အပိုင်း(၁၉)

43K 2.6K 129
                                    

ဆေးရုံကဆင်းပြီးကတည်းက နှစ်ဦးသားသဘောတူညီထားတဲ့အတိုင်း နွေဦးက ခွန်းနောင် ဆီလိုက်နေသည်။

စံအိမ်အကျယ်ကြီးထဲမှာ အရင်က တိတ်ဆိတ်ငြိမ်သက်ခြင်းမရှိပေမယ့် ယခုအခါမှာတော့ တိတ်ဆိတ်လှသည်။

နိုးထလာသောမနက်ခင်းလေးတစ်ခုဒီနေ့လည်း ခွန်းနောင်စစ် အိမ်တွင်မရှိပါ။ကုတင်ဘေး၌သာ စာတစ်စောင်ထားခဲ့ပြန်သည်။

"မောင်မင်းအတွက် မင်းကြိုက်လောက်မယ့် အစားသောက်တွေပြင်ထားခဲ့တယ်နော် တစ်ခုခုလိုတာရှိရင်ဖုန်းဆက်လိုက်နော်မင်းမောင့်ကိုမြင်နေရရင်စိတ်ပင်ပန်းနေမှာဆိုးလို့ ချစ်တယ်နော်နွေ....."

နေ့ရက်တိုင်း အမြဲဖတ်နေရတဲ့စာလေးတစ်စောင်ကိုမြင်မိတော့ ရင်ဘက်ထဲတစ်ခုခုကဖိထားသလိုမွန်းကြပ်လာတာတော့အမှန်ပင်။

ဖြစ်နိုင်တာတော့ဟော်မုန်းအပြောင်းလဲကြောင့်ပဲနေမှာပါဟုတ်တယ်မလား....?

အရင်က ကြောက်စရာကောင်းတဲ့ခွန်းနောင်စစ် ပြန်လာတာအမှန်ပင်။နွေဦးဆေးရုံကဆင်းပြီးကတည်းကကုမဏီ မှာ ကိစ္စသေးသေးလေးကအစ အမြဲစိတ်ဆိုးနေတတ်သည်။

အရင်လို့ညှာတခြင်းမရှိတော့တဲ့အပြင် အရင်ခွန်းနောင်စစ်ပြန်ဖြစ်ခဲ့သည်။

ရုံးခန်းထဲတွင်ခုံကိုမှီလျက်မျက်လုံးလေးမှိတ်ကာအနားယူနေသည်။ခဏအကြာကောင်းလင်းကဝင်လာပြီး

"ကို...ကိုနောင်...ဟိုလေစုံစမ်းခိုင်းထားတဲ့ကိစ္စသိရပြီ"

"၁လပြည့်ခါနီးမှစုံစမ်းလို့ရတယ်ဆိုတော့ မင်းလူတွေ ဘာလုပ်နေလဲ?"

"အာ အဲဒါကလေ နောက်က‌လူက အရမ်းကို အာဏာရှိတဲ့လူတစ်ယောက်ဖြစ်နေလို့ပါ"

"ဖြေရှင်းချက်တွေပြောမနေနဲ့ ဘယ်သူလဲဆိုတာပြော!"

"အဲဒါ သူကမိုးထက်ယံပါ Moe Groupရဲ့ကိုယ်စားလှယ်ပါ "

"တောက်.....ဒီခွေးမသား!"

"ပြီးတော့....သူ...သူက...မော်ဒယ်မာန်သစ္စာနဲ့ဘာလိုလိုညာလိုလို...".

"ကျစ် အစကတည်းက အဲ့သကောင့်သားကိုအပြတ်ရှင်းခဲ့ရမှာ!"

"စိတ်လျော့ပါကိုနောင် အခုကျွန်တော်တို့ဘာလုပ်ရမလဲ???"

𝙼𝚢 𝙷𝚞𝚜𝚋𝚊𝚗𝚍 𝙸𝚜 𝙿𝚜𝚢𝚌𝚑𝚘  _complete_Dove le storie prendono vita. Scoprilo ora