အခန်း(၇)

726 30 0
                                    

~ကတောင်~
ဖုန်းမှnotiတက်လာခြင်းဖြစ်တာကြောင့် နွယ်တစ်ယောက်lectureချိန်တွင်ဖုန်းခိုးကြည့်လိုက်သည်။

"ဟဲ့ နေနေ ၊တီချယ်စာသင်နေတာကို"

"နင်ခဏကွယ်နေပေးစမ်းပါဟာ၊ ကို့ဆီကလားမသိဘူးဟ"

"စောင် rsတွေရှုပ်ကိုရှုပ်တယ်"

သီရိကနွယ်နဲ့ငယ်ငယ်တည်းကသူငယ်ချင်းဖြစ်ပြီး ကိုနဲ့ချစ်သူဖြစ်တာကိုပထမဆုံးသိတဲ့သူလဲဖြစ်သည်။နွယ်ဖုန်းဖွင့်ကြည့်လိုက်တော့ chat boxတွင်ကိုမဟုတ်ဘဲဇေယျာဦးဆိုတဲ့တစ်ယောက်ကစာပို့ထားတာဖြစ်သည်။ ဖွင့်မကြည့်ဘူးလုပ်ပေမယ့်သူပို့တဲ့စာကြောင့် နွယ်ကြည့်မိလိုက်သည်။

~နေနွယ်ကမောင့်ရဲ့ငယ်ချစ်ဦးဆိုတာလား~
~ငါကမောင့်သူငယ်ချင်းပါ~

နွယ်တစ်ယောက်မျက်လုံးပြူးသွားရသည်။
ကို့ရဲ့သူငယ်ချင်းဆိုလို့နွယ်ဝမ်းပန်တသာရှိပေမယ့် ကို့ ကိုမောင်လို့ခေါာတဲ့ယောကျာ်းလေးသူငယ်ချင်းမျိုးကိုတော့ တခါမှမတွေ့ဘူးပေ။

~ဟုတ်ပါတယ်၊ အခုကစာသင်နေတာမို့နောက်မှအေးဆေးမိတ်ဆက်ကြတာပေါ့~
ဟုသာတိုတိုတုတ်တုတ်စာပြန်လိုက်သည်။
နောက်မှ ကို့ကိုသေချာမေးကြည့်ပါမယ်ဆိုပြီး စာသင်သည့်ဆီကိုသာအာရုံစိုက်လိုက်သည်။

"တေဇာ၊ဒီဘက်လှည့်ငါတို့ဓာတ်ပုံရိုက်ကြမယ်"

ကျွန်တော့်ကိုအတင်းနင်းခံသူ့ဘက်လှည့်ခိုင်းနေသောဇေယျာဦးတစ်ယောက်ကိုတကယ်စိတ်မရှည်နိုင်ပါချေ။အတန်းချိန်တွေတစ်ခုပြီးတစ်ခုဆက်နေလို့ညောင်းနေရကြားထဲသူမို့ မနားမနေပုံရိုက်ဖို့ခေါာနိုင်တယ်။

"မရိုက်ချင်ပါဘူးကွာ၊မနက်ကအစောကြီးထထားရလို့အိပ်တော့မယ်"

ဟုဘုဆတ်ဆတ်ပြောပြီးခုံပေါာမှောက်အိပ်နေလိုက်တယ်။ဒီနေ့က ကြာသပတေးနေ့မို့praticalရှိတာကြောင့် ကို့ဆီနေ့လည်စာသွားမစားပေးနိုင်ပေထို့ကြောင့်messageသာပို့ရတော့သည်။

ကန်တင်းတွင်ထိုင်ကာနေ့လည်စာအတွက်မှာပြီးဖုန်းခဏကြည့်နေလိုက်သည်။
နိုတီတွင် ဇေယျာဦးက ကို့accကိုပါtagပြီးတင်ထားတာမို့ကြည့်မိလိုက်သည်။
ကိုကခုံပေါာမှောက်အိပ်နေတာကိုသူကသူနှင့်အတူတွဲကာရိုက်ထားသည့်ပုံဖြစ်သည်။
ခေါင်းစဉ်တွင်တော့*ကိုယ်ရံတော်*
ဆိုပြီးတင်ထားသည်။

နွယ်ပြုံးမိလိုက်သည်။တကယ်ဘဲဇေယျာဦးက ကို့သူငယ်ချင်းဘဲ။ဘယ်လိုဘဲဖြစ်ဖြစ်ကိုတစ်ယောက်အတန်းထဲပျင်းမနေတော့ဘူးဟုသာစိတ်ထဲမှတ်ယူလိုက်သည်။

"နေနေ၊ တေဇာမောင့်accကိုတွဲပြီးတင်ထားတာဘယ်သူလဲ၊ ဆင်တယ်နော်"

"အေး၊ကို့သူငယ်ချင်းတဲ့ငါတော့အပြင်မှာမတွေ့ဖူးသေးဘူး၊နင်ဆင်တယ်ဆိုsundayကျလိုက်ခဲ့လေ"

"ဒါမှငါ့သူငယ်ချင်း၊နင်မှမကူရင်ငါရည်းစားမရတော့ဘူး"

"တော်ပါ၊မဟုတ်တာတွေ"

နွယ်တို့မှာထားသောအစား‌အသောက်များလဲရပြီမို့စကားစဖြတ်ကာ ခပ်သွက်သွက်စားကြသည်။ထို့နောက်practical roomတို့ချီတက်ရတော့သည်။

သီရိနှင့်နွယ်က အလယ်တန်းလောက်မှစပြီးခင်ခဲ့ကြတာဖြစ်ပေမယ့် မူလတန်းတည်းကသိကျွမ်းသလိုပင်အရမ်းရင်းနှီးသည်။ကျူရှင်အတူတူသွား၊ အတူတူလာ၊အတူတူစား၊
တခါတလေ စာမေးပွဲနီးရင်သီရိမကလာအိပ်သည်။သီရိကနွယ့်ထက်အမှတ်များပေမယ့်သူစိတ်ဝင်စားသည့်အင်ဂျင်နီယာကိုမတက်ဘဲ နွယ်နှင့်အတူကုန်ထုတ်ဓာတုမေဂျာကိုလိုက်တက်သည်။
နွယ်က

"နင်ဟယ်ဒီလောက်အမှတ်များတာဘာလို့အင်ဂျင်နီယာမတက်လဲနင်လဲစိတ်ဝင်စားတာကို"

"ဟဲ့ ၊ကုန်ထုတ်ဓာတုဆိုတာကလဲအင်ဂျင်နီယာဘာသာရပ်တစ်မျိုးဘဲ၊ ကျောင်းကဘယ်မှာတက်တက်ရပေမယ့် စိတ်တူကိုယ်တူသူငယ်ချင်းဆိုတာရှားတယ်ဟဲ့"

"နင်ပဲအပြောကောင်း"

"အဓိကက ၊အဆင်ငမ်းတဲ့အခါအဖော်မရှိမှာစိုးလို့ဟက်ဟက်"

"နင်ဟာလေ...."

သူ့လက်မောင်းအသာကိုမနာအောင်ဆွဲညစ်လိုက်တောင် နာသလိုဟန်ဆောင်တဲ့သီရိမရယ်ပါ။ဒီလိုနဲ့ သီရိက နွယ်နှင့်အတူuniတက်ဖြစ်ခဲ့သည်။

#At 9:38Am
#Irena

Candy CrushWhere stories live. Discover now