အခန်း(၂၂)

580 20 1
                                    

တေဇာမောင် နွယ်နှင့်ဖုန်းပြောရန် အခန်းအပြင်သို့ထွက်လာခဲ့လိုက်သည်။ ဇေယျာဦးနှင့်ဖြေရှင်းဖို့ရာက လွယ်ပေမယ့် နွယ်နှင့်ကတော့မလွယ်ပေ။

"ဟယ်လို....ကို"

"နွယ်...အိပ်နေပြီလား"

"ဟုတ်တယ် ကို ၊နွယ် မှေးခနဲဖြစ်သွားတယ်"

"နွယ်ရယ်၊ လူကောင်သေးသေးလေးနဲ့
မနက်တိုင်း လေ့ကျင့်ခန်းထလုပ်ရ၊ ပြီးရင်lectureသွားရနဲ့"

"နွယ် ဒီလောက်တော့ခံနိုင်ရည်ရှိပါတယ် ကိုရဲ့"

သူချစ်ရသော မိန်းခလေးဟာ ဒီလို မျိုးပင်ဖြစ်သည်။ မိန်းကလေးဟူ၍ အားငယ်နေတာမျိုးမရှိ ၊ သူလုပ်နိုင်သမျှ အရာအားလုံးကို တစ်ဖက်လူအကူအညီ မပါဘဲ လုပ်ချင်သည်။ လုပ်လဲလုပ်နိုင်သည်။

"ကို က နွယ်ပင်ပန်းမှာစိုးလို့ပါ"

"နွယ့်ကို စိတ်ပူပေးလို့ ကျေးဇူးဘဲကို ၊ ပြီးတော့ နွယ်တောင်းပန်ပါတယ်"

နွယ်ဆိုသည်မှာထိုသို့သော မိန်းခလေးမျိုးလဲဖြစ်ပေသည်။ ချစ်သူနှစ်‌ဦးကြား မှာ ကျေးဇူးတင်တာတွေ ၊ တောင်းပန်တာတွေ မလိုအပ်ဘူး လို့ပြောထားလဲ ၊ တစ်ဦးနှင့်တစ်ဦး အလေးထားမှုရှိရမယ်ဆိုပြီးပြန်ပြောလေသည်။ တစ်ခါတ‌စ်လေ နွယ်ဟာ သိပ်ကိုရိုးရှင်းလွန်းသလို ၊ တခါတလေ ထူးခြားဆန်းကြယ်သည်။ သို့ပေမယ့် ချစ်နေရတာပင်ဖြစ်သည်။

"ဘာကိုလဲ နွယ် ရဲ့"

" ကို့ ကို အရင်မတိုင်ပင်ဘဲ ခရီးလိုက်သွားမိလို့"

" ကိုက ခွင့်မပြုလဲ ၊နွယ်က ကို့ခွင့်ပြု လာအောင်စည်းရုံးနိုင်စွမ်းရှိတယ်လေ"

"ခစ် ခစ် ....ကိုကလဲ ၊ "

သဘောတကျရယ်မိသံနောက် ချွဲနွဲ့မှုမမြည်သော အသံလေးကြောင့် ကျွန်တော့်မှာ ပြုံးရပါသည်။

"မဟုတ်လို့လား နွယ်"

"ဟုတ်ပါတယ် ရှင် ၊မှန်ပါတယ်"

နွယ်ဟာ ထိုသို့လဲ စေစားနိုင်ပါသည်။ နွယ်လုပ်ချင်တာကို မတားပစ်နိုင်အောင် အပြောအဆို အပြုအမူတွေနဲ့လဲ ညှို့ယူနိုင်ပါတယ်။

Candy CrushWhere stories live. Discover now