အခန်း (၃၆)(ဇာတ်သိမ်းပိုင်း)

1.9K 40 6
                                    

အလွယ်တကူ ဖြစ်တည်လာသော အချစ်မှမဟုတ်ဘဲ ဘယ်လိုသဘောတရားကြောင့်များ အနေဝေးရင်သွေးအေးမယ်ဆိုတာ မျိုးတွေးခဲ့ရသလဲ.....။
*********** *********** *************
ပညာရေးတက္ကသိုလ်၏ ဘွဲ့နှင်းသဘင် ခန်းမကြီးတွင် အလှအပမျိုးစုံနှင့် မိဘများ၏ ပီတိ အဖုံဖုံတို့က လွှမ်း ခြုံနေလျက်ရှိသည်။ တစ်စုံတစ်ယောက်ကတော့ ဘွဲ့ယူဖို့ထက် တစ်ယောက်သော သူအလာကိုစောင့်မျှော်နေလျက်ရှိသည်။

လွန်ခဲ့သော 4 နှစ်က ဇေယျာတစ်ယောက် သူ့နယ်မြို့နယ်သို့ပြန်သွားပြီး ကျောင်းမှ ထွက်ကာ သူဝါတနာပါရာ ITကျောင်းသို့ဆက်လက်တက်ရောက်ခဲ့သည်။ ဆိုရှယ်မီဒီယာတွင်လဲ ခြေရာဖျောက်ခဲ့သည်။ ဖုန်းဆင်းမ်ကဒ်များလဲ လဲလှယ်လိုက်တာကြောင့်တေဇာမောင် ဟာလမ်းပျောက်ခဲ့ရသည်။

ယခုနှစ်မှ သူ၏တစ်ဦးတည်းသော အချစ်ရဆုံး သူငယ်ချင်း နွယ့်ထံမှ စာတစ်စောင်ရောက်လာခဲ့ခြင်းကြောင့် တစ်စုံတစ်ယောက်ကိုမျှော်နေမိခြင်းဖြစ်သည်။

ဒိုင်ယာရီစာအုပ်လေးအား နိုင်ငံခြားပါဆယ်ထုတ်ဖြင့် တောင်ပေါာမြို့လေးဆီသို့လိပ်မူပြီးပို့လိုက်ပြီဖြစ်ကြောင်း အကြောင်းကြားစာဖြစ်သည်။ ထိုစာအုပ်လေးကနေ မောင့်ရဲ့အချစ်တွေကို ကိုယ့်အချစ် ဇေ မြင်နိုင်မယ်လို့ယုံကြည်တယ်။ လေးနှစ်ဆိုတဲ့အချိန်ဟာ လုံလောက်ပြီ ဇေ။ မင်းကို အချိန်ပေးတာ ဒီလောက်ဆို တော်လောက်ပါပြီ။

ဘွဲ့ယူအခမ်းအနားသာ ပြီးဆုံးသွားတယ် ။ မျှော်နေသူ အချစ်က တော့ရောက်မလာချေ။ အဆောင်တွေဘက် ခြေဦးတည့် လျှောက်နေချိန်

"မောင်..."

ဒီအသံနေအသံထား မောင်လို့ ခေါာလိုက်တိုင်း သူ့ပိုင်ရှင်ကိုသိသည့်အလား ခုန်နေသည့် နှလုံးသား အရာရာဟာ နောက်သို့လှည့်မကြည့်ဘဲနှင့်ပင် သိနေသည်။ သေချာအောင်ကြည့်မိအပြု အနောက်ကနေ ဖက်လိုက်သော လက်တစ်စုံကြောင့်ရပ်တန့်သွားရသည်။

"မောင့်ရဲ့ မျက်နှာကိုမြင်ရင် စကားလုံးတွေထွက်လာမယ်မထင်ဘူး။ ငါမယုံကြည်ခဲ့မိဘူး။ ငါ့နှလုံးသားကိုကော မောင့်နှလုံးသားကိုကော ။ သေချာသိချင်ခဲ့တာက မောင့်ရဲ့အချစ်ကို မဟုတ်ဘဲ ငါ့အချစ်တွေဆိုတာသိခဲ့ရတယ်။ မောင်နဲ့ ဝေးနေတဲ့ နေ့တိုင်းမှာ ငါမောင့်ကို ဘယ်လောက်ထိ ချစ်မြတ်နိုးနေမိသလဲ ကိုယ်တိုင်သိလာရတယ်။ မောင့်အသံ၊ မောင့်မျက်နှာ၊ မောင့်သတင်းတွေကြားရင် ငါမောင့်ဆီလာမိမှာစိုးလို့ အဆက်အသွယ်ဖြတ်ထားပေမယ့် မောင့်လက်ရေးလေးတွေကိုမြင်တော့ ငါ မောင့်ရင်ခွင်ထဲပြေးဝင်ပြီး လွမ်းနေချင်တော့တယ်။ ငါ မောင့်ကို အရမ်းချစ်တယ်။ "

