အခန်း(၂၃)

583 20 0
                                    

ဖုန်းချပြီးသည်နှင့် နေနွယ် နာရီကိုကြည့်မိသည်။ သူညနေလောက်ထဲက အိပ်ပျော်သွားသည်မို့ အခု တော့ ကိုယ်လက်သန့်စင်ပြီးမှ ပြန်အိပ်ဖို့ရာ တွေးသည်။

တကယ်တမ်းကျ မျက်လုံးကကြောင်သွားပြီဖြစ်ရာ လိုင်းသုံးဖို့ရာ တွေးလိုက်သည်။ လိုင်းဖွင့်ပြီးတော့ cbသို့သွားရာ‌ ဇေယျာဦး ဆိုသည့်‌အကောင့် မီးစိမ်းနေသေးသည်ကိုမြင်သည်။ ဒီတော့မှ နွယ့်မှာ တွေးစရာများပေါာလာတော့သည်။ လွန်ခဲ့သော သုံးလက
နွယ့်ကို မောင့်ရဲ့ရည်းစားလားဆိုပြီး စတင်မိတ်ဆက်ခဲ့သည်။ ထို့နောက် cbကနေတင် သူတို့ရင်းနှီးလာသည်။ အများအားဖြင့် ကို့အကြောင်းပြောဖြစ်သည်သာ။

နွယ်ကတော့ ကို့ချစ်သူ သူငယ်ချင်းကောင်းရစေချင်သည်။ ကို့ရဲ့ကလေးဆန်ဆန် ဆိုးမှုတွေကို သိပြီးသားမို့ ပြောပြခဲ့ဖူးသည်။ ကိုက
တစ်ယောက်တည်းသာ နေချင်ပေမယ့် တကယ်တမ်းကျ အထီးကျန်ဆန်တတ်သူ။ဖြစ်သည်။ သူ့နားရှိနေရင် သူ့နားကနေ ထွက်သွားမှာကို စိုးရိမ်နေတတ်သူဖြစ်သည်။

ဇေယျာ့ကို ထိုသို့သောအကြောင်းတွေလဲ ပြောပြဖူးသည်။ ကို့ရဲ့ အကြိုက်တွေ ၊ မကြိုက်တာတွေကောပေါ့ ။ သို့သော် ရုပ်ရှင်ကြည့်သည့်နေ့က ဇေယျာ၏ အကြည့်တွေ အပြောအဆိုတွေကို နွယ် ရိပ်မိသည်။ cbတွင်လဲ မောင်လို့သာသုံးနှုန်းသည် ။ ကားပေါာတွင်လဲ ‌ကို့ကိုသာ ကြည့်သည်။ ရုပ်ရှင်အကြောင်းဆွေးနွေးရာတွင်လဲ သူ၏ဆိုလိုရင်းများသည် ကို့ဆီသို့သာဖြစ်သည်။

ပြန်လာပြီးသည့်နောက် နွယ်သေချာအောင်ပြုလုပ်သည် ။ ဇေယျာက ကို့အပေါာဆိုအရမ်းအနွံတာခံသည်။ သာမန်ယောကျာ်းလေးသူငယ်ချင်းအချင်းချင်းမပြုလုပ်သည့် သည်းခံမှုမျိုးကို တွေ့ရသည်။ တခါတလေ သီရိနှင့်မေတို့၏ စနောက်သည့်စကားများကို ကြားရသည်။ ထို့အတွက် နေနွယ် သေချာထည်ထည်ဝင်ဝင်သိချင်သည်ကြောင့် googleကနေ ရှာကြည့်သည်။

ရပ်ကွက်ဆန်ဆန် စကားလုံးများဖြစ်သည့် အခြောက်၊ ဘောပြား ထိုစကားလုံးတွေကို နွယ်ကြားဖူးသလို ရင်နှီးကျွမ်းဝင်မှုလဲရှိသည်။ အပေါင်းအသင်းတွင်လဲရှိသည်။ နွယ်ကိုယ်တိုင်ပင် ငယ်ငယ်က ယောကျာ်းလေးပုံစံမျိုးနေထိုင်ခဲ့သည်မဟုတ်လား။ သို့ပေမယ့် နွယ်ဟာ တက္ကသိုလ်တက်နေသော ခေတ်ပညာတတ်သူတစ်ယောက်မဟုတ်ပါလား။ ဒီ့ထက်ပိုပြီး ဒီအသိုင်းအဝိုင်းကြောင်းသိချင်သည်မို့ရှာကြည့်မိသည်။

Candy CrushWhere stories live. Discover now