အခန်း (၃၃)

794 21 1
                                    

စာမေးပွဲပြီးပြီးချင်းပင် နေနွယ်သည် အစားအသောက်မှား၍ ဝမ်းပျက်သည်ဟုဆိုကာ  တေဇာမောင့်ကိုပင်မစောင့်ဘဲ အိမ်သို့ ပြန်နှင့်သည်။ ထို့ကြောင့် တေဇာမောင်မှာ ဇေယျာဦးနှင့်အတူ ပိတ်ရက်လည်ရန်ကိစ္စ ရက်ရွှေ့မည်ဟုစဉ်းစားထားသော်လည်း

"ကိုရယ်...စီစဉ်ပြီးသားခရီးတစ်ခုကို နောက်ဆုတ်ဖို့မကောင်းပါဘူး ။ ပြီးတော့ ဒီခရီးမှာနွယ်လဲ လိုက်ဖြစ်တာမဟုတ်ဘဲ ခရီးဖင့်ပါမယ်"

"နွယ်တစ်ယောက်လုံးကျန်းမာရေးမကောင်းဖြစ်နေတာ ၊ ကိုဘယ်လိုလုပ်ထားခဲ့နိုင်မှာလဲ"

နွယ့်ထံမှ ခပ်တိုးတိုးရယ်သံလေးပြန့်လွင့်လာသည်။

"ကို့ဆီကနေ ဒီလိုမျိုးလေးတွေကြားနေရတာနဲ့တင် နွယ်သက်သာနေပြီ"

"နွယ်ကလဲ....."

တစ်ခါတစ်လေ နွယ့်ဘက်က အခုလို တီတီတာတာလေးတွေပြောရင် ကိုဟာ အရမ်းကိုပင်အရှင်သည်းပါသည်။

"တကယ်ပြောတာ ကိုရ၊ ဟိုရောက်တဲ့အခါ နွယ့်ဆီလဲဖုန်းဆက်အုံးနော်"

~မောင်ရေ.... တက်စီရောက်နေပြီနော်

အနောက်နားဆီကထွက်လာသော အသံနှင့် နာမ်စားတစ်ခုဟာ ဘယ်သူမှန်းသိသာစေသည်။
ဆူးခနဲဖြစ်သွားသော ရင်ကို ခဏဖိကာ  ကို့ရဲ့ ကျွန်မ ကြားသွားမည်ကိုစိုးရိမ်နေပုံရတာကြောင့် မြန်မြန်ပင် ဖုန်းပြောခြင်းကို အဆုံးသတ်လိုက်ရသည်။
************** ************** **************

"ဇေကလဲကွာ...ဒီမှာ နွယ်နဲ့ဖုန်းပြောနေတာကို ၊ နွယ်ကြားသွားပြီလားမသိ"

"မောင် ...ငါတို့က ဘယ်အချိန်ထိ ဒီလိုပုံစံနဲ့သွားနေရမှာလဲ"

မောင့်ဘက်က ပြန်ဖြေသံမလာချေ။

"မောင်... ငါတို့ဟာ အဆင့်တစ်ခုထိရောက်ပြီးသားတစ်ယောက်ကိုတစ်ယောက်ချစ်ကြတဲ့ သူတွေ "

"အာ့လောက်ထိမရိုးရှင်းဘူးလေ၊ ငါတို့က ....ငါတို့က"

ဆက်ပြောလာမည့်စကားလုံးတို့အတွက် သင့်လျော်သော စကားလုံးတို့ကို မောင်တစ်ယောက်ရှာဖွေနေလေရဲ့ထင်ပါသည်။
"ဒါဆို ဘာလို့ မောင်အဆင့်ကျော်ခဲ့သလဲ၊ ငါနောက်ဆုတ်ပြီး ဒီတိုင်းလေး ကျော်သွားမို့ကို၊ မောင်ဘာလို့ အဆင့်ကျော်ခဲ့သလဲ"

ဗညားဆောင်၏ သူံးလွှာမြောက်မှ လှေကားထောင့်ချိုးအစွန်းဆုံးနားက အခန်းငယ်လေးထံမှ မတိုးမကျယ်သော အသံတို့ထွက်ပေါာ‌နေလေသည်။ မောင့်ရဲ့ မျက်ဝန်းညိုတွေကို ခပ်ရဲရဲကြည့်ကာဆိုမိသည်။ ကျွန်တော်တို့အခြေအနေဟာ ပုံမှန်အခြေအနေမှာဆိုလျှင်တောင် လက်ခံပေးမည့်သူရယ်လို့ မရှိတဲ့အချိန် ကျွန်တော်က ပိုင်ရှင်ရှိပြီးသားလူတစ်ယောက်နဲ့အတူတူ။ သို့တည်းမဟုတ် လက်ရှိချစ်သူနှင့်မပြတ်သေးတဲ့အချိန် သူငယ်ချင်းယောင်ဆောင်ကာ အနေနီးစေခဲ့တဲ့ အပြစ်သားတစ်ယောက်သာသာတည်း။

"ဇေ....."

မောင့်ထံမှ ထိုသို့သော နာမ်စားလေးတစ်ခုကို တွေဝေစွာထွက်ပေါာလာသည့်အခါ ကျွန်တော်ကဘဲ ကျွန်တော်တို့ ကိစ္စကို သေချာဆုံးဖြတ်ပေးရတော့တာပေ့ါ ။ ပြီးတော့တစ်ဖက်က မိန်းကလေးဖြစ်သည့် အင်မတန်မှ နားလည်မှုရှိသော ၊ အချစ်‌ကြီးသော ၊ချစ်ပေးနိုင်သော ၊ ချစ်နိုင်သော နေနွယ့်အပေါာ ကျွန်တော် လိပ်ပြာလုံချင်သည်။

"ငါက မောင့်အပေါာ ဆက်ဆံပုံတွေက နေနွယ့်လိုဖြစ်နေလို့လား ၊ မောင်စိတ်ဆိုးတဲ့အခါ ချောကလက်ကျွေးပြီးချော့ခဲ့တဲ့နေနွယ့်ထက် သကြားလုံးကျွေးပြီး စိတ်ဆိုးပြေအောင်လုပ်ခဲ့တာမျိုးကိုလား ၊ ငါ့ရဲ့ အဝတ်အစား ၊ကိုယ့်သင်းရနံ့တွေက ချယ်ရီပန်းနံ့ရနေလို့လား ၊ ခရေပန်းတွေဆို နွမ်းပြီးခြောက်တဲ့အထိ ပလတ်စတစ်အိတ်နဲ့သိမ်းထားတတ်တာမျိုးမို့လား ၊ ဘာကြောင့်လဲမောင် ....."

မောင့်ထံမှ မည်သည့်အသံမှ ထွက်မလာချေ။ ကျွန်တော့်ကိုသာ မျက်ရည်တွေဝေ့လျက်ကြည့်နေလေသည်။

"အာ့တာတွေအကုန်လုံးက ငါ့ဘာသာငါလုပ်ယူခဲ့တာချည်းဘဲ ၊ နေနွယ်က .....နေနွယ်က...."

ကျွန်တော်အသံဆက်မထွက်လာနိုင်တော့ချေ။ လွန်ခဲ့သော ရက်က ကျွန်တော့်ကို ပြောစရာရှိ၍ ဖုန်းဆက်လှမ်းခေါာသော နေနွယ့်ရဲ့စကားသံနှင့်ပုံရိပ်တို့က ပြန်မြင်ယောင်လာလေသည်။

#HE or SE ?????

Candy CrushWhere stories live. Discover now