နောက်ကျောဘက်မှာ စိုစွတ်လာတာမို့ ဖက်ထားသော ကျွန်တော့်ရဲ့ ဇေကို ရင်ခွင်ထဲသို့ ဆွဲသွင်းပွေ့ဖက်ရင်း

" မောင့်နောက်မှာမငိုပါနဲ့ အချစ်ရယ်။ မောင့်မျက်မြင်မှာသာ ငိုပါ ။ ဒါမှ အချစ်ရဲ့မျက်ရည်တွေကိုသုတ်ပေးပြီး နှုတ်ခမ်းထောင့်စွန်းလေးတွေ ကွေးညွတ်လာအောင် မောင်ဖန်တီးလို့‌ရမှာပေါ့။ မောင့်ရဲ့ ဇေ လေး မလာရင် မောင်က လာခေါာတော့မှာ။ ထွက်ပြေးသူကို လိုက်ဖမ်းပြီး ရင်ခွင်ထဲ ဆွဲချုပ်သိမ်းထားပစ်တော့မှာဗျ သိရဲ့လား။ "

ရင်ခွင်ထဲ ခေါင်းတိုးဝှက်ရင်း ခေါင်းညိတ်ပြလာသည်။

"မောင့်ကို ကြည့်ပါအုံး အချစ်ရဲ့။ တစ်ချိန်က မောင့်မျက်ဝန်းညိုတွေကို ငေးကြည့်ရတာ သဘောကျတယ်ဆို။ မောင့်နှုတ်ခမ်းသားတွေကို အပိုင်ရချင်တယ်ဆို အချစ်ရဲ့ ။ အခု မောင့်ကိုကော မောင့်အနမ်းတွေကိုကော မရချင်ဘူးလား"

ကျွန်တော့်စကားကြားတော့ တဖြည်းဖြည်း မော့ကြည့်လာသော ကျွန်တော့်မျက်ဝန်းနက်လေး။ ပြီးသည့်နောက် ကျွန်တော့် ဘွဲ့ဝတ်စုံအားလည်ပင်းမှဆွဲယူကာ ကျွန်တော့်နှုတ်ခမ်းသားတွေဆီ ထိကပ်နမ်းလာသည်။
လွမ်းနေခဲ့ရသည့် နှုတ်ခမ်းသားလေး။ ‌သတိရနေခဲ့ရသည့် ကိုယ်သင်းရနံ့လေး။ မမေ့နိုင်ခဲ့တဲ့ ထွေးပွေ့မှုတွေ။ အကုန်ပေါင်းစုလို့ ဖြစ်ပေါာလာခဲ့တဲ့ အနမ်းတွေကြောင့် ဘေးနားမှာရှိတဲ့ စိန်ပန်းပင်တို့က မမြင်နိုင်ကြလို့ သူတို့ရဲ့ပွင့်ဖတ်နီနီတွေကို ပြန့်ကျဲပေးနေလေကြသည်။

အချစ်ကို ဘယ်လိုခေါင်းစဉ်တပ်မလဲ???
ဇေယျာဦး-အချစ်ကို ပျော်ရွှင်မှုလို့ ခေါင်းစဉ်တပ်ရင်
ကျွန်တော့်ရဲ့ ပျော်ရွှင်ခြင်းအစစ်အမှန်ဟာ မောင်ဖြစ်တယ်။

နေနွယ်- အချစ်ကို ဖြည့်ဆည်းပေးချင်လို့အမည်တပ်ရရင် ကျွန်မရဲ့ အချစ်ကိုကော သူငယ်ချင်းကိုပါ ပျော်စေချင်တာမို့ ဖြည့်ဆည်းပေးချင်တယ်။

တေဇာမောင်- ကျွန်တော့်ရဲ့အချစ်ခေါငစဉ်က ဇေယျာဦး....။

#ပြီးပါပြီ#

Extraမပါပေမယ့် ဒိုင်ယာရီထဲမှာပါတဲ့အကြောင်းအရာလေးတွေ တင်ပေးဖို့ရှိပါတယ်။ အခုထိ ဖတ်လာပေးကြတယ် readernimတို့ကိုကျေးဇူးအများကြီးတင်ပါတယ်။ ဆက်လက်ကြိုးစားပါအုံးမည်။


Candy CrushWhere stories live. Discover now