အခန်း(၂၈)

636 20 2
                                    

မျက်ရည်တို့ဟာ တိတ်ဆိတ်စွာ ကျဆင်းလာသည် ။ ရှိုက်သံမထွက်အောင် ဝရံတာဘက်သို့ထွက်ကာ သူငိုချမိသည် ။ သူ့ရင်ထဲကဖော်မပြနိုင်အောင်ဖြစ်ပေါာလာသော အရာကိုဘယ်သူ့ဆီမှာဖွင့်ချပြရမလဲ ။ ဖုန်းကိုဖွင့်ကာ contactကိုနှိပ်မိတော့ "နွယ်"ဆိုတဲ့နပတ်လေးကို လက်ကရောက်သည် ။ သူ့လက်များက ခဏတုံ့ဆိုင်းသွားပြီးနောက် နှိပ်လိုက်သည် ။
~တူး...တူး...~

"ဟယ်လို..."

အိပ်ချင်းမူးတူးအသံနှင့်နွယ်ကပြန်ဖြေလာသည်။ ခုနကနောက်ကြည့်နေသော စိတ်တို့က ထိုအသံကြောင့် ကြည်လင်လာရသည်။
နေနွယ် ဖုန်းစခရင်ကိုတစ်ချက်ပြန်ကြည့်ကာ

"ဟယ်လို...ကိုဘာဖြစ်လို့လဲ"

"နွယ့်ကိုလွမ်းလို့"

နေနွယ် လှဲနေရာမှ သူတို့အတွက်နားဖို့ပေးထားသောအဆောင်မှ ထွက်လာလိုကသည် ။ တခြားလူတွေအိပ်နေပြီမဟုတ်လား။

"နွယ်တို့မနက်ကျရင် ပြန်လာတော့မှာပါကိုရဲ့"

တဖက်မှ အသံတို့က တိတ်ဆိတ်လို့နေသည် ။

"ဇေယျာ ဘယ်တော့ဆေးရုံဆင်းရမှာတဲ့လဲ"

"မနက်ဖြန် မနက်နွယ်"

"အော်...နွယ်တို့ဆေးရုံကိုလာကြိုမယ်လေ"

"အင်း...."

မိမိချစ်ရသူအသံကြားရုံနဲ့ သူဘာဖြစ်နေလဲ နေနွယ်မခံစားမိနိုင်ရိုးလား။

"ကို...."

"ဟင်"

ပြန်ထူးသံမှာတက်ကြွမှုမပါ ။ နေနွယ့်အားလွမ်းလို့ အခုလိုညဉ့်နက်တဲ့အချိန်မှာ ဖုန်းဆက်မယ့်သူမဟုတ်တာကို နေနွယ်သိပါသည် ။

"ဘာဖြစ်လို့လဲဟင်"

"နွယ့် ကိုလွမ်းလို့ပါ ၊ ဒါလေးပါဘဲ နွယ်"

"တခြားအဆင်မပြေတာကောမရှိဘူးလား"

"ဘာလို့ ကို့ကိုလဲ နွယ်ကလွမ်းပါတယ်လို့ပြန်မဖြေရတာလဲ နွယ်"

"လွမ်းတယ်ဆိုတာမျိုးက အတွေးတွေထဲ ကိုမရှိတဲ့အခါမျိုးမှပါ ၊ နွယ့်ရဲ့အတွေးတွေ၊ နွယ့်ရဲ့နှလုံးသားတစ်ခုလုံးမှာ ကိုကအမြဲရှိနေတော့ နွယ့်မှာလွမ်းဖို့အချိန်မရှိပါဘူး ...ကိုရယ်"

Candy CrushWhere stories live. Discover now