အပိုင်း(၂၄)

42.1K 2.5K 114
                                    

ဆေးရုံကပြန်လာပြီးကတည်းက ကားပေါ်မှာဓါတ်ပုံလေးတစ်ပုံကိုစိုက်ကြည့်နေသည်မှာကြာနေပြီဖြစ်သည်။

"မောင်.....မောင်ရေ....."

"ဟမ်အင်း နွေဘာဖြစ်လို့လဲ..."

"ဒီပုံကိုပဲကြည့်နေတာဘာဖြစ်လို့လဲ...."

"မောင်ထပ်ချစ်ရမယ့်သူ‌ကနှစ်ယောက်တောင်တဲ့ တော်လိုက်တဲ့ မောင် ဟုတ်တယ်မလား!"

နွေဦးကခွန်းနောင်ကိုရိုက်ကာ

"ဘာကိုတော်တာလဲ!"

"တစ်ခါတည်း နှစ်ယောက်တောင်လေ ဒါဘယ်လိုတောင် မိုက်လဲ"

"တော်လိုက်ပါတော့ မောင်ရယ်"

"နွေမပြောစေချင်လဲရပြီ မောင်မပြောတော့ဘူးဟုတ်ပြီလား"

ကားပေါ်တွင်နှစ်ဦးသားပြုံးရယ်သံများပြည့်နှက်နေသည်။ဒီလိုနဲ့ Naung စံအိမ်သို့ရောက်လာသည်။

"မောင်မျက်နှာကြီးကလည်း နည်းနည်းတော့ပြုံးစမ်းပါ"

ခွန်းနောင်က ရွဲ့စောင်းပြီးပြုံးတော့

"မောင်...နွေ့ကိုချစ်ရင် နွေပြောစကား‌နားထောင်ပေးလေ~"

"အင်းပါ မောင်သိပါပြီ"

စံအိမ်သို့ ၁၀နှစ်ကျော်သည့်အထိမရောက်ခဲ့တဲ့သူကအခုက သူခြေထောက်နဲ့သူမဖိတ်ခေါ်ပဲလာတယ်တဲ့။

ဦးနောင်မျိုးကိုက အံဩနေ၍

"သားခွန်းနဲ့သားနွေဒီကိုဘယ်လိုလုပ်ပြီး...."

နွေဦးကပြုံးရယ်ပြကာ

"ဒါကအန်ကယ်ကို ပြစရာလည်းရှိတာရယ်ပြီးတော့ ခွန်းနောင်က အန်ကယ်နဲ့ပြောစရာရှိလိုတဲ့"

"ဘယ်လို ခွန်းနောင်စစ်ကငါနဲ့ပြောစရာရှိတယ်?"

"ဟုတ်တယ်မလားမောင်..."

နွေဦးကအမှုယာဖြင့်ခွန်းနောင်ကိုပြောတော့

"အာ ဟုတ်တယ် ပြောစရာရှိတယ်"

ဦးနောင်မျိုးကိုသတိထားလိုက်မိသည်။ကြည့်ရတာတော့ သူတို့နှစ်ဦးအဆင်ပြေနေတယ်ထင်ပါ့။

ခွန်းနောင်စစ်ဆိုတဲ့လူသားကိုနိုင်တဲ့သူလည်းပေါ်လာပြီဆိုတော့ ငါအသေဖြောင့်ပါပြီ။

𝙼𝚢 𝙷𝚞𝚜𝚋𝚊𝚗𝚍 𝙸𝚜 𝙿𝚜𝚢𝚌𝚑𝚘  _complete_Where stories live. Discover now