့ ပျော်ရွှင်နေသည်ထင်ပါ့ မျက်ရည်ဝဲတက်လာသည်။

ဒီ ခွန်းစစ်ရတုနွေ နဲ့ခွန်းစစ်ငြိမ့်ညောင်းဟန် ဆိုတဲ့လူသားလေးနှစ်ယောက်က သူသိပ်ချစ်ရတဲ့သူနဲ့ရတာသတဲ့လား။

"မောင်ပေးထားတဲ့နာမည်လေးတွေကို နွေကြိုက်လား ......"

"အင်းကြိုက်တယ်......"

𝙼𝚢 𝙷𝚞𝚜𝚋𝚊𝚗𝚍 𝙸𝚜 𝙿𝚜𝚢𝚌𝚑𝚘  _complete_Место, где живут истории. Откройте их для себя