အခန်း(၈)

672 25 2
                                    

မောင် မကြိုက်ပေမယ့်ငါမြတ်နိုးတဲ့ မောင်ဆိုတဲ့နာမ်စားကို ငါ့ရဲ့ဒိုင်ယာရီမှာတော့ရေးခွင့်ရှိတယ်မလား။မောင်နဲ့နှစ်ယောက်တွဲပုံဒီနေ့ပထမဆုံးရိုက်ခဲ့တယ်။ အမှတ်တရတစ်ခုအနေနဲ့ facebookမှာတင်ထားတယ်။ မောင့်ချစ်သူကောင်မလေးလဲမြင်ပါစေရည်ရွယ်ရင်းပေါ့။

အချစ်ကိုပထမဆုံးခံစားမိတာမောင်နဲ့...
ဒါပေမယ့် ပထမဆုံးအသည်းကွဲတဲ့ခံစားချက်ကိုပါတပြိုင်နက်တည်းရလိုက်တယ်။
ပထမဆုံးအချစ်ကယောကျာ်းလေးတစ်ယောက်ဖြစ်တဲ့မောင်တဲ့။ ဒါဟာဝဋ်ကြွေးဆိုလဲ ငါကျေနပ်တယ်။ ငါကအခြောက်တစ်ယောက်မဟုတ်ဘူး။ဒါပေမယ့် တေဇာမောင်ဆိုတဲ့မောင့်ကိုချစ်မိတဲ့ယောကျာ်းတစ်ယောက်။

တစ်ခုခုကိုလိုချင်ရင်အရယူတတ်တဲ့ငါက ဆိုင်သူရှိနေတဲ့မောင့်ကို ငါနာကျင်ရလဲ‌ဖြစ်တယ်ဆိုတဲ့စိတ်တစ်ခုတည်းနဲ့ ငါ့ရဲ့ဆန္ဒတွေကိုဖြေဖျောက်နေမိတယ်။တနေ့နေ့မှာ မောင့်ချစ်သူကောင်မလေးထက်မောင့်အနားအမြဲရှိနေသူက ငါဆိုတာမောင်သတိထားမိလာတဲ့တနေ့ ငါမောင့်ကိုပိုင်ဆိုင်ရမယ့်နေ့ဘဲ....အတ္တရောတဲ့အချစ်မို့တစ်ဦးတစ်ယောက်ကတော့နာကျင်ရမှာဘဲ။

"ဇေယျာဦး"

ဖုန်းကိုကြည့်ရင်းအသံကျယ်ကျယ်နဲ့အော်လာတဲ့ မောင့်ကိုဇေယျာဦးတစ်ယောက်မျက်နှာငယ်လေးနဲ့ကြည့်‌မိပါတယ်။

"ဘာ လဲ"

စိတ်ကသာမောင်အော်လိုက်လို့ ဝမ်းနည်းမိပေမယ့် မောင့်ကို အသံမာမာနှင့်ပြန်ဖြေမိသည်။

"မင်းဘာလို့ငါအိပ်နေတဲ့ပုံကိုတင်ထားတာလဲ၊ငါမကြိုက်ဘူး‌လို့မင်းကိုပြောထားတယ်မလား"

ဒါတော့မောင်တဆိတ်လွန်ပြီထင်ပါတယ်
မောင်က ငါတင်တဲ့ပုံကျတော့မကြိုက်ဘူး။
မောင့်ရဲ့ ပရိုဖိုင်းက ပုံတွေ စတိုရီ ဟိုက်လိုက်ကပုံတွေကျမောင်နှစ်သက်တယ်။ ငါရိုက်ပေးတာမို့မောင်မကြိုက်တာလား။ငါ့ကိုရွံတာလား။ မောင့်ကြောင့် ငါနေနွယ့်ကိုမုန်းမိလိမ့်မယ်။
ဇေယျာဦးတစ်ယောက်စိတ်ထဲကနေ‌ပြောနေမိပေမယ့်အပြင်သို့ထွက်လာတော့စကားလုံးများမှာ

"အော်ဘာများလဲလို့ကွာ၊ သူငယ်ချင်းချင်းဆေးထိုးတဲ့ပုံတင်တာဘာဖြစ်တာကျလို့၊ ပြီးတော့မင်းမျက်နှာလဲပါတာမဟုတ်ဘူး"

"ပါပါမပါပါကွာ နောက်ခါ ငါမသိဘဲငါ့ပုံကိုရိုက်ပြီးလိုင်းပေါာမတင်နဲ့"

"အေးပါကွာ ၊မင်းကလဲစိတ်ကြီးဘဲ ဒါလေးတင်တာ‌ကို"

ဇေယျာဦးတစ်ယောက်နှင့်တော့ကျွန်တော်ဘာမှမပြောချင်တော့ပါ။သူလုပ်ချင်တာလုပ်ပြီးရင်အာ့လိုမျက်နှာငယ်နဲ့။မသိရင်ကျွန်တော်ကချည်းသူ့ကိုအပေါာစီးကနေဆက်ဆံနေသလိုနဲ့ အတန်းထဲလူတွေဆီက ကြည့်တာခံရရော။ ကျွန်တော်စိတ်တိုသလို‌သူပြန်အော်ပါ့လား အခုတော့ ကျွန်တော်ဘဲလူမှုရေးမသိတဲ့လူဖြစ်ကော တကယ်ဇေယျာဦးတစ်ယောက်နဲ့ကျွန်တော်အသက်တိုရပါလိမ့်မယ်။

"ငါတောင်းပန်ပါတယ်၊တေဇာရာ နောက်တခါ မင်းမကြိုက်ရင်ငါမတင်တော့ပါဘူးကွာ၊
အခုလိုငါ့ကိုစကားမပြောဘဲဆူပုတ်ပုတ်ကြီးမနေပါနဲ့၊ ငါမနေတတ်ဘူး"

"မင်းကြီးတော်ကိုမနေတတ်၊ ငါ့ကို အရင်ဆုံးစိတ်ငြိမ်အောင်လုပ်ခွင့်ပေးဟုတ်ပြီလား၊ ပါးစပ်လေးခဏပိတ်နေပေး"

ပြိုတော့မည့်မိုးလိုမျက်နှာနှင့်ကျွန်တော့်ကိုလာတောင်းပန်နေပြန်ပြီ။ ယောကျာ်းလေးဖြစ်ပြီးစိတ်အာ့သလောက်နုရသလားမပြောတတ်။ အရပ်ကလဲပုတဲ့ထဲမပါ။ ခန္ဓာကိုယ်ကြည့်တော့လဲ သူ့အချိုးအစားနဲ့သူကျကျနနရှိနေပါရဲ့။ ကျွန်တော့်ထက်ယောကျာ်းဆန်တဲ့မျက်နှာကျပုံစံမျိုးနဲ့ကို ဘာလို့ စိတ်ကဟိုဘက်ရောက်နေမှန်းမသိဘူး။ နဂိုတည်းက ကျွန်တော်က လူအမြင်မကြည်ရကြားထဲသူ့ကြောင့် အနိုင်ကျင့်တဲ့လူပံုစံဖြစ်နေပြီ။
စိတ်တွေလဲလေပါတယ်ကွာ။

#At10:04am
#Irena

အခုမှစရေးဖူးတာမို့ ဖတ်ရတာတမျိုးဖြစ်နေရင်သည်းခံပြီး‌ဖတ်ပေးပါလို့တောင်းဆိုပါတယ်😁😁

Candy CrushWhere stories live. Discover now