အခန်း(၂၇)

624 20 0
                                    

နဂိုတိတ်ဆိတ်နေသော ဆေးရုံသည် ဒီနေ့ညမှ ပိုမိုတိတ်ဆိတ်နေသလိုပင် ။ တေဇာမောင်သည် ဇေယျာ့အား စကားလဲမဆိုသလို ၊ ကြည့်လဲမကြည့်လာတော့ချေ ။ စိတ်ဆိုးကာ ထိုးလိုက်လျှင်ပင် နေသာသလိုရှိနေအုံးမည် ။ အခုတော့ တေဇာမောင်၏ တိတ်ဆိတ်နေမှုသည် နှစ်ဦးစလုံးအတွက်နေရခက်စေသည် ။ အခုချိန် ဇေယျာလိုချင်သောအရာက တေဇာမောင့်ရဲ့ဦးနှောက်ထဲကအတွေးတွေပင်ဖြစ်သည် ။ သူ့ကို သူငယ်ချင်းအဖြစ်နဲ့တောင် အနားမှာရှိမနေစေတော့မှာ သူအရမ်းကြောက်သည် ။ သူ့အားကျောပေးထားသော ကုတင်ဘေးက လူကို သူငေးကြည့်နေမိသည် ။
********** ********** ********** ***********
ဗလာကျင်းနေသော ဦးနှောက်ကို တေဇာမောင်တစ်ယောက်အလုပ်ပေးနေမိသည် ။ ဘာကြောင့်ဇေယျာ့ကိုဒေါသမထွက်မိတာပါလိမ့် ။ ခဏတဖြုတ်ဆိုသော်ငြား သူ၏စိတ်ထဲကဖြစ်ပေါာလာသောအရာတစ်ခုကို သူသေချာဖမ်းမိပါသည် ။ သူ့နှုတ်ခမ်းများကို လက်ချောင်းများနှင့်ထိမိသောအခါ ဦးနှောက်ထဲရောက်လာသောပုံရိပ်များ ။

လွန်ခဲ့သောတစ်နာရီက
ပုဆိုးပြင်ဝတ်ပေးရန်ပြင်နေစဉ် ဇေယျာ့ထံမှ ရရှိလာသော ချယ်ရီနံ့သင်းသင်း ....။ နွယ့်ထံမှ ရနေကျဖြစ်သော ချယ်ရီနံ့နှင့် အခုသူရနေသောအနံ့တို့သည် မတူညီကြောင်းသူသိသည် ။ ရုပ်ရှင်ရုံတွင်လဲ သူဒီအနံ့ကိုရခဲ့သေးသည် ။ အခန်းထဲတွင်လဲ ပုံမှန်ရနေသည် ။

ချယ်ရီနံ့ချင်းတူသော်လည်း ရသည့်အနံ့အပြင်းအပျော့ကွာလေရာ သူနှစ်သက်သည့်အနံ့ကာ ယခုသူ့ရှေ့တည့်တည့်တွင်ရှိနေသော လူသားဆီမှဖြစ်သည်ကိုယခုပင်သူသိလိုက်ရသည် ။

ထို့နောက်ပိုမိုသေချာစေရန် အနားပိုတိုးကပ်လိုက်သည့်အခါ သူ့ရဲ့နှလုံးသားကဘာလို့အသံတစ်ခုမြည်လာသည်မသိပေ ။ သူ့ရဲ့အတွေးတို့ဟာ လွင့်ပြယ်နေစဉ် တိုးလျလျအသံတစ်ခုကြောင့်သွေးခုန်နှုန်းတို့ဆောင့်တက်လာရတော့သည် ။ သူဟာ သူ့ရှေ့ကအမျိုးသားအပေါာရင်ခုန်နေသည်တဲ့လား ။ သူ့မှာသူ့အသက်လောက်ချစ်ရတဲ့မိန်းကလေးရှိနေရက်နှင့်ကိုပင်လေ ။

ရင်ခွင်ထဲသို့နွဲ့မီကျလာသော ထိုလူသား၏ ပြင်းရှရှ အသက်ရှူအသွင်းအထုတ်ကနေထွက်ပေါာလာသော ကိုယ်သင်းနံ့ကြောင့် သူအာခေါင်တို့ခြောက်သွေ့လာရသည်။ သူ့ရဲ့စိတ်အလိုကျ ထိုလသူသားချီပွေ့မိသည့်တခဏ မတော်တဆ ထိတွေ့မိသော နူးညံ့မှု ထိုလူသား၏နှုတ်ခမ်းနှင့်မိမိ၏ပါးပြင် ။ ရှိရှိသမျှသော အားအင်တို့ဆုတ်လျော့သွားသလိုပင် ။ နွယ်သည်လည်း မိမိပါးပြင်အား နမ်းရှိုက်ဖူးသည် ။ မိမိသည်လည်း နွယ့်ပါးပြင်နုနုအား နမ်းဖူးသည် ။ သို့သော် ယခုကဲ့သို့မနူးညံ့လှဟုထင်မိသည် ။

မိမိအား စိတ်အမှောင်သို့တွန်းပို့သောအချိန်ကား ထိုသူနှင့်အကြည့်ချင်းဆုံချိန်တွင်ဖြစ်သည် ။ အချိန်အားဖြင့်မည်မျှမကြာခင် ထိုသူ့ထံမှ မိမိ၏နှုတ်ခမ်းသို့ ထိရုံချင်းမမည်သော အကြင်နာတို့အားပေးလေရာ ။မိမိ၏သွေးတို့မူလထက်ပိုမိုမြန်လာရသည်။

ထိုစဉ်မီးပျက်သွားလေရာ မိမိ၏အောက်နှုတ်ခမ်းသို့တစ်ချက်မျှ စုပ်ယူနမ်းလိုက်ရာ အသွေးအသားတို့အထက်အောက်ပြောင်းပြန်ဆင်းသွားလေတော့သည် ။ မီးပြန်လာချိန်တွင် မိမိအားအကြည့်လွှဲသွားသောအချင်းလူသားအား မိမိကြောင်အစွာကြည့်နေမိသည် ။ ယခု အခြေအနေတွေမည်သို့ဖြစ်ကုန်ပါသနည်း။
မိမိကကောဘာတွေဖြစ်နေသနည်း ။

နွယ်နှင့်ချစ်သူသက်တမ်းတစ်နှစ်ကျော်နှစ်နှစ်ပြည့်ခါနီးသည်ထိ ဤကဲ့သို့မနမ်းဖူး၍ အသစ်အဆန်းမို့ ဤသို့ဖြစ်နေခြင်းလား ။ မိမိကကော အဘယ်ကြောင့် မိမိသူငယ်ချင်း ထိုအမျိုးသားအပေါာ ရင်ခုန်နေရပါသနည်း ။ မိမိဟာ ဂေးသွားပြီလား ။ ဒီလိုဆိုပြန်တော့ နွယ့်ကို သူချစ်နေပါသေးသည် ။ နွယ်နှင့် အတူတူနေချင်နေပါသေးသည် ။စိတ်တို့နောက်ကြည့်လာရတော့သည် ။ မိမိဟာ နှစ်ဖက်ချွန်များဖြစ်နေသလား ။ ဘယ်သူနဲ့ပို၍နေချင်ပါသလဲ ။ စဉ်းစားပြန်တော့ မိမိ အနောက်တွင်မိမိအားမျက်နှာမူကာ အိပ်ပျော်နေသော အညိုရောင်ကောင်လေးမြင်မိသည် ။ မိမိအနားအချိန်ပြည့်ရှိနေကာ မိမိအားဂရုစိုက်သော ၊ အနစ်နာခံသော ကောင်ငယ်လေးလို့ဦးနှောက်အဖြေပေးတဲ့အခါ နှလုံးသားက ခုန်လာသည် ။

ဘယ်အချိန်တည်းက ခုန်ထွက်ချင်လာသည်မသိသော မျက်ရည်တို့က ပါးပြင်ပေါာတို့ကျလာသည် ။ မိမိ၏စိတ်ကိုသေချာသိသောအခါ နွယ့်ကိုအားနာလာရသည် ။

#ကဲreader nimတို့ဘာတွေဖြစ်ကုန်မယ်ထင်လဲ

Candy CrushWhere stories live. Discover now