အပိုင်း(၁၃)⚠︎

49.9K 2.8K 186
                                    

Rated 🚨

လွန်ခဲ့သောတစ်နာရီခန့်က......

"အခုချက်ခြင်း ခန့်မိုးမင်းဆိုတဲ့မိဘအိမ်ကိုသွားပြီးရင် သူ့သားလင်နောက်သွားတယ်ပြော သူတို့ရပ်ကွက်မှာပါသတင်းဖြန့်လိုက်"

"ဟုတ်ကဲ့သူ‌ဌေး......"

ခွန်းနောင်ကဖုန်းကိုချလိုက်ပြီးနောက်ပြုံးလိုက်သည်။

"နောက်ဆုံးတော့အရှုပ်ထုပ်နှစ်ကောင်လုံးညားသွားပြီ"

******

ကောင်လေးနှစ်ယောက်နဲ့အတူ ‌အန်တီမျိုးတို့ဆိုဖာပေါ်တွင် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ...

"မေမေ သားရှင်းပြတာခဏလေးပဲနားထောင်ပေးပါ"

အန်တီမျိုးကလက်အမှုယာဖြင့်ရပ်ရန်ပြလို့်သည်။

"မင်းဘာဆက်လုပ်မှာလဲ...."

အန်တီမျိုးကကောင်းလင်းထက်ရဲ့ခေါင်းစခြေအဆုံးကိုကြည့်ပြီးနောက်တိကျပြတ်သွားစွာမေးလိုက်သည်။

"ဗျာ...."

ကောင်းလင်းထက်က "ဗျာ" လိုသာပင်ပြောနိုင်တော့သည်။သူတကယ်ဘာဆက်လုပ်ရမလဲကိုမသိတော့ပါ။သူရိုးသားတာကိုခန့်မိုးမင်းသိပေမယ့် အန်တီမျိုးကတော့ သူ့သားငြင်းလေပိုယုံလေပင်ဖြစ်သည်။ဒီတော့က.....

"အန်တီကျွန်တော်ကိုမေးနေတာလားဗျ..."

"အေးလေ ငါ့ရှေ့မှာမင်းပဲရှိတာ ဖြေ ဘာဆက်လုပ်မှာလဲ....ငါ့သားက ယောင်္ကျားလေးပဲမို့စားပြီးနားမလည်လုပ်တာလားပြောစမ်း"

အန်တီမျိုးချက်ခြင်းလေသံမာလာသည်။ခန့်မိုးကကြောက်ရွံ့နေကာမျက်နှာငယ်စွာဖြင့်ဝင်လဲမ‌ ပြောရဲတာကြောင့် ကြည့်နေသည်။

"ဖြေလေ...."

ပို၍တင်းမာနေလျက်....

"ကျွန်တော်မှသူ့ကိုဘာမှမလုပ်ထားတာ"

အန်တီမျိုးသူ့ရဲ့ခေါင်းကိုကိုင်လျက် ဆိုဖာပေါ်တွင်လဲကျသွားသည်။ထို့အခါနှစ်ယောက်လုံးက အန်တီမျိုးနားသွား၍

"မေမေ သတိထားပါအုံး‌"

"ဖယ်စမ်း ငါ့ကိုမထိနဲ့မင်းလို့သားမျိုးငါ့မှာမရှိဘူး မိဘရင်ကိုခြေစုံကန်တဲ့သားဟမ် အခုကြည့်လေ မင်းလင်ကလည်းမင်းကိုတာဝန်မယူတော့ဘူး"

𝙼𝚢 𝙷𝚞𝚜𝚋𝚊𝚗𝚍 𝙸𝚜 𝙿𝚜𝚢𝚌𝚑𝚘  _complete_Where stories live. Discover now