အခန်း(၆)

795 34 2
                                    

~အစားထိုးမရသူပါ အရမ်းချစ်ရသူပါ~
ဖုန်းringtoneအသံကြားတာနဲ့တင်ဘယ်သူမှန်းနွယ်သိလိုက်သည်။
"ဟယ်လို.. ကိုဘယ်လိုလဲ"
"နွယ်ပြန်မအိပ်ဘူးလား"
"အိပ်မရလို့ ကိုရဲ့၊အခုမနက်စာစားနေတာလားအသံတွေကြားနေရတယ်"
"ဟုတ်တယ် ၊နွယ်ရဲ့ ကိုသူငယ်ချင်းနှစ်ယောက်ရထားတယ်၊ကို သူတို့နဲ့မိတ်ဆက်ပေးမယ်လေဒီအပတ်Sundayကျရင်"
"Ok ,ကို သူငယ်ချင်းရသွားလို့နွယ်တော့တော်တော်ပျော်တာဘဲ"
-ဒီမှာဝက်သားအခြောက်စပ်ကြော်မင်းကြိုက်တယ်မလားယူစား
ဟူသောအသံကိုကြားလိုက်ရသောအခါ
နွယ်တစ်ယောက်ပြုံးမိသွားသည်။ကို့ ကိုဂရုစိုက်မယ့်သူငယ်ချင်းတွေရှိတာကောင်းလိုက်တာဟုနွယ်တစ်ယောက်တွေးမိလိုက်သည်။
"အာ့ဆိုဒါဘဲလေနော် ကို၊ နွယ်ကျောင်းသွားဖို့ပြင်လိုက်အုံးမယ်၊ ဒါနဲ့PTကဘယ်လောက်ကြာမှာလဲကို"
"ပထမနှစ်တစ်နှစ်လုံးတဲ့"
နွယ်ခိုးရီမိပါသည်။ကို တော့ဒီတစ်နှစ်လုံးညည်းညူနေတော့မှာမြင်ယောင်နေမိသည်။
ဘယ်လိုဘဲ ဖြစ်ဖြစ်သူငယ်ချင်းတွေရထားတာမို့စိတ်အေးရသည်။
"ကဲပါ၊ ကိုရယ် fighting ဟုတ်ပြီလား
နွယ် chargingလာလုပ်ပေးမယ်"
"ဒီလိုအလိမ်မာအိမ်ပါချစ်သူလေးရထားတာမို့၊ကိုကံကောင်းပါတယ်ဗျာ"
"ပိုကိုပိုလွန်းတယ် ဟွန့် ဒါဘဲမနက်စာကောင်းကောင်းစား"
ဟုဆိုကာကျသွားသောဖုန်းကိုတေဇာမောင်တစ်ယောက်ပြုံးပြုံးကြီးကြည့်နေမိသည်။
"မင်း သူ့ကိုအရမ်းချစ်တာဘဲလား"
"ဒါပေါ့ကွ နွယ်နဲ့ငါကငယ်ငယ်လေးထဲကသိတာ၊ပြီးတော့နွယ်ကငါ့ကိုအရမ်းချစ်တာ၊ငါကတော့နွယ့်ထက်ပိုချစ်တယ်"
"အော့.......၊ ငါ့ရှေ့မှာအာ့လိုတွေလာရိုမပြပါနဲ့ဟာငါမခံစားနိုင်လို့"
ဟုဆိုကာမေမီသော်ကသူတကယ်မခံစားနိုင်သလိုအန်တဲ့ပုံလုပ်ပြတာမို့
"မတတ်နိုင်ဘူးဒါကပျော်ရွှင်နေကြတဲ့အချစ်ငှက်တွေရဲ့ထုံးစံဘဲ"
‌ခေါင်းတခါခါနဲ့လက်ကိုလဲမျက်နှာရှေ့မှာခပ်ကာကျွန်တော့်ကြောင့်သူမူးတယ်ပေါ့။ဘယ်နားလည်မလဲသူ့လိုFaဘောပြားက။တိတ်ဆိတ်နေတဲ့ဘေးခုံကဇေယျာဦးကိုကြည့်မိတော့ ကျွန်တော့်ကိုစိုက်ကြည့်လို့နေတာမို့ကျွန်တော်လဲမျက်နှာမှာပေနေတာရှိမှာစိုးလို့ သစ်သျှူးယူကာသုတ်လိုက်သည်။
ကျွန်တော့်ရဲ့လှုပ်ရှားမှုကိုမြင်မှ သူမျက်နှာအောက်သို့ငုံ့လိုက်သည်။
"ဘာဖြစ်လို့လဲဇေယျာဦး"
"ထမင်းကြော်ကြောင့်ရင်ပြည့်လို့"
"အာ့ဆိုလဲအစာကြေဆေးလေးဘာလေူသောက်ပေါ့ကွာမင်းနှယ့်"
"လာအတန်းတက်ဖို့နောက်ကျနေမယ်ငါတို့သွားကြမယ်"
ဟုဆိုကာဆိုင်မှထွက်လာခဲ့ကြသည်။မောင် ...မင်းကတော့ဘာရယ်မဟုတ်ပြောလိုက်တာဘဲ။မရိုးသားတဲ့စိတ်နဲ့နေရတဲ့ငါကတော့မင်းရဲ့ဂရုစိုက်မှုသေးသေးလေးတွေကအစတန်ဖိုးထားရတယ်။ဒီနေ့တော့ငါ့ရဲ့ဒိုင်ယာရီမှာမင်းရဲ့အပြုံးနဲ့မင်းရဲ့ပေါ့တန်တန်ဂရုစိုက်မှုအကြောင်းငါကတခမ်းတနားနဲ့ရေးရအုံးမှာကွမင်းသိရဲ့လား
~မင်းချစ်ရတဲ့သူကြောင့်
မင်းကပျော်ရွှင်တယ်
ငါလဲငါချစ်ရတဲ့မောင်ပျော်နေတာမြင်ရတော့
ငါလဲပျော်ပေမယ့်နာကျင်ရတယ်
ငါ့ရဲ့ပျော်ရွှင်မှုကနာကျင်ခြင်းနဲ့ရောယှက်နေရင်တောင်အဆုံးထိခံယူမယ်...
အာ့လောက်ထိငါမောင့်ကိုချစ်တယ်။
#At7:48pm Friday
#Irena

Candy CrushWhere stories live. Discover now