အခန်း (၃၄)

Começar do início
                                    

"တို့တွေ လိုရင်းတိုရှင်းနဲ့ တိုက်ရိုက်ဘဲပြောကြတာပေါ့ဇေယျာ"

ကျွန်တော်ခေါင်းညိတ်ပြမိလိုက်လားမသေချာပင်မယ့် နေနွယ်ကစကားကိုဆက်သည်။

"ဇေယျာ ကို့ကို ချစ်နေတယ်ဆိုတာတို့သိပြီးသားပါ"

နေနွာ့်ကိုတစ်ချက်မျှကြည့်လိုက်ပြီးနောက်နေနွယ့်စကားတို့ကိုဆက်နားထောင်ကြည့်သည်။

"ကို့ဘက်ကနေ ဇေယျာ့အပေါာမရိုးသားဘူးဆိုတာလဲ တို့သိထားတယ်"

ပို၍အံ့ဩသွားရသည်။ ကျွန်တော့်ဘက်ကမောင့်ကိုခံစားချက်ရှိသည်ဆိုသည်မှာ ဟိုတခါ ရုပ်ရှင်ရုံသွားတည်းကပင် ထက်မြက်သောလူရိပ်ကဲခတ်တတ်သော နေနွယ်က မရိပ်မိဘဲနေမလားလေ။ သို့ပေမယ့် သူမနား တစ်ချိန်လုံးရှိနေသော‌ မောင်က ကျွန်တော့်အပေါာခံစားချက်ကို ကိုယ်တိုင်တောင်မနေ့ညကမှသိခဲ့ရသည်မဟုတ်ပါလား။

"အရမ်းအံ့ဩသွားသလားဇေယျာ၊ လူတစ်ယောက်ရဲ့ ပထမဆုံးအချစ်မဖြစ်ရင်တောင်နောက်ဆူံးအချစ်ဖြစ်ချင်တာ တို့ဆန္ဒဘဲ၊ ပထမဆုံးနဲ့နောက်ဆုံးအချစ်ကို တို့တစ်ယောက်တည်းက ရရင်တော့အကောင်းဆုံးပေါ့"

နေနွယ် ကန်ဘောင်ရဲ့တစ်ဖက်ဆီသို့ငေးရင်းစကားတို့အားဆက်သည်။

"သို့ပေမယ့် ဒုတိယလူဆိုတာလဲ ကြုံရနိုင်တာဘဲဇေယျာရဲ့၊ ဒုတိယလူဖြစ်ရတာဟာ ကံမဆိုးပေမယ့် အစားထိုးခံရတဲ့လူ ဖြစ်မှာကိုတော့တို့မလိုချင်ဘူး"

ကျွန်တော်ဘက်ကအသံတို့ ထွက်မလာနိုင်တော့ချေ။ နေနွယ့်ရဲ့စကားဦးတည်ရာတို့ဟာ ဘယ်ကိုဦးတည်သလဲဆိုတာ သူသိသည်။

"ဇေယျာ က တော်တဲ့လူငယ်တစ်ယောက်ဖြစ်သလို၊ ယောကျာ်းကောင်းတစ်ယောက်ပါ၊ အစားထိုးခံဆိုတာ မူလအရာ သို့မဟုတ် မူလလူပြန်ရောက်လာရင် ဖယ်ပေးရတာဘဲ၊ အတုဟာအစစ်လောက်မှမကောင်းနိုင်တာ"

စကားအရာမှာသိပ်ကိုကျွမ်းကျင်လွန်းတယ်။ စကားပြောတတ်တယ်။ စကားလုံးလှလှလေးတွေနဲ့ လူကိုအသေသတ်နိုင်စွမ်းရှိတယ်။ ကောလဟာလတွေအရ စကားလုံးနတ်ဘုရားမဆိုတဲ့ဂုဏ်နဲ့ညီတယ်။

"တို့နှစ်ယောက်လုံးက လူတစ်ယောက်တည်းကို ချစ်မိသွားကြတယ်။ ချစ်မိတာဟာအပြစ်မဟုတ်ဘူးဇေယျာ၊ ချစ်မိလိုက်လို့ ကိုယ်ရလာတဲ့ ကိုယ့်ရဲ့နေရာကသာ အပြစ်ဖြစ်တာ"

"တို့ က ဒီနှစ်ကုန်ရင် ဘန်ကောက်မှာ ကျောင်းတက်ဖို့စကော်လာရထားတယ်ဇေယျာ၊ အာ့အကြောင်းကို ကိုလဲသိပြီးပါပြီ"

နေနွယ်စကားကိုရပ်လိုက်ပြီးကျွန်တော့်ဘက်ကို ကြည့်ကာ

"တို့ဘာကိုဆိုလိုသလဲဆိုတာ ဇေယျာ ကောင်း‌ကောင်းသိမယ်လို့တော့ တို့ထင်တယ်၊ ပြန်လိုက်ပါအုံးမယ်"

နေနွယ်ထွက်သွားပြီးသည့်တိုင်ကျွန်တော်ထိုနေရာမှ မခွာနိုင်သေးပေ။ နေနွယ်ပြောသည်များကမှန်ပေသည်။ မောင့်ရဲ့ဘဝမှာ ပထမဆုံး သူငယ်ချင်းဖြစ်သော ပထမဆုံးချစ်ဖူးသော ၊ အမြဲမခွဲမခွာရှိနေဖူးသော ဆန့်ကျင်ဘက်လိင်ဖြစ်သော အမျိုးသမီးလေးတစ်ယောက်အပေါာထားရှိသော သံယောဇဉ်၊ တွယ်တာမှု ၊ အကြင်နာတွေ၊ ထိုအမျိုးသမီးလေးက ပြန်လည်ပေးအပ်လာသော ချစ်ခြင်းတွေ၊ နားလည်မှု‌တွေနဲ့ ဝေးကွာရမည်ဆိုသည့်အကြောင်း သူတွေးမိဖူးမှာမဟုတ်ပေ။ အခုလိုမျိုး ဝေးရမည်ဆိုသည့်အကြောင်းကို တွေးမိသည့်အချိန်မှာ သူ့ရဲ့မသိစိတ်ထဲက ဖြစ်ပေါာလာသောခံစားချက်ကို ကျွန်တော်နှင့်အတူ သာယာမိခြင်းဖြစ်ပေလိမ့်မည်။

ဤမျှနာကျင်စရာကောင်းလှသော အဖြစ်ကို ကျွန်တော်ဘယ်‌တုန်းကမှမလိုချင်‌ခဲ့ပေ။ သို့ပေမယ့် ကျွန်တော်ကိုယ်တိုင် မောင်သတ်မှတ်ပေးထားတဲ့ ထိုနေရာကို လိုလိုလားလား ယူခဲ့သ်ညမဟုတ်လား။ချစ်မိတာကိုး......။

Long time no see ....
သိပ်မကြာခင်မှာဇာတ်သိမ်းတော့မှာမို့ ဆက်အားပေးပါအူံး

Candy CrushOnde histórias criam vida. Descubra agora