“ ချီယွမ် ချီချီ! ”
ရှချင်းယန်ဆံပင်တွေ ဖရိုဖရဲရှုပ်ပွနေ၏။ နှစ်ရက်လုံး ရေမချိုး သွားမတိုက်ရသဖြင့် စကားပြောလိုက်တာနဲ့ အနံ့ဆိုးတွေ ထွက်လာသည်။

လုချီယွမ်နဲ့ လုချီက ရွံလို့ ချက်ချင်း နောက်ဆုတ်သွား၏။ ဒါကို သတိမမူမိတဲ့ ရှချင်းယန်က လုချီယွမ်ကို ဖက်ပြီး စတင်ငိုကြွေးတော့သည်။
“ ချီယွမ် ရှင်သိရဲ့လား ကျွန်မလေ အဲ့ဒီမှာ အရမ်းအနိုင်ကျင့်နှိပ်စက်ခံခဲ့ရတာပဲ.. သက်သေမရှိဘဲနဲ့ တူညီတဲ့မေးခွန်းကို ဖန်တစ်ရာထပ်အောင် မေးတယ် .. မျက်လုံးတွေကိုတောင် မီးနဲ့ ထိုးထားခဲ့တာ.. အိပ်စက်ခွင့် မပေး .. ရေလည်းမတိုက်နဲ့ နေ့နေ့ညည တူညီတဲ့မေးခွန်းတွေချည်းမေးတာ .. ကျွန်မ ရူးတော့မလို့ .. ”

ထိုအကြောင်းများကြောင့် ရဲစခန်းဆိုင်းဘုတ်နှင့် ဝင်ပေါက်ကို မြင်တိုင်း ရှချင်းယန် ကြောက်ကြောက်လန့်လန့်ဖြင့် အသားတွေတုန်သည်။

ဒါပေမဲ့ သူမစကား တစ်ခွန်းတစ်ပါဒမျှ လုချီယွမ် နားထဲမရောက်။ နှစ်ရက်ထိန်းသိမ်းခံရပြီးနောက် အသက်ရှူသံတွေ ဆိုးရွားလာသလို ဆံပင်တွေ ဆီတဝင်းဝင်း စိုကပ်လျက် နံဟောင်နေသော ရှချင်းယန်။

လုချီယွမ် မနှစ်မြို့စိတ်ကို ကွယ်ဝှက်လိုက်ရ၏။  “ ကားထဲအရင်ဝင်လိုက်ပါ .. အိမ်ရောက်မှစကားပြောကြမယ် ”

လမ်းလျှောက်ရင်း တငိုငိုတရီရီဖြစ်နေသော ရှချင်းယန်ကို လုချီက တွဲကူသည်။

ကားထဲဝင်မယ်ပြင်တော့ ဘယ်ကမှန်းမသိတဲ့ သတင်းထောက်တစ်အုပ်ကြီးရောက်ချလာတာ ဝံပုလွေအုပ်ကြီးအတိုင်း..

လုချီနဲ့ ရှချင်းယန် ဓာတ်ပုံတွေကို သည်းကြီးမည်းကြီး ရိုက်ယူကြလေသည်။

“ လုချီ ရဲစခန်းကိုလာတာ တစ်ညပေးအိပ်ပြီး အနာပေးလိုက်တဲ့ ကိစ္စကြောင့်လား ”

“ ရှချင်းယန် ခင်ဗျား သူခိုးတစ်ယောက်ကို သူတစ်ပါးအိမ် ဝင်ဓားပြတိုက်ဖို့ စေခိုင်းလိုက်တယ်နော် .. ဘာလို့ အဲ့ဒီလို လုပ်ခဲ့တာလဲ ”

“ တစ်ခုခုပြောပါ လုချီ! အင်တာနက်လောကသားတွေအားလုံးက မင်းကို အနုပညာလောကကနေ နုတ်ထွက်ခိုင်းဖို့ လိုက်ရှာနေကြတယ်.. မင်းဘယ်လိုဆုံးဖြတ်ထားလဲ ”

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now