Extra _4

22.6K 933 94
                                    

"ခွန်းနောင်စစ် ခဏလောက်အိမ်ကိုပြန်ကြွ"

Company မှာဖျက်လို့မရတဲ့ကိစ္စရှိပေမယ့်
ချစ်သောသူက ပြန်ကြွပေးဟုပြောသော
ကြောင့် ချက်ခြင်းပင်ထကာ အိမ်သို့ပြန်ရပေသည်။အိမ်ထဲသို့ရောက်ရောက်ချင်းမြင်
လိုက်ရသည်က သားဖြစ်သူမှာဒူးထောက်
လက်မြှောက်နေရခြင်းသာ ချစ်သောသူကတော့ဆိုဖာပေါ်တွင်ဒူးကိုချိတ်လျက်လက်ကို
ပိုက်ကာ သူ့အားစိုက်ကြည့်နေသည်။ခွန်း
နောင်တစ်ယောက်လည်း သားဖြစ်သူကိုကျော်ကာချစ်သောသူနားသွား၍

"ဘာများဖြစ်နေလို့လဲ Babe "

ပြန်မဖြေလာကတည်းက မိုးတထစ်ချုန်းရွာတော့မယ်ဆိုတာသိလာပြီဖြစ်သည်။ ဒူး
ထောက်လက်မြှောက်ထားရတဲ့ဆယ်ကျော်
သက်ကောင်ငယ်လေးမှာတော့သူ့ ဒယ်ဒီ
ဖြစ်သူကိုအကြည့်တွေဖြင့်အကူညီတောင်းခံနေလျက်ရှိသည်။ထိုအခါဒယ်ဒီဖြစ်သူက
လည်းခေါင်းလေးခါကာ ဘေးကချစ်သူ
ကိုယ်လေးကိုဖက်တော့ရုန်းလိုက်တော့မှ

"ငါ့အသားကိုထိဖို့မကြိုးစားပါနဲ့ကိုခွန်း
နောင်စစ်"

ချက်ခြင်းလက်လေးကိုဖယ်လိုက်ပြီးမျက်နှာ
ငယ်လေးဖြင့်ချစ်ရသူကိုကြည့်ကာ

"မောင့်ကိုပြောမှ ဘာဖြစ်လဲဆိုတာသိမှာလေဗျာ ဘာဖြစ်လို့လဲလို့။"

ထိုအခါ မျက်လုံးစိမ်းများကရောက်လာပြီး

"မဟုတ်တာလုပ်တာများလွန်းလို့ မေ့နေတာလားကိုခွန်းနောင်စစ်ခင်ဗျာ"

မနေနိုင်တဲ့အဆုံးသားဖြစ်သူက

"ဒယ်ဒီဂိုဏ်းထဲမှာသားလုပ်နေတာသိသွားပြီလို့"

နွေဦးခန့်ကသားဖြစ်သူကိုစိုက်ကြည့်နေရင်း

"ဆက်ပြောမင်းဘာလုပ်ထားလဲဆိုတာ"

"ပြီးတော့ သားဒယ်ဒီနဲ့အတူတူလုပ်နေတာတွေပါသိကုန်တာ။"

အဲကွန်းအခန်းထဲမှာချွေးစေးတွေကျလာတာကခွန်းနောင်စစ်ပင်။

"ဘာများပြောစရာရှိသေးလဲအကိုခွန်း
နောင်စစ်"

"ဒီမှာမောင်ရှင်းပြမယ် ..."

"တော်စမ်းပါ ငါမင်းကိုပြောထားပြီးသားနော် ငါ့သားကိုလုံးဝမင်းအလုပ်တွေနဲ့မပက်သတ်မိစေနဲ့လို့။"

𝙼𝚢 𝙷𝚞𝚜𝚋𝚊𝚗𝚍 𝙸𝚜 𝙿𝚜𝚢𝚌𝚑𝚘  _complete_Where stories live. Discover now