အပိုင်း(၇)

51.4K 3.3K 110
                                    

မင်္ဂလာဦးညကတည်းကစပြီး ခွန်းနောင်စစ်နဲ့နွေဦးမျက်နှာချင်းမဆိုင်သည်မှာ ၁ပတ်ခန့်ပင်ရှိနေပြီဖြစ်သည်။ ခွန်းနောင်က ညဘက်လောက်မှပြန်လာတတ်ပြီး တစ်ခြားအခန်းတွင်အိပ်လေ့ရှိသည်။မနက်ဆိုလည်း နွေဦးမထခင်ကတည်းကထထွက်သွားပြန်သည်။

"အကိုလေးခွန်းနောင် အကိုလေးကညနေကျရင်သွားစရာရှိတယ်ပြောတယ်"

ကြီးထွေးကမရဲတရဲလေးနှင့်ခွန်းနောင်ကိုပြောလိုက်သည်။ခွန်းနောင်က မျက်နှာရှုံမဲ့သွားလျက်
လက်ထဲကကော်ဖီခွက်ကိုအောက်သို့ပစ်ချလိုက်သည်။

"ကြီးထွေးအားတော့နာပေမယ့် နေလည်ကျရင်ကောင်းလင်းထက်ဆီက လစာလိုသလောက်ထုတ်ပြီးရွာပြန်ပါတော့ ကြီးထွေးမြေးအတွက်ပါလိုအပ်တာအကုန်ဝယ်သွား လိုသလောက်ပိုက်ဆံတောင်းသွားဒါပေမယ့်တစ်ခုပဲ ညနေမတိုင်ခင်ရွာပြန်ပေးပါ"

ခွန်းနောင်က အတည်ပေါက်ပြောလာတဲ့စကားကြောင့်ကြီးထွေး‌လန့်နေသည်။

"ဟုတ်ပါပြီကွယ် ဒါနဲ့ သားတို့အတွက်ကကော?"

ခွန်းနောင်က မဲ့ပြုံး ပြုံးလျက်

"အိမ်မှာ ဘယ်သူမှအလကားနေလို့်မရဘူးပြီးတော့နွေဦးခန့်မှာလည်းလက်တွေပါတယ်အဲ့တော့ကြီးထွေးစိတ်ဖြောင့်ဖြောင့်သွား"

ထိုစကားများကိုဧည့်ခန်းအပြင်ဘက်မှာကောင်ငယ်လေးကြား‌သည်။

"‌ခိုးကြည့်နေလည်းဘာမှမထူးဘူး ထွက်ခဲ့"

"ငါဘယ်သူ့ကိုမှခိုးမကြည့်ဘူးခွန်းနောင်စစ်"

ကြီးထွေးကသူတို့နှစ်ယောက်ကြားမှအပြင်သို့ထွက်ခဲ့သည်။ခွန်းနောင်က ကော်ဖီခွက်ကိုကိုင်လျက် ခုံပေါ်တွင် ခြေထောက်ချိတ်ကာထိုင်နေသည်။

"မင်းခိုးနားထောင်နေတာဆိုတော့မင်းကြားတဲ့အတိုင်းပဲ အခုကစပြီးအိမ်နဲ့ပက်သတ်တာအကုန်မင်းလုပ်ရမယ်"

နွေဦးက ခွန်းနောင်ဒီလိုလုပ်ရတဲ့အကြောင်းရင်းကိုမ‌သိပေမယ့် သူလက်မခံနိုင်ပါ။

"ခွန်းနောင်စစ် ငါဒါတွေမလုပ်နိုင်ဘူး အထူးသဖြင့်မင်းနဲ့ပက်သတ်တာတွေ"

𝙼𝚢 𝙷𝚞𝚜𝚋𝚊𝚗𝚍 𝙸𝚜 𝙿𝚜𝚢𝚌𝚑𝚘  _complete_Where stories live. Discover now