သူသိတယ်။

ချိုက်မင်ထန်းရဲ့စိတ်ကိုနားလည်တယ်။

ဒီအဖြစ်အပျက်ကလည်း ချိုက်မင်ထန်းမပြောခင်ကတည်းက သူသိပြီးသားပါ။ဝတ္ထုဖတ်ထားတာကိုး။ချိုက်မင်ထန်းပြောသလို ဒီကလေးမမှားဘူး။ဒါပေမယ့်လည်း မမှားဘူးဆိုရင်တောင်အလုံးစုံလည်းမှန်မနေဘူးလေ။ဖြေရှင်းနည်းကမှားနေရုံလေးပါ။သူ့အိမ်ကကလေးဆိုတော့
သူပဲဆုံးမရလိမ့်မယ်။

အခုလည်းသူရှိလို့သာပေါ့ မဟုတ်ရင်မူလဇာတ်လမ်းထဲကလိုအချုပ်ခန်းထဲမှာနေရလိမ့်မယ်။

ဖြူစင်တယ်။အမှန်တရားကိုနှစ်သက်တယ်။မတရားတာကိုသဘောမကျဘူး။ချိုက်မင်ထန်းက
လူဖြောင့်စိတ်တိုဆိုတဲ့လူစားမျိူး။

ဒီလိုမျိုးသာဆက်သွားနေရင်ဝတ္ထုထဲလိုမျိုးကလေးကနာကျင်နေရလိမ့်မယ်။နည်းနည်းပါးပါးတော့ဆူအုံးမှဖြစ်မည်။

သူမရှိရင်ဘယ်လိုလုပ်မလဲ!!

"လောကကြီးမှာမကောင်းတဲ့လူတွေကိုအပြစ်ပေးဖို့ နိုင်ငံတော်ကချမှတ်ထားတဲ့တရားဥပဒေဆိုတာရှိတယ်။မင်းပါစရာမလိုဘူး"

"အဓမ္မလုပ်ဖို့ကြိုးစားနေပါတယ်ဆို အရင်မကူညီပဲကျွန်တော်ကတရားဥပဒေဆိုတာကြီးကိုပြေးတိုင်နေရဦးမှာလား"

ပိုင်ချင်းယွီစိတ်တိုချင်စပြုလာသည်။

ဒီကလေးက ဒီလောက်လက်ပေါက်ကပ်တာလား?

သူဘာလို့မသိခဲ့ရတာပါလိမ့်?

သူပြောချင်တာကကူညီပေါ့။ဒါပေမယ့်လည်း
လက်မလွန်ပဲဖြေရှင်းပြီးရဲခေါ်သင့်ကြောင်းပြောချင်တာလေ။ဒါကိုဒီကလေးက နားမလည်တာလား?သူ့ကိုတမင်ရစ်နေတာလားဆိုတာ သူမသိတော့ဘူး။

"ငါပြောတဲ့စကားမှာမကူညီရဘူးလို့မပါဘူး။ဒီလိုမျိုးတစ်ဖက်လူကိုအလွန်အမင်းမဆုံးမဖို့ပြောနေတာ!!မင်းကိုယ်မင်းလူစွမ်းကောင်းလို့ထင်နေတာလား?အခုတစ်ယောက်ကမင်းထက်အားနည်းလို့ မင်းလုပ်တာကိုခံလိုက်ရတာ!မင်းဒီလိုမျိုးပဲဆက်လူပ်နေပြီးတစ်ဖက်လူကမင်းထက်ခွန်အားရော
နောက်ခံအင်အားပါသာလွန်နေမယ့်သူဆိုရင် ဆေးရုံမှာလှဲနေရမယ့်သူကမင်းဖြစ်သွားလိမ့်မယ်"

I just wanna save you!!Please have mercy on me!!! Where stories live. Discover now