အခန်း(၁၉)

565 19 1
                                    

ထမင်းစားပြီးသည့်နောက် အဆောင်ပေါာသို့တက်လာသည်ထိ တေဇာမောင်နှင့် ဇေယျာဦး နှစ်ယောက်လုံး အသံတိတ်နေခဲ့သည်။ တစ်ယောက်အတွေးတစ်ခုစီနဲ့ပေါ့။ သိပ်မကြာခင် သူတို့နှစ်ယောက်ရဲ့အခန်းရှေ့ရောက်သည့်အခါ ဇေယျာဦးက

"တေဇာ ငါဒီ ပိုင်ခန့်တို့ဆီ သွားအိပ်လိုက်အုံးမယ်"

တိတ်ဆိတ်နေမှုကို ဇေယျာ၏ တိုးလျလျ အသံက ဖြိုခွင်းလိုက်သည့်အခါ

"အမ် ...အေး"

ဟု ကြောင်အအဖြင့်ပြန်လည်ဖြေလာသူကို ဇေယျာ ကြည့်ကာ သူ့အခန်းရှေ့မှ ထွက်လာခဲ့လိုက်သည်။

အခန်းတံခါးကို ဖွင့်ကာ အခန်းထဲသို့ ဝင်လိုက်သည်နှင့် တံခါးကို ကျောပြင်နှင့်ကပ်ကာ ထိုင်ချလျက် ဒူးနှစ်ဖက်ကို ထောက်ကာ လက်မောင်းတွေကြားမျက်နှာဝှက်ကာ အသံတိတ်ရှိုက်ငိုနေသူရယ်။

လှေကားထောင့်ချိုးအကွေ့ လှေကားအဆင်းနားမှာ ထိုင်ကာ လက်ဖဝါးတွေကြား မျက်နှာဝှက်ကာ ရှိုက်ငိုနေသူတစ်ဦးရယ် ထိုနေ့ညက ရှိခဲ့သည်။

ထိုနည်းတူစွာပင် မိန်းခလေးအဆောင်ရဲ့ အခန်းတစ်ခုတွင်လဲ ခေါင်းအုံးတွေကြား မျက်နှာဝှက်ကာ ရှိုက်နေသူ လဲရှိခဲ့တယ်။

သူတို့သုံးယောက်ရဲ့ ရှိုက်သံတွေဟာ ချစ်ရသူကြောင့်ဖြစ်တည်လာတဲ့ရှိုက်သံတွေဖြစ်ပြီး၊ သုံးယောက်လုံးဟာ ချစ်ရသူကို သိပ်ချစ်လွန်းလို့ ကျလာသောမျက်ရည်တွေပင်ဖြစ်သည်။

~ဒေါက် ဒေါက်~
ဟူသော တံခါးခေါက်သံနှင့်အတူ ဝင်လာသော ဇေယျာကို တေဇာမောင်က

"မင်းညက တခြားခန်း သွားအိပ်တော့ ငါ့မှာ ညကခြင်တွေဆော်ပလောတီးတာခံလိုက်ရတယ်"

"မင်းကိုက ခြင်ထောင် ထောင်ရမှာပျင်းတာ"

"အံမယ် အရင်က ငါမပျင်းပါဘူးနော် ၊ မင်းလုပ်လို့ ငါအပျင်းကြီးသွားတာ အခုလဲကြည့် အကျီတွေ မီးပူမတိုက်ရသေးဘူး"

"တော်စမ်းပါ တေဇာမောင်ရာ ၊ မင်းအရင်တည်းက ပျင်းတာ၊ ပြီးတော့ငါက မင်းကိုဒါတွေနေ့တိုင်းလုပ်ပေးနိုင်မယ်လို့များထင်နေလား"

"ထင်တယ်လေ"

"ငါရည်းစားရတဲ့အခါကျ မလုပ်ပေးတော့ဘူး"

"ဟား ဟား အံမယ်လေးရယ်လိုက်ရတာ ဇေယျာရာ မင်းကရည်းစားထားအုံးမို့ ရအုံးမယ်အားကြီးကြီး"

"ဘာလို့မရရမှာလဲကွ ၊ တကယ်ငါရလာရင် မင်းအနားရှိနေနိုင်မှာမဟုတ်တော့ဘူး၊ ငါ့ရည်းစားကို ငါအချိန်ပေးရတော့မှာမှတ်ထား"

"မမှတ်ထားပါဘူး"

ဟုဆိုကာ သူ့ကိုလျှာထုတ်ပြောင်ပြနေသော တေဇာမောင်ကို သူအသည်းယားလှပါသည်။ အနားမှရှိလေ ပိုင်ဆိုင်လိုစိတ်ပိုကြီးမား‌လာလေမို့ ညကပင်ရင်နာနာနှင့်သူဆုံးဖြတ်ချက်တစ်ခုချလိုက်ရသည်။

ခန္ဓာကိုယ်ကသာ သူနှင့်အတူ နေဝင်နေထွက်ချိန်မခွဲခွာ အတူတူနေပေမယ့် စိတ်နှလုံးသားကိုတော့ သူ မပိုင်နိုင်ပါ။ တစ်ယောက်ကိုတစ်ယောက် ပေးဆပ်ရင်းချစ်နေကြတဲ့ သူနှစ်ဦးကို သူဒီထက်ပိုပြီးမနှောင့်ယှက်ချင်တော့ပါ။
နေနွယ်ဆိုသည်မှာ သူမောင့်နားရှိနေတာထက် မောင့်နားနေနွယ်ရှိနေ ခြင်းက ပိုပြီးလိုက်ဖက်နေသည်မဟုတ်လား။

စိတ်နေသဘောထား ၊ပညာအရည်အချင်း၊ ရုပ်ရည်ရူပကာ အကုန်ခြုံငုံကြည့်ရင် ဘယ်ယောကျား်လေးမှ လက်လွတ်ခံကြမှာမဟုတ်ပေ။ ဒီတော့ နောက်မှ မောင့်ကိုသိခွင့်ရ၊ ချစ်ခွင့်ရတဲ့သူက ဘဲ နောက်ဆုတ် ပေးလိုက်ဖို့ သူဆုံးဖြတ်ချက်ချလိုက်သည်။

သို့သော် သူ့ဆုံးဖြတ်ချက်ကိုကံတရားက လက်မခံမှန်း သူတို့သုံးယောက်လုံးနောက်ကျမှသိသည်။

#တေဇာမောင်က တညထဲဇေယျာမရှိတာနဲ့တင် သူ့ရဲ့ လိုအပ်ချက်ကိုမြင်တယ်နော်
နောက်ပိုင်းကျ ရင် အိုင်ရင်းကိုမမုန်းနဲ့

Candy CrushWhere stories live. Discover